Unicode
ကိုင်စီဒိုကိုမရလို့ ဂျော်ဂျင်ဟိုကို ခေါ်တော့မယ့် အာဆင်နယ်
အာဆင်နယ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ ကွင်းလယ်လူတစ်ဦးကို မဖြစ်မနေ ခေါ်ယူဖို့ ရှိနေပါတယ်။ ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကိုခေါ်ဖို့ မဖြစ်နိုင်ခဲ့ရင် ချဲလ်ဆီးက ဂျော်ဂျင်ဟိုကို ထပ်မံကြိုးစားတော့မှာပါ။ ချဲလ်ဆီးဘက်ကလည်း အာဆင်နယ်ရဲ့ စိတ်ဝင်စားမှု ခံရပြီးနောက်မှာ ဂျော်ဂျင်ဟိုကို ရောင်းထုတ်ဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ကွင်းလယ်လူ ကိုင်စီဒိုအတွက် ပေါင်သန်း ၆၀၊ ပေါင်သန်း ၇၀ တို့နဲ့ နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် ဘရိုက်တန်ရဲ့ ပယ်ချခြင်းခံခဲ့ရတာပါ။ ဒါပေမယ့် အာတီတာအတွက် ကွင်းလယ်လူတစ်ဦး ထပ်မံခေါ်ယူပေးဖို့ ရှိနေတဲ့ အာဆင်နယ်ဟာ ကိုင်စီဒိုကို မရခဲ့ရင်တောင် ဂျော်ဂျင်ဟိုအတွက် ကြိုးစားသွားအုံးမှာပါ။ အီတလီလက်ရွေးစင် ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီးအတွက် ပွဲပေါင်း ၂၀၀ ကျော်အထိ ကစားပေးခဲ့ပြီး
ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို ဆုခူးနိုင်ခဲ့ပါတယ်။ ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီးရဲ့ အဓိက ကွင်းလယ်လူတစ်ဦးအဖြစ် ရှိနေခဲ့ပေမယ့် အသက် ၃၁ နှစ်အရွယ် ရောက်လာချိန်မှာတော့ ကလပ်ဘက်က စာချုပ်သက်တမ်း ထပ်မံသက်တမ်းတိုးဖို့ တွန့်ဆုတ်နေတာပါ။ ဂျော်ဂျင်ဟိုနဲ့ ချဲလ်ဆီးရဲ့ စာချုပ်သက်တမ်းက လာမယ့် နွေရာသီမှာ ကုန်ဆုံးတော့မှာပါ။
Daily Mail ရဲ့ ဖော်ပြချက်အရတော့ ချဲလ်ဆီးအနေနဲ့ ဂျော်ဂျင်ဟိုကို ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာစေဖို့ထက် ဒီအပြောင်းအရွှေ့အတွင်းမှာပဲ ရောင်းထုတ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အတွက် ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ အခွင့်အရေး ပိုမိုရရှိလာစေမယ့် နောက်တစ်ချက်ကတော့ ချဲလ်ဆီးနဲ့ အန်ဇို ဖာနန်ဒက်တို့ရဲ့ အပြောင်းအရွှေ့ပါပဲ။ ချဲလ်ဆီးဟာ ကမ္ဘာ့ဖလားဆုရှင် လူငယ်လေးအတွက်
ပရီးမီးယားလိဂ်သမိုင်းမှာ အမြင့်မားဆုံး ပြောင်းရွှေ့ကြေးဖြစ်လာမယ့် ပေါင် ၁၁၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်နေပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့နောက်ဆုံးရက် Deadline-Day ကို ရောက်ရှိလာတာကြောင့် အပြောင်းအရွှေ့သတင်းတွေကို ခပ်စိပ်စိပ် မြင်တွေ့လာရတော့မှာပါ။ ချဲလ်ဆီးနဲ့ အန်ဇို၊ အာဆင်နယ်နဲ့ ဂျော်ဂျင်ဟိုတို့ရဲ့ အပြောင်းအရွှေ့တွေရော ဘယ်လိုအဆုံးသတ်မလဲ စိတ်ဝင်စားစရာပါ။
Zawgyi
ကိုင္စီဒိုကိုမရလို႔ ေဂ်ာ္ဂ်င္ဟိုကို ေခၚေတာ့မယ့္ အာဆင္နယ္
အာဆင္နယ္ဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ရဲ႕ ေနာက္ဆုံးရက္မွာ ကြင္းလယ္လူတစ္ဦးကို မျဖစ္မေန ေခၚယူဖို႔ ရွိေနပါတယ္။ ဘရိုက္တန္ကြင္းလယ္လူ ကိုင္စီဒိုကိုေခၚဖို႔ မျဖစ္နိုင္ခဲ့ရင္ ခ်ဲလ္ဆီးက ေဂ်ာ္ဂ်င္ဟိုကို ထပ္မံႀကိဳးစားေတာ့မွာပါ။ ခ်ဲလ္ဆီးဘက္ကလည္း အာဆင္နယ္ရဲ႕ စိတ္ဝင္စားမႈ ခံရၿပီးေနာက္မွာ ေဂ်ာ္ဂ်င္ဟိုကို ေရာင္းထုတ္ဖို႔ လမ္းဖြင့္ထားတယ္လို႔ သိရပါတယ္။
အာဆင္နယ္ဟာ ကြင္းလယ္လူ ကိုင္စီဒိုအတြက္ ေပါင္သန္း ၆၀၊ ေပါင္သန္း ၇၀ တို႔နဲ႕ ႏွစ္ႀကိမ္တိုင္တိုင္ ကမ္းလွမ္းခဲ့ေပမယ့္ ဘရိုက္တန္ရဲ႕ ပယ္ခ်ျခင္းခံခဲ့ရတာပါ။ ဒါေပမယ့္ အာတီတာအတြက္ ကြင္းလယ္လူတစ္ဦး ထပ္မံေခၚယူေပးဖို႔ ရွိေနတဲ့ အာဆင္နယ္ဟာ ကိုင္စီဒိုကို မရခဲ့ရင္ေတာင္ ေဂ်ာ္ဂ်င္ဟိုအတြက္ ႀကိဳးစားသြားအုံးမွာပါ။ အီတလီလက္ေ႐ြးစင္ ေဂ်ာ္ဂ်င္ဟိုဟာ ခ်ဲလ္ဆီးအတြက္ ပြဲေပါင္း ၂၀၀ ေက်ာ္အထိ ကစားေပးခဲ့ၿပီး
ခ်န္ပီယံလိဂ္နဲ႕ ယူရိုပါလိဂ္တို႔ကို ဆုခူးနိုင္ခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟိုဟာ ခ်ဲလ္ဆီးရဲ႕ အဓိက ကြင္းလယ္လူတစ္ဦးအျဖစ္ ရွိေနခဲ့ေပမယ့္ အသက္ ၃၁ ႏွစ္အ႐ြယ္ ေရာက္လာခ်ိန္မွာေတာ့ ကလပ္ဘက္က စာခ်ဳပ္သက္တမ္း ထပ္မံသက္တမ္းတိုးဖို႔ တြန့္ဆုတ္ေနတာပါ။ ေဂ်ာ္ဂ်င္ဟိုနဲ႕ ခ်ဲလ္ဆီးရဲ႕ စာခ်ဳပ္သက္တမ္းက လာမယ့္ ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာပါ။
Daily Mail ရဲ႕ ေဖာ္ျပခ်က္အရေတာ့ ခ်ဲလ္ဆီးအေနနဲ႕ ေဂ်ာ္ဂ်င္ဟိုကို ရာသီကုန္မွာ အလြတ္နဲ႕ ထြက္ခြာေစဖို႔ထက္ ဒီအေျပာင္းအေ႐ႊ႕အတြင္းမွာပဲ ေရာင္းထုတ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ အာဆင္နယ္အတြက္ ေဂ်ာ္ဂ်င္ဟိုကို ေခၚယူဖို႔ အခြင့္အေရး ပိုမိုရရွိလာေစမယ့္ ေနာက္တစ္ခ်က္ကေတာ့ ခ်ဲလ္ဆီးနဲ႕ အန္ဇို ဖာနန္ဒက္တို႔ရဲ႕ အေျပာင္းအေ႐ႊ႕ပါပဲ။ ခ်ဲလ္ဆီးဟာ ကမာၻ႔ဖလားဆုရွင္ လူငယ္ေလးအတြက္
ပရီးမီးယားလိဂ္သမိုင္းမွာ အျမင့္မားဆုံး ေျပာင္းေ႐ႊ႕ေၾကးျဖစ္လာမယ့္ ေပါင္ ၁၁၅ သန္းနဲ႕ ကမ္းလွမ္းမႈ ျပဳလုပ္ေနပါတယ္။ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္ Deadline-Day ကို ေရာက္ရွိလာတာေၾကာင့္ အေျပာင္းအေ႐ႊ႕သတင္းေတြကို ခပ္စိပ္စိပ္ ျမင္ေတြ႕လာရေတာ့မွာပါ။ ခ်ဲလ္ဆီးနဲ႕ အန္ဇို၊ အာဆင္နယ္နဲ႕ ေဂ်ာ္ဂ်င္ဟိုတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ေတြေရာ ဘယ္လိုအဆုံးသတ္မလဲ စိတ္ဝင္စားစရာပါ။