Spots news

မန်ယူကိုကျော်ပြီး ချဲလ်ဆီးကို ပြောင်းဖို့ရွေးခဲ့တာလို့ ဖွင့်ဟခဲ့တဲ့ မာလို ဂတ်စ်တို

Unicode

မန်ယူကိုကျော်ပြီး ချဲလ်ဆီးကို ပြောင်းဖို့ရွေးခဲ့တာလို့ ဖွင့်ဟခဲ့တဲ့ မာလို ဂတ်စ်တို

လိုင်ယွန်ကနေ ချဲလ်ဆီးအသင်းဆီကို ပြောင်းရွှေ့ခဲ့တဲ့ လူငယ် ညာနောက်ခံလူ ဂတ်စ်တိုက ချဲလ်ဆီးဟာ အရမ်းကြီးမားတဲ့ ကလပ်အသင်းဖြစ်ပြီး ခြင်္သေ့ပြာတို့ရဲ့ ပရောဂျက်တွေကို သဘောကျတာကြောင့် မန်ယူကိုကျော်ပြီး ချဲလ်ဆီးကိုပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖွင့်ဟလိုက်တာပါ။ လက်ရှိမှာ အသက် ၁၉ နှစ်အရွယ်တာ ရှိသေးတဲ့ လူငယ်ကစားသမားလေးဟာ ချဲလ်ဆီးကို ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့ကမှ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီကုန်ဆုံးချိန်ထိတော့ လိုင်ယွန်မှာပဲ အငှားဆက်ကစားသွားမှာပါ။ ချဲလ်ဆီးကို မပြောင်းရွှေ့သေးခင်က ဒီလူငယ် ကစားသမားလေးကို ဥရောပ အသင်းကြီး တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့်ပဲ ချဲလ်ဆီးက လက်ဦးမှုရယူကာ ဇန်နဝါရီ အပြောင်းအရွှေ့အတွင်းမှာပဲ ခေါ်ယူလိုက်တာပါ။ ချဲလ်ဆီးကို မရောက်ခင် မန်ယူဟာလည်း ဂတ်စ်တိုကို

ခေါ်ယူနိုင်ဖို့ သူ့ရဲ့ ကိုယ်စားလှယ်တွေထံ ဆက်သွယ်ခဲ့သေးတာပါ။ မန်ယူဟာ အာရွန်ဝမ် ဘစ်ဆာကာနေရာကို အစားထိုးဖို့ ဂတ်စ်တိုကို စိတ်ဝင်စားခဲ့တာဖြစ်ကာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဥ်ထားတာ ​ဖြစ်ပါတယ်။ ဒါပေမယ့် ခုတော့ ဂတ်စ်တိုဟာ ချဲလ်ဆီးဆီကို ရောက်ရှိခဲ့ပြီဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ ပရောဂျက်တွေက သူ့ကို ဒီလိုဆုံးဖြတ်ဖို့ ဆွဲဆောင်ခဲ့တာလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

” ကျွန်တော် ချဲလ်ဆီးကိုပဲ ရွေးချယ်ခဲ့ပါတယ်၊ ဘာ​ဖြစ်လို့လဲဆိုတော့ ဒီအသင်းက အရမ်းကြီးမားတဲ့ ကလပ်အသင်း တစ်ခုဖြစ်သလို သူတို့ရဲ့ ရှေ့ဆက်သွားမယ့် ပရောဂျက်တွေကို ကျွန်တော် အရမ်းသဘောကျလို့ပါပဲ။ ကျွန်တော် လန်ဒန်မြို့ကိုလည်း ကြိုက်ပါတယ်၊ ဒါကြောင့် ကျွန်တော် ဒီကို ပြောင်းရွှေ့လာနိုင်ခဲ့တာကို အရမ်းပဲ ပျော်ရွှင်မိပါတယ် “လို့ ဂတ်စ်တိုက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

 

ချဲလ်ဆီးဟာ ဒီအပြောင်းအရွှေ့အတွင်းမှာ ပေါင်သန်း ၂၀၀ နဲ့ ပြီးခဲ့တဲ့ နွေရာသီတုန်းက ပေါင်သန်း ၃၀၀ ထိ သုံးစွဲထားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးရဲ့ ငွေကြေးသုံးစွဲမှုက ရပ်တန့်အုံးမှာမဟုတ်ပဲ လက်ရှိ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက် မရောက်ခင်မှာ ဘင်ဖီကာက ပေါင်သန်း ၁၀၀ ကျော် စျေးခေါ်ထားတဲ့ အန်ဇိုဖာနန်ဒက်ကို ခေါ်ယူဖို့ ထပ်မံကြိုးစားနေပါတယ်။

Zawgyi

မန္ယူကိုေက်ာ္ၿပီး ခ်ဲလ္ဆီးကို ေျပာင္းဖို႔ေ႐ြးခဲ့တာလို႔ ဂတ္စ္တိုဖြင့္ဟ

လိုင္ယြန္ကေန ခ်ဲလ္ဆီးအသင္းဆီကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ လူငယ္ ညာေနာက္ခံလူ ဂတ္စ္တိုက ခ်ဲလ္ဆီးဟာ အရမ္းႀကီးမားတဲ့ ကလပ္အသင္းျဖစ္ၿပီး ျခေသၤ့ျပာတို႔ရဲ႕ ပေရာဂ်က္ေတြကို သေဘာက်တာေၾကာင့္ မန္ယူကိုေက်ာ္ၿပီး ခ်ဲလ္ဆီးကိုပဲ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာလို႔ ဖြင့္ဟလိုက္တာပါ။ လက္ရွိမွာ အသက္ ၁၉ ႏွစ္အ႐ြယ္တာ ရွိေသးတဲ့ လူငယ္ကစားသမားေလးဟာ ခ်ဲလ္ဆီးကို ၿပီးခဲ့တဲ့အပတ္ တနဂၤေႏြေန႕ကမွ ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီရာသီကုန္ဆုံးခ်ိန္ထိေတာ့ လိုင္ယြန္မွာပဲ အငွားဆက္ကစားသြားမွာပါ။ ခ်ဲလ္ဆီးကို မေျပာင္းေ႐ႊ႕ေသးခင္က ဒီလူငယ္ ကစားသမားေလးကို ဥေရာပ အသင္းႀကီး ေတာ္ေတာ္မ်ားမ်ားက ေခၚယူဖို႔ စိတ္ဝင္စားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ခ်ဲလ္ဆီးက လက္ဦးမႈရယူကာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕အတြင္းမွာပဲ ေခၚယူလိုက္တာပါ။ ခ်ဲလ္ဆီးကို မေရာက္ခင္ မန္ယူဟာလည္း ဂတ္စ္တိုကို

ေခၚယူနိုင္ဖို႔ သူ႕ရဲ႕ ကိုယ္စားလွယ္ေတြထံ ဆက္သြယ္ခဲ့ေသးတာပါ။ မန္ယူဟာ အာ႐ြန္ဝမ္ ဘစ္ဆာကာေနရာကို အစားထိုးဖို႔ ဂတ္စ္တိုကို စိတ္ဝင္စားခဲ့တာျဖစ္ကာ လာမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေခၚယူဖို႔ စီစဥ္ထားတာ ​ျဖစ္ပါတယ္။ ဒါေပမယ့္ ခုေတာ့ ဂတ္စ္တိုဟာ ခ်ဲလ္ဆီးဆီကို ေရာက္ရွိခဲ့ၿပီျဖစ္ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ ပေရာဂ်က္ေတြက သူ႕ကို ဒီလိုဆုံးျဖတ္ဖို႔ ဆြဲေဆာင္ခဲ့တာလို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

” ကြၽန္ေတာ္ ခ်ဲလ္ဆီးကိုပဲ ေ႐ြးခ်ယ္ခဲ့ပါတယ္၊ ဘာ​ျဖစ္လို႔လဲဆိုေတာ့ ဒီအသင္းက အရမ္းႀကီးမားတဲ့ ကလပ္အသင္း တစ္ခုျဖစ္သလို သူတို႔ရဲ႕ ေရွ႕ဆက္သြားမယ့္ ပေရာဂ်က္ေတြကို ကြၽန္ေတာ္ အရမ္းသေဘာက်လိဳ႕ပါပဲ။ ကြၽန္ေတာ္ လန္ဒန္ၿမိဳ႕ကိုလည္း ႀကိဳက္ပါတယ္၊ ဒါေၾကာင့္ ကြၽန္ေတာ္ ဒီကို ေျပာင္းေ႐ႊ႕လာနိုင္ခဲ့တာကို အရမ္းပဲ ေပ်ာ္႐ႊင္မိပါတယ္ “လို႔ ဂတ္စ္တိုက ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ဒီအေျပာင္းအေ႐ႊ႕အတြင္းမွာ ေပါင္သန္း ၂၀၀ နဲ႕ ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက ေပါင္သန္း ၃၀၀ ထိ သုံးစြဲထားခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးရဲ႕ ေငြေၾကးသုံးစြဲမႈက ရပ္တန့္အုံးမွာမဟုတ္ပဲ လက္ရွိ အေျပာင္းအေ႐ႊ႕ရဲ႕ ေနာက္ဆုံးရက္ မေရာက္ခင္မွာ ဘင္ဖီကာက ေပါင္သန္း ၁၀၀ ေက်ာ္ ေစ်းေခၚထားတဲ့ အန္ဇိုဖာနန္ဒက္ကို ေခၚယူဖို႔ ထပ္မံႀကိဳးစားေနပါတယ္။