Spots news

Deadline Dayမှာ ဘာစီလိုနာစတား ရာဖင်ဟာကို အံ့အားသင့်ဖွယ် ချိတ်ဆက်နေတဲ့ မန်ယူ

Unicode

Deadline Dayမှာ ဘာစီလိုနာစတား ရာဖင်ဟာကို အံ့အားသင့်ဖွယ် ချိတ်ဆက်နေတဲ့ မန်ယူ

Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် အင်အားကြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘာစီလိုနဲ့ ဘရာဇီးစတား ရာဖင်ဟာကိုခေါ်ယူဖို့ အံ့အားသင့်ဖွယ် တဟုန်ထိုး ကြိုးစားနေပြီလို့ သိရပါတယ်။ ဘန်လေ တိုက်စစ်မှူး Wout Weghorst ကို အငှားခေါ်ယူပြီးနောက် လက်ရှိအပြောင်းအရွှေ့မှာ တိတ်ဆိတ်နေခဲ့တဲ့ မန်ယူဟာ Deadline-Day မှာတော့ ပြန်လည်လှုပ်ရှားလာတာပါ။

လက်ရှိ အသင်းရဲ့လူအင်အားကို ဖြည့်တင်းဖို့ ခုလိုကြိုးစားလာခဲ့တာ ဖြစ်ပေမယ့် မန်ယူအတွက် လှုပ်ရှားဖို့ နာရီအနည်းငယ်သာ အချိန်ရတော့တာပါ။ ဒါပေမယ့် ယခုအချိန်မှာ သရဲနီတို့ နည်းပြတန်ဟတ်အတွက် အမှန်တကယ် ခေါ်ယူပေးဖို့ လုပ်ဆောင်နေတဲ့ ကစားသမားတစ်ဦးကို ပြပါဆိုရင်တော့ ရာဖင်ဟာပါပဲ။ ပြီးခဲ့တဲ့ နွေရာသီက လိဒ်ယူနိုက်တက်အသင်းကနေ ဘာစီလိုနာထံကို

ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ရာဖင်ဟာ ဟာ နည်းပြဇာဗီရဲ့ လက်အောက်မှာ နေရာရဖို့ ရုန်းကန်နေရပါတယ်။ ဒါကြောင့် ဘာစီလိုနာအနေနဲ့လည်း ခြေစွမ်းမပြနိုင်သေးတဲ့ ရာဖင်ဟာအတွက် စိတ်ဝင်စားမှုတွေကို လက်ခံစဥ်းစားဖို့ ရှိနေပါတယ်။ သူတို့အသင်းကတော့ ကွင်းလယ်ပိုင်းကိုအားဖြည့်ဖို့ မန်စီးတီးစတား ဂန်ဒိုဂမ်ကိုခေါ်ယူနိုင်ရေး ကြိုးစားလုပ်ဆောင်နေပါတယ်။

တစ်ဖက်မှာတော့ ဂန်ဒိုဂမ်ကို ခေါ်ယူနိုင်ရေးအတွက် ရာဖင်ဟာကို အငှားနဲ့ဖြစ်စေ လက်လွှတ်လိုက်ဖို့ ဘာစီလိုနာတို့ စီစဥ်နေတာပါ။ အသက် ၂၆ နှစ်အရွယ် တောင်ပံကစားသမား ရာဖင်ဟာ ဟာ ယခုဘောလုံးရာသီအတွင်း ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲ ပါဝင်ကစားခဲ့ကာ ၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ၇ ဂိုး ဖန်တီးပေးထားနိုင်သူပါ။

ဒါ့အပြင် ရာဖင်ဟာ ဟာ ညာတောင်ပံ ကစားသမားဖြစ်ပြီး လက်ရှိ မန်ယူမှာ ရှိနေတဲ့ အန်တိုနီက အဲဒိနေရာမှာ ထင်သလောက် ခြေစွမ်းမပြနိုင်တာကြောင့် ခုလို ရာဖင်ဟာကို ချိတ်ဆက်လာတာလည်း ဖြစ်နိုင်ပါတယ်။ ရာဖင်ဟာတစ်ယောက် မန်ယူကို အမှန်တကယ်ပဲ ရောက်လာမလား၊ ရောက်လာရင်လည်း ခြေစွမ်ပြနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရတော့မှာပါ..။

Zawgyi

Deadline Dayမွာ ဘာစီလိုနာစတား ရာဖင္ဟာကို အံ့အားသင့္ဖြယ္ ခ်ိတ္ဆက္ေနတဲ့ မန္ယူ

Mirror သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ပရီးမီးယားလိဂ္ အင္အားႀကီး မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ ဘာစီလိုနဲ႕ ဘရာဇီးစတား ရာဖင္ဟာကိုေခၚယူဖို႔ အံ့အားသင့္ဖြယ္ တဟုန္ထိုး ႀကိဳးစားေနၿပီလို႔ သိရပါတယ္။ ဘန္ေလ တိုက္စစ္မႉး Wout Weghorst ကို အငွားေခၚယူၿပီးေနာက္ လက္ရွိအေျပာင္းအေ႐ႊ႕မွာ တိတ္ဆိတ္ေနခဲ့တဲ့ မန္ယူဟာ Deadline-Day မွာေတာ့ ျပန္လည္လႈပ္ရွားလာတာပါ။

လက္ရွိ အသင္းရဲ႕လူအင္အားကို ျဖည့္တင္းဖို႔ ခုလိုႀကိဳးစားလာခဲ့တာ ျဖစ္ေပမယ့္ မန္ယူအတြက္ လႈပ္ရွားဖို႔ နာရီအနည္းငယ္သာ အခ်ိန္ရေတာ့တာပါ။ ဒါေပမယ့္ ယခုအခ်ိန္မွာ သရဲနီတို႔ နည္းျပတန္ဟတ္အတြက္ အမွန္တကယ္ ေခၚယူေပးဖို႔ လုပ္ေဆာင္ေနတဲ့ ကစားသမားတစ္ဦးကို ျပပါဆိုရင္ေတာ့ ရာဖင္ဟာပါပဲ။ ၿပီးခဲ့တဲ့ ေႏြရာသီက လိဒ္ယူနိုက္တက္အသင္းကေန ဘာစီလိုနာထံကို

ေပါင္ ၅၅ သန္းနဲ႕ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ရာဖင္ဟာ ဟာ နည္းျပဇာဗီရဲ႕ လက္ေအာက္မွာ ေနရာရဖို႔ ႐ုန္းကန္ေနရပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာအေနနဲ႕လည္း ေျခစြမ္းမျပနိုင္ေသးတဲ့ ရာဖင္ဟာအတြက္ စိတ္ဝင္စားမႈေတြကို လက္ခံစဥ္းစားဖို႔ ရွိေနပါတယ္။ သူတို႔အသင္းကေတာ့ ကြင္းလယ္ပိုင္းကိုအားျဖည့္ဖို႔ မန္စီးတီးစတား ဂန္ဒိုဂမ္ကိုေခၚယူနိုင္ေရး ႀကိဳးစားလုပ္ေဆာင္ေနပါတယ္။

တစ္ဖက္မွာေတာ့ ဂန္ဒိုဂမ္ကို ေခၚယူနိုင္ေရးအတြက္ ရာဖင္ဟာကို အငွားနဲ႕ျဖစ္ေစ လက္လႊတ္လိုက္ဖို႔ ဘာစီလိုနာတို႔ စီစဥ္ေနတာပါ။ အသက္ ၂၆ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမား ရာဖင္ဟာ ဟာ ယခုေဘာလုံးရာသီအတြင္း ဘာစီလိုနာအတြက္ ၿပိဳင္ပြဲစုံ ၂၇ ပြဲ ပါဝင္ကစားခဲ့ကာ ၄ ဂိုးသြင္းယူနိုင္ခဲ့ၿပီး၊ ၇ ဂိုး ဖန္တီးေပးထားနိုင္သူပါ။

ဒါ့အျပင္ ရာဖင္ဟာ ဟာ ညာေတာင္ပံ ကစားသမားျဖစ္ၿပီး လက္ရွိ မန္ယူမွာ ရွိေနတဲ့ အန္တိုနီက အဲဒိေနရာမွာ ထင္သေလာက္ ေျခစြမ္းမျပနိုင္တာေၾကာင့္ ခုလို ရာဖင္ဟာကို ခ်ိတ္ဆက္လာတာလည္း ျဖစ္နိုင္ပါတယ္။ ရာဖင္ဟာတစ္ေယာက္ မန္ယူကို အမွန္တကယ္ပဲ ေရာက္လာမလား၊ ေရာက္လာရင္လည္း ေျခစြမ္ျပနိုင္မလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာပါ..။