Unicode Version
လီဗာပူးအသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အလီဆင် ၊ ဂျိုတာ နဲ့ ဖာဘင်ဟိုတို့ဟာ ချဲလ်ဆီးနဲ့ပွဲအတွက် လေ့ကျင့်ခန်းဆင်းခဲ့ကြပါတယ်။ အလီဆင်ဟာ တနင်္ဂနွေနေ့က ရှက်ဖီးလ်ယူနိုက်တက်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ဖခင်ရဲ့ဈာပနကြောင့် လွဲချော်ခဲ့ပါတယ်။
ဂျိုတာဟာ ဒီဇင်ဘာလ ၉ ရက်နေ့က မစ်ဂျယ်လန်းအသင်းနဲ့ပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေပြန်လည် သက်သာလာခဲ့ပေမယ့် ရှက်ဖီးလ်နဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။
ဖာဘင်ဟိုကလည်း ပြီးခဲ့တဲ့အပတ်ကတည်းက လေ့ကျင့်ခန်းပြန်ဆင်းခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ကတော့ ဖာဘင်ဟိုဟာ ချဲလ်ဆီးနဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။
ကီတာ ၊ ဘန်ဒေးဗီးစ်တို့ကတော့ လက်ရှိအချိန်အထိ အနားယူနေရပါတယ်။ “အလီဆင် ၊ ဖာဘင်ဟို နဲ့ ဂျိုတာတို့ ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။ အားလုံးက လေ့ကျင့်ခန်းပြန်ဆင်းနေကြပါပြီ။ သေချာတဲ့အခြေအနေတစ်ခုရအောင် စောင့်ကြည့်သွားဦးမှာပါ”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။