Spots news

ဘယ်လောက်ခေါ်ခေါ် ဂိုးမရလို့ ရာဖေးလီအိုကိုပါ ချိတ်ဆက်လာတဲ့ ချဲလ်ဆီး

Unicode

ဘယ်လောက်ခေါ်ခေါ် ဂိုးမရလို့ ရာဖေးလီအိုကိုပါ ချိတ်ဆက်လာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ နောက်ဆုံးရ သတင်းတွေအရ အေစီမီလန်တိုက်စစ်မှူးလေး ရာဖေးလီအိုကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ အေစီမီလန်နဲ့ ရာဖေးလီအိုတို့ရဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေအဆင်မပြေ ဖြစ်နေတာကြောင့် ချဲလ်ဆီးဟာ ကစားသမားရဲ့ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့တာပါ။

ဒီနေရာမှာ အေစီမီလန်အတွက် အတားအဆီးတစ်ခု ဖြစ်နေတာက လီအိုကို ရောင်းချဖြစ်ခဲ့ပါက ၎င်းရဲ့ မိခင်ကလပ်ဖြစ်တဲ့ စပို့တင်းအသင်းကို ယူရို ၁၈ သန်း ပေးချေရဖို့ ရှိနေတာပါ။ အီတလီသတင်းထောက် လာစတမ်ပရဲ့ ဖော်ပြချက်အရတော့ ချဲလ်ဆီးအနေနဲ့ လာမယ့်နွေရာသီမှာ ရာဖေးလီအိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့မယ်ဆိုရင် အဆိုပါ ၁၈ သန်းကိုပါ

ပေးချေသွားရမယ်လို့ သိရပါတယ်။ အစောပိုင်းကတည်းက အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ လီအိုကို အေစီမီလန်ကတော့ ယူရိုသန်း ၁၅၀ ရမှ ရောင်းထုတ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ရာဖေးလီအိုဟာ လက်ရှိရာသီမှာ အေစီမီလန်အတွက် အထူးခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား တစ်ဦးဖြစ်ကာ အီတလီစီးရီးအေမှာ အေစီမီလန်တို့အတွက်

၈ ဂိုး သွင်းယူပေးထားကာ ၅ ဂိုး ဖန်တီးပေးထားပါတယ်။ ဒါကြောင့် စီးရီးအေမှာ သူ့ရဲ့သွင်းဂိုးပါဝင် ပတ်သက်မှုက ၁၃ ဂိုး ထိရှိနေတာပါ။ လီအိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာလည်း ပေါ်တူဂီအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့သူပါ။ လက်ရှိမှာ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ လီအိုဟာ တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားသူဖြစ်ကာ

သူ့ရဲ့စျေးကွက်တန်ကြေးကလည်း သန်း ၈၀ ကျော်ထိ တန်ဖိုးရှိနေတာပါ။ မူဒရစ်၊ ဖိုဖာနာတို့လို တိုက်စစ်မှူးတွေကို ခေါ်ယူထားပေမယ့် တိုက်စစ်အစွမ်း မပြနိုင်သေးတဲ့ ချဲလ်ဆီးဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာလည်း ထပ်မံလှုပ်ရှားလာဖို့ ရှိနေပြီး ရာဖေးလီအိုဟာလည်း သူတို့ရဲ့ အဝယ်စာရင်းမှာ ပါဝင်နေတာပါ။

Zawgyi

ဘယ္ေလာက္ေခၚေခၚ ဂိုးမရလို႔ ရာေဖးလီအိုကိုပါ ခ်ိတ္ဆက္လာတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာ ေနာက္ဆုံးရ သတင္းေတြအရ ေအစီမီလန္တိုက္စစ္မႉးေလး ရာေဖးလီအိုကိုပါ ေခၚယူဖို႔ စိတ္ဝင္စားလာတယ္လို႔ သိရပါတယ္။ ေအစီမီလန္နဲ႕ ရာေဖးလီအိုတို႔ရဲ႕ စာခ်ဳပ္သစ္ကိစၥေဆြးေႏြးမႈေတြအဆင္မေျပ ျဖစ္ေနတာေၾကာင့္ ခ်ဲလ္ဆီးဟာ ကစားသမားရဲ႕ တာဝန္ရွိသူေတြနဲ႕ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္လာခဲ့တာပါ။

ဒီေနရာမွာ ေအစီမီလန္အတြက္ အတားအဆီးတစ္ခု ျဖစ္ေနတာက လီအိုကို ေရာင္းခ်ျဖစ္ခဲ့ပါက ၎ရဲ႕ မိခင္ကလပ္ျဖစ္တဲ့ စပို႔တင္းအသင္းကို ယူရို ၁၈ သန္း ေပးေခ်ရဖို႔ ရွိေနတာပါ။ အီတလီသတင္းေထာက္ လာစတမ္ပရဲ႕ ေဖာ္ျပခ်က္အရေတာ့ ခ်ဲလ္ဆီးအေနနဲ႕ လာမယ့္ေႏြရာသီမွာ ရာေဖးလီအိုကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့မယ္ဆိုရင္ အဆိုပါ ၁၈ သန္းကိုပါ

ေပးေခ်သြားရမယ္လို႔ သိရပါတယ္။ အေစာပိုင္းကတည္းက အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားျခင္းခံေနရတဲ့ လီအိုကို ေအစီမီလန္ကေတာ့ ယူရိုသန္း ၁၅၀ ရမွ ေရာင္းထုတ္သြားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။ ရာေဖးလီအိုဟာ လက္ရွိရာသီမွာ ေအစီမီလန္အတြက္ အထူးေျခစြမ္းျပေနတဲ့ ေတာင္ပံကစားသမား တစ္ဦးျဖစ္ကာ အီတလီစီးရီးေအမွာ ေအစီမီလန္တို႔အတြက္

၈ ဂိုး သြင္းယူေပးထားကာ ၅ ဂိုး ဖန္တီးေပးထားပါတယ္။ ဒါေၾကာင့္ စီးရီးေအမွာ သူ႕ရဲ႕သြင္းဂိုးပါဝင္ ပတ္သက္မႈက ၁၃ ဂိုး ထိရွိေနတာပါ။ လီအိုဟာ ၂၀၂၂ ကမာၻ႔ဖလားမွာလည္း ေပၚတူဂီအတြက္ ေျခစြမ္းျပနိုင္ခဲ့ၿပီး သြင္းဂိုး ၂ ဂိုး ရယူနိုင္ခဲ့သူပါ။ လက္ရွိမွာ အသက္ ၂၃ ႏွစ္သာ ရွိေသးတဲ့ လီအိုဟာ ေတာက္ပတဲ့အနာဂတ္ကို ပိုင္ဆိုင္ထားသူျဖစ္ကာသူ႕ရဲ႕ေစ်းကြက္တန္ေၾကးကလည္း သန္း ၈၀ ေက်ာ္ထိ တန္ဖိုးရွိေနတာပါ။ မူဒရစ္၊ ဖိုဖာနာတို႔လို တိုက္စစ္မႉးေတြကို ေခၚယူထားေပမယ့္ တိုက္စစ္အစြမ္း မျပနိုင္ေသးတဲ့ ခ်ဲလ္ဆီးဟာ လာမယ့္ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာလည္း ထပ္မံလႈပ္ရွားလာဖို႔ ရွိေနၿပီး ရာေဖးလီအိုဟာလည္း သူတို႔ရဲ႕ အဝယ္စာရင္းမွာ ပါဝင္ေနတာပါ။