Spots news

ဟာလန်းကောင်းပေမယ့် မက်ဆီကိုတော့ မမှီနိုင်ဘူးဆိုတဲ့ အဂွဲရိုး

Unicode

ဟာလန်းကောင်းပေမယ့် မက်ဆီကိုတော့ မမှီနိုင်ဘူးဆိုတဲ့ အဂွဲရိုး

ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့လာပြီးနောက် လျင်လျင်မြန်မြန် အထိုင်ကျပြီး ခြေစွမ်းပြ ဂိုးမြူးနေတဲ့ ဟာလန်းဟာ အသင်းအောင်မြင်မှုရဖို့ မက်ဆီလို တစ်ဦးတည်း စွမ်းဆောင်ပေးနိုင်သူ မဟုတ်ကြောင်း အသင်းဖော်တွေကို မှီခိုရသူဖြစ်ကြောင်း မန်စီးတီး တိုက်စစ်မှူးဟောင်း အဂွဲရိုးက ဖွင့်ဟလာတာပါ။

ဟာလန်းဟာ လက်ရှိ ဘောလုံးရာသီအတွင်း အထူးခြေစွမ်းပြနေပြီး ရာသီဝက်သာ ရှိသေးပေမယ့် ပရီးမီးယားလိဂ် သွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပမာဏဟာ မနှစ်က လိဂ်ရွှေဖိနပ်ဆုကို ပူးတွဲရယူနိုင်ခဲ့တဲ့ ဆာလက်၊ ဆွန်ဟွာမင်တို့ရဲ့ သွင်းဂိုး ၂၃ ဂိုးစီထက် ပိုမိုများပြားနေတာပါ။ ဒါ့အပြင် ဝုဗ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဟက်ထရစ်ထပ်ရခဲ့တဲ့ ဟာလန်းဟာ မန်စီးတီးမှာ ဟက်ထရစ် ၄ ကြိမ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။

ဒီမှတ်တမ်းကြောင့် မန်စီးတီးဂန္ထဝင် တိုက်စစ်မှူးအဂွဲရိုးရဲ့ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့တာပါ။ ဟာလန်းက ဒီလိုခြေစွမ်းမျိုးတွေ ပြသနေပေမယ့် မန်စီးတီးကတော့ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ရဲ့ ၅ မှတ်ဖြတ် ဦးဆောင်ခြင်းကို ခံထားရပါတယ်။ ဒါ့အပြင် ဆင်ပျံကြီးတို့ထက်လည်း တစ်ပွဲ ပိုကစားထားတာပါ။

ဒီနှစ်မှာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားရဖို့ ဟာလန်းက စွမ်းဆောင်ပေးနိုင်မလားလို့ မေးမြန်းခံရချိန်မှာ အဂွဲရိုးက “စောင့်ကြည့်ရပါဦးမယ်။ နောက်ထပ်ပွဲတွေအများကြီးကစားဖို့ရှိနေပါတယ်။ ဟာလန်းကတော့ စံချိန်တွေချိုးနိုင်ပါလိမ့်မယ်။ မန်စီးတီးဖလားရရေးအတွက် အဓိကနေရာကနေ ကစားမှာပါ။

မက်ဆီကလွဲလို့ ဆုဖလားတွေရဖို့ တစ်ဦးတည်းခြေစွမ်းနဲ့ စွမ်းဆောင်ပေးနိုင်တဲ့ ကစားသမား တစ်ဦးမှ မရှိပါဘူး။ အသင်းအပေါ်မှာပဲ မူတည်တာပါ။ မန်စီးတီးမှာ ဝန်ထမ်းကောင်းတွေအပါအဝင် ကောင်းမွန်တဲ့ ဖွဲ့စည်းမှုတစ်ခုရှိပါတယ်။ မန်စီးတီးက အမှတ်ပေးချန်ပီယံဆုအတွက် နောက်ဆုံးအကြိမ်အထိ တိုက်ပွဲဝင်သွားမှာပါ”လို့ အဂွဲရိုးက ပြောဆိုသွားခဲ့တာပါ။

Zawgyi

ဟာလန္းေကာင္းေပမယ့္ မက္ဆီကိုေတာ့ မမွီနိုင္ဘူး-အဂြဲရိုး

ေဒါ့မြန္ကေန မန္စီးတီးကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ လ်င္လ်င္ျမန္ျမန္ အထိုင္က်ၿပီး ေျခစြမ္းျပ ဂိုးျမဴးေနတဲ့ ဟာလန္းဟာ အသင္းေအာင္ျမင္မႈရဖို႔ မက္ဆီလို တစ္ဦးတည္း စြမ္းေဆာင္ေပးနိုင္သူ မဟုတ္ေၾကာင္း အသင္းေဖာ္ေတြကို မွီခိုရသူျဖစ္ေၾကာင္း မန္စီးတီး တိုက္စစ္မႉးေဟာင္း အဂြဲရိုးက ဖြင့္ဟလာတာပါ။

ဟာလန္းဟာ လက္ရွိ ေဘာလုံးရာသီအတြင္း အထူးေျခစြမ္းျပေနၿပီး ရာသီဝက္သာ ရွိေသးေပမယ့္ ပရီးမီးယားလိဂ္ သြင္းဂိုး ၂၅ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒီပမာဏဟာ မႏွစ္က လိဂ္ေ႐ႊဖိနပ္ဆုကို ပူးတြဲရယူနိုင္ခဲ့တဲ့ ဆာလက္၊ ဆြန္ဟြာမင္တို႔ရဲ႕ သြင္းဂိုး ၂၃ ဂိုးစီထက္ ပိုမိုမ်ားျပားေနတာပါ။ ဒါ့အျပင္ ဝုဗ္ကို ၃-၀ ဂိုးနဲ႕ အနိုင္ရတဲ့ပြဲမွာ ဟက္ထရစ္ထပ္ရခဲ့တဲ့ ဟာလန္းဟာ မန္စီးတီးမွာ ဟက္ထရစ္ ၄ ႀကိမ္ရရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့ပါၿပီ။

ဒီမွတ္တမ္းေၾကာင့္ မန္စီးတီးဂႏၳဝင္ တိုက္စစ္မႉးအဂြဲရိုးရဲ႕ စံခ်ိန္ကိုလည္း ေက်ာ္ျဖတ္နိုင္ခဲ့တာပါ။ ဟာလန္းက ဒီလိုေျခစြမ္းမ်ိဳးေတြ ျပသေနေပမယ့္ မန္စီးတီးကေတာ့ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ရဲ႕ ၅ မွတ္ျဖတ္ ဦးေဆာင္ျခင္းကို ခံထားရပါတယ္။ ဒါ့အျပင္ ဆင္ပ်ံႀကီးတို႔ထက္လည္း တစ္ပြဲ ပိုကစားထားတာပါ။

ဒီႏွစ္မွာ မန္စီးတီးအသင္း ပရီးမီးယားလိဂ္ဖလားရဖို႔ ဟာလန္းက စြမ္းေဆာင္ေပးနိုင္မလားလို႔ ေမးျမန္းခံရခ်ိန္မွာ အဂြဲရိုးက “ေစာင့္ၾကည့္ရပါဦးမယ္။ ေနာက္ထပ္ပြဲေတြအမ်ားႀကီးကစားဖို႔ရွိေနပါတယ္။ ဟာလန္းကေတာ့ စံခ်ိန္ေတြခ်ိဳးနိုင္ပါလိမ့္မယ္။ မန္စီးတီးဖလားရေရးအတြက္ အဓိကေနရာကေန ကစားမွာပါ။

မက္ဆီကလြဲလို႔ ဆုဖလားေတြရဖို႔ တစ္ဦးတည္းေျခစြမ္းနဲ႕ စြမ္းေဆာင္ေပးနိုင္တဲ့ ကစားသမား တစ္ဦးမွ မရွိပါဘူး။ အသင္းအေပၚမွာပဲ မူတည္တာပါ။ မန္စီးတီးမွာ ဝန္ထမ္းေကာင္းေတြအပါအဝင္ ေကာင္းမြန္တဲ့ ဖြဲ႕စည္းမႈတစ္ခုရွိပါတယ္။ မန္စီးတီးက အမွတ္ေပးခ်န္ပီယံဆုအတြက္ ေနာက္ဆုံးအႀကိမ္အထိ တိုက္ပြဲဝင္သြားမွာပါ”လို႔ အဂြဲရိုးက ေျပာဆိုသြားခဲ့တာပါ။