Spots news

ဘာစီလိုနာကို ဂါစီယာ ပြောင်းတော့မှာဖြစ်ကြောင်း ဂွာဒီယိုလာ အတည်ပြ

Unicode Version

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွာဒီယိုလာက အသင်းရဲ့ လူငယ်နောက်ခံလူ အဲရစ်ဂါစီယာဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာပြီး ဘာစီလိုနာအသင်းနဲ့ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဂါစီယာဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မျာဖြစ်ပြီး ယခုမတ်လအတွင်းမှာ ကျင်းပမယ့် ဘာစီလိုနာရဲ့ ဥက္ကဌသစ်ရွေးကောက်ပွဲပေါ် မူတည်ပြီး စိုးရိမ်စရာ အနည်းငယ်သာ ရှိပါတယ်။

ပက်ဂွာဒီယိုလာကတော့ ဂါစီယာက ဘာစီလိုနာကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး ဒါဟာ ကစားသမားအတွက်ရော စပိန်ကလပ်အတွက်ပါ ကောင်းမွန်တဲ့ အရာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ ကျွန်တော့်အတွက် အဲရစ်ဂါစီယာက သားတစ်ယောက်လိုပါပဲ။ ပြီးခဲ့တဲ့ရာသီက လော့ခ်ဒေါင်းကာလအပြီးမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး

ဗဟိုခံစစ်မှူးတစ်ယောက်ပါ။ အမှားတစ်ခုတောင် မလုပ်ခဲ့သလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း ကစားပေးနိုင်ခဲ့ပါတယ်။

 

သူက သာမန်ကစားသမား တစ်ယောက်မဟုတ်ပါဘူး၊ ထိပ်တန်းကစားသမားတစ်ယောက်ပါ၊ အဲ့ဒါကြောင့်လည်း ဘာစီလိုနာမျာ ကစားရတော့မှာပါ။ သူ့ကိုပြီးခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာ ရွေးချယ်လို့မရခဲ့တဲ့အတွက် ခံစားရပါတယ်။

ဒါက နည်းပြတိုင်းအတွက် ခက်ခဲတဲ့ အခြေအနေပါပဲ။ ဘယ်လိုခံစားရမလဲဆိုတာ စိတ်ကူးနဲ့တောင် မှန်းကြည့်လို့မရပါဘူး ” လို့ ပြောခဲ့ပါတယ်။