Unicode
ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားတဲ့ ကန်ဆယ်လိုရဲ့ ရင်တွင်းစကားသံအချို့
ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးနောက်ခံလူ ဂျာအို ကန်ဆယ်လိုကို အငှားစာချုပ်+ ယူရိုသန်း ၇၀ နဲ့ အပြီးသတ်ခေါ်ယူခွင့် စတဲ့အချက်အလက်တွေနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါပြီ။ ကန်ဆယ်လိုဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ကျောနံပါတ် ၂၂ ကို ဝတ်ဆင်သွားမှာပါ။ ဘိုင်ယန်ကို ပြောင်းရွှေ့နိုင်ခဲ့မှုနဲ့ ပတ်သက်လို့ ဂျာအို ကန်ဆယ်လိုက ” ဘိုင်ယန်မြူးနစ်က ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ၊
ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ ပြီးတော့ ဒီကလပ်ရှိ ထူးခြားတဲ့ ကစားသမားတွေနဲ့ အတူရှိနေရတော့မှာ ဖြစ်တာကြောင့် ကျွန်တော့်အတွက် ကြီးမားတဲ့ တွန်းအားတွေ ဖြစ်ပေါ်စေပါတယ်။ ကျွန်တော် ဒီအသင်းအကြောင်း ကောင်းကောင်းသိပါတယ်၊ ဒီအသင်းက ဆုဖလားတွေ ရယူဖို့ ရှိနေတာလေ၊ ပြီးတော့ နှစ်တိုင်းလည်း ဆုဖလားတွေ ဆုခူးနေတဲ့ အသင်းပါ။
ဒါကြောင့် ကျွန်တော့်ကို အောင်မြင်မှုတွေရယူဖို့ရာ ဆာလောင်မွတ်သိပ်မှုကို ဖြစ်ပေါ်စေပါတယ်။ ကျွန်တော် ဘိုင်ယန်မြူးနစ်အတွက် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ “လို့ ဝမ်းသာပီတိစကား ပြောကြားသွားခဲ့ပါတယ်။ ဘိုင်ယန် အားကစားဒါရိုက်တာ Hasan Salihamidžićကလည်း
” ဂျာအို ကန်ဆယ်လိုတစ်ယောက် FC Bayern အတွက် ချက်ချင်းကစားပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ အခု သူ့ကို အငှားခေါ်ယူခဲ့တာပါ၊ လာမယ့် နွေရာသီရောက်ရင်တော့ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါတယ်။
ကန်ဆယ်လိုမှာရှိနေတဲ့ အရည်အသွေးတွေက ကျွန်တော်တို့အသင်းရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပါတယ်။ သူ့ရဲ့ တိုက်စစ်လိုက်ပါ ကစားဟန်နဲ့ သွက်လက်ချက်ခြာမှုတွေက ကျွန်တော်တို့အသင်းရဲ့ စနစ်နဲ့ အံဝင်ခွင်ကျပါပဲ။ သူ့ရဲ့စိတ်ဓာတ်နဲ့ အတွေ့အကြုံကိုလည်း ကျွန်တော်တို့ အရမ်းသဘောကျပါတယ်။ “လို့ ပြောဆိုသွားခဲ့ပါတယ်။
Zawgyi
ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕သြားတဲ့ ကန္ဆယ္လိုရဲ႕ ရင္တြင္းစကားသံအခ်ိဳ႕
ဘိုင္ယန္ျမဴးနစ္အသင္းဟာ မန္စီးတီးေနာက္ခံလူ ဂ်ာအို ကန္ဆယ္လိုကို အငွားစာခ်ဳပ္+ ယူရိုသန္း ၇၀ နဲ႕ အၿပီးသတ္ေခၚယူခြင့္ စတဲ့အခ်က္အလက္ေတြနဲ႕ ေခၚယူနိုင္ခဲ့ၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာသြားခဲ့ပါၿပီ။ ကန္ဆယ္လိုဟာ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ေက်ာနံပါတ္ ၂၂ ကို ဝတ္ဆင္သြားမွာပါ။ ဘိုင္ယန္ကို ေျပာင္းေ႐ႊ႕နိုင္ခဲ့မႈနဲ႕ ပတ္သက္လို႔ ဂ်ာအို ကန္ဆယ္လိုက ” ဘိုင္ယန္ျမဴးနစ္က ႀကီးက်ယ္ခမ္းနားတဲ့ အသင္းတစ္သင္းပါ၊
ကမာၻ႔အေကာင္းဆုံး အသင္းေတြထဲက တစ္သင္းလည္း ျဖစ္ပါတယ္။ ၿပီးေတာ့ ဒီကလပ္ရွိ ထူးျခားတဲ့ ကစားသမားေတြနဲ႕ အတူရွိေနရေတာ့မွာ ျဖစ္တာေၾကာင့္ ကြၽန္ေတာ့္အတြက္ ႀကီးမားတဲ့ တြန္းအားေတြ ျဖစ္ေပၚေစပါတယ္။ ကြၽန္ေတာ္ ဒီအသင္းအေၾကာင္း ေကာင္းေကာင္းသိပါတယ္၊ ဒီအသင္းက ဆုဖလားေတြ ရယူဖို႔ ရွိေနတာေလ၊ ၿပီးေတာ့ ႏွစ္တိုင္းလည္း ဆုဖလားေတြ ဆုခူးေနတဲ့ အသင္းပါ။
ဒါေၾကာင့္ ကြၽန္ေတာ့္ကို ေအာင္ျမင္မႈေတြရယူဖို႔ရာ ဆာေလာင္မြတ္သိပ္မႈကို ျဖစ္ေပၚေစပါတယ္။ ကြၽန္ေတာ္ ဘိုင္ယန္ျမဴးနစ္အတြက္ အေကာင္းဆုံး လုပ္ေဆာင္သြားမွာပါ။ “လို႔ ဝမ္းသာပီတိစကား ေျပာၾကားသြားခဲ့ပါတယ္။ ဘိုင္ယန္ အားကစားဒါရိုက္တာ Hasan Salihamidžićကလည္း
” ဂ်ာအို ကန္ဆယ္လိုတစ္ေယာက္ FC Bayern အတြက္ ခ်က္ခ်င္းကစားေပးနိုင္ေတာ့မွာ ျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ အရမ္းကို ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္တို႔ အခု သူ႕ကို အငွားေခၚယူခဲ့တာပါ၊ လာမယ့္ ေႏြရာသီေရာက္ရင္ေတာ့ အၿပီးသတ္ေခၚယူနိုင္ဖို႔ ကြၽန္ေတာ္တို႔မွာ အခြင့္အေရး ရွိပါတယ္။ကန္ဆယ္လိုမွာရွိေနတဲ့ အရည္အေသြးေတြက ကြၽန္ေတာ္တို႔အသင္းရဲ႕ လိုအပ္ခ်က္ေတြနဲ႕ ကိုက္ညီပါတယ္။ သူ႕ရဲ႕ တိုက္စစ္လိုက္ပါ ကစားဟန္နဲ႕ သြက္လက္ခ်က္ျခာမႈေတြက ကြၽန္ေတာ္တို႔အသင္းရဲ႕ စနစ္နဲ႕ အံဝင္ခြင္က်ပါပဲ။ သူ႕ရဲ႕စိတ္ဓာတ္နဲ႕ အေတြ႕အႀကဳံကိုလည္း ကြၽန္ေတာ္တို႔ အရမ္းသေဘာက်ပါတယ္။ “လို႔ ေျပာဆိုသြားခဲ့ပါတယ္။