Unicode
အငှားနဲ့ကမ်းလှမ်းလာတဲ့ အင်တာကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တဲ့ မက်ဂွိုင်းယား
မန်ချက်စတာ ယူနိုက်ုက်တက်အသင်းရဲ့ အသင်းအသင်းရဲ့ အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်း ဟယ်ရီမက်ဂွိုင်းရီမက်ဂွိုင်းမက်ဂွိုင်းဂွိုင်းင်းယားဟာ အင်တာမီလန်ရဲ့ ချဥ်းကပ်ခဲ့မှုကို လက်ခံရရှိခဲ့ပါတယ်။ ဒါပေမယ့် Daily Star ရဲ့အဆိုအရ မက်ဂွိုင်းယားဟာ အင်တာမီလန်ရဲ့ အငှားနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့ အဓိက ခံစစ်မှူးအဖြစ် အရေးပါခဲ့တဲ့ မက်ဂွိုင်းယားဟာ နည်းပြအဲရစ်တန်ဟတ်ရဲ့ မန်ယူအသင်းမှာတော့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာပါ။ ဒါကြောင့် ရီးဒင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဥ်အပြီးမှာ အရန်ခုံမှာပဲ မထိုင်ချင်ကြောင်း မက်ဂွိုင်းယားက ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။
အဲ့နောက် မကြာခင်မှာတော့ အီတလီ စီးရီးအေရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ အင်တာမီလန်က မက်ဂွိုင်းယားကို သူတို့အသင်းထံ ခေါ်ယူဖို့ ချဥ်းကပ်ခဲ့တာပါ။ ဒါပေမယ့် အင်တာမီလန်ဟာ မက်ဂွိုင်းယားကို အပြီးသတ် ခေါ်ယူတာမျိုး မဟုတ်ပဲ အငှားသဘောနဲ့သာ ကမ်းလှမ်းခဲ့တာပါ။ မက်ဂွိုင်းယားကတော့ လက်ရှိ အပြောင်းအရွှေ့မှာ
သူ့ရဲ့အနာဂတ်ကို အလျင်စလို မဆုံးဖြတ်သေးပဲ အပြီးသတ် ပြောင်းရွှေ့ခွင့်ရမယ့် အသင်းကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ဒီ အပြောင်းအရွှေ့မှာ အဲလို မပြောင်းရွှေ့နိုင်ခဲ့ရင် မန်ယူမှာပဲ ဆက်နေပြီး လာမယ့် နွေစျေးကွက်ရောက်မှသာ သူ့အနာဂတ်ကို ဆုံးဖြတ်ဖို့ မက်ဂွိုင်းယားက ဆန္ဒရှိနေပါတယ်။
လက်ကျန် ရာသီဝက်မှာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ယုံကြည်မှု ပြန်ရပြီး ပွဲထွက်ခွင့်တွေ ပြန်ရခဲ့ရင် အသင်းမပြောင်းတော့တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူ့ကို မယုံမကြည်နဲ့ အငှားသဘောသာ ကမ်းလှမ်းခဲ့တဲ့ အင်တာမီလန်ကို မက်ဂွိုင်းယားက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တာပဲ ဖြစ်ပါတယ်။
Zawgyi
အငွားနဲ႕ကမ္းလွမ္းလာတဲ့ အင္တာကို ျပတ္ျပတ္သားသား ျငင္းဆန္ခဲ့တဲ့ မက္ဂြိုင္းယား
မန္ခ်က္စတာ ယူနိုက္ုက္တက္အသင္းရဲ႕ အသင္းအသင္းရဲ႕ အသင္းရဲ႕ အသင္းေခါင္းေဆာင္ ဟယ္ရီမက္ဂြိုင္း ဟယ္ရီမက္ဂြိုင္းရီမက္ဂြိုင္းမက္ဂြိုင္းဂြိုင္းင္းယားဟာ အင္တာမီလန္ရဲ႕ ခ်ဥ္းကပ္ခဲ့မႈကို လက္ခံရရွိခဲ့ပါတယ္။ ဒါေပမယ့္ Daily Star ရဲ႕အဆိုအရ မက္ဂြိုင္းယားဟာ အင္တာမီလန္ရဲ႕ အငွားနဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
၂၀၂၂ ကမာၻ႔ဖလားမွာ အဂၤလန္ရဲ႕ အဓိက ခံစစ္မႉးအျဖစ္ အေရးပါခဲ့တဲ့ မက္ဂြိုင္းယားဟာ နည္းျပအဲရစ္တန္ဟတ္ရဲ႕ မန္ယူအသင္းမွာေတာ့ ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရတာပါ။ ဒါေၾကာင့္ ရီးဒင္းကို ၃-၀ ဂိုးနဲ႕ အနိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္အၿပီးမွာ အရန္ခုံမွာပဲ မထိုင္ခ်င္ေၾကာင္း မက္ဂြိုင္းယားက ထုတ္ေဖာ္ေျပာၾကားခဲ့ပါေသးတယ္။
အဲ့ေနာက္ မၾကာခင္မွာေတာ့ အီတလီ စီးရီးေအရဲ႕ အင္အားႀကီး အသင္းတစ္သင္းျဖစ္တဲ့ အင္တာမီလန္က မက္ဂြိုင္းယားကို သူတို႔အသင္းထံ ေခၚယူဖို႔ ခ်ဥ္းကပ္ခဲ့တာပါ။ ဒါေပမယ့္ အင္တာမီလန္ဟာ မက္ဂြိုင္းယားကို အၿပီးသတ္ ေခၚယူတာမ်ိဳး မဟုတ္ပဲ အငွားသေဘာနဲ႕သာ ကမ္းလွမ္းခဲ့တာပါ။ မက္ဂြိုင္းယားကေတာ့ လက္ရွိ အေျပာင္းအေ႐ႊ႕မွာ
သူ႕ရဲ႕အနာဂတ္ကို အလ်င္စလို မဆုံးျဖတ္ေသးပဲ အၿပီးသတ္ ေျပာင္းေ႐ႊ႕ခြင့္ရမယ့္ အသင္းကိုသာ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ထားခဲ့ပါတယ္။ ဒီ အေျပာင္းအေ႐ႊ႕မွာ အဲလို မေျပာင္းေ႐ႊ႕နိုင္ခဲ့ရင္ မန္ယူမွာပဲ ဆက္ေနၿပီး လာမယ့္ ေႏြေစ်းကြက္ေရာက္မွသာ သူ႕အနာဂတ္ကို ဆုံးျဖတ္ဖို႔ မက္ဂြိုင္းယားက ဆႏၵရွိေနပါတယ္။
လက္က်န္ ရာသီဝက္မွာ နည္းျပ အဲရစ္တန္ဟတ္ရဲ႕ ယုံၾကည္မႈ ျပန္ရၿပီး ပြဲထြက္ခြင့္ေတြ ျပန္ရခဲ့ရင္ အသင္းမေျပာင္းေတာ့တာမ်ိဳးလည္း ျဖစ္လာနိုင္ပါတယ္။ ဒါေၾကာင့္ သူ႕ကို မယုံမၾကည္နဲ႕ အငွားသေဘာသာ ကမ္းလွမ္းခဲ့တဲ့ အင္တာမီလန္ကို မက္ဂြိုင္းယားက ျပတ္ျပတ္သားသား ျငင္းဆန္ခဲ့တာပဲ ျဖစ္ပါတယ္။