Spots news

ဖာဂူဆန်ဟာ လီဗာပူးရဲ့ရလဒ်ကိုကြည့်ပြီး ပြုံးရယ်ခဲ့တာလို့ ပရိတ်သတ်တွေထင်ကြေးပေး

Unicode

ဖာဂူဆန်ဟာ လီဗာပူးရဲ့ရလဒ်ကိုကြည့်ပြီး ပြုံးရယ်ခဲ့တာလို့ ပရိတ်သတ်တွေထင်ကြေးပေး

မနေ့က ယှဥ်​ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဥ်ဟာ ခက်ခဲတဲ့ ပွဲစဥ်တစ်ပွဲဖြစ်ခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်၊ ရက်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အိမ်ကွင်း ၁၃ ပွဲဆက်အနိုင်ဆိုတဲ့ မှတ်တမ်းကို ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ နောက်ဆုံးမိနစ် ၂၀ အတွင်းမှာတော့ ကတ်ဆီမဲရိုးတစ်ယောက် ပဲ့လေ့စ်ကွင်းလယ်လူ Will Hughes ကို နှစ်ဖက်ဖြစ်ခဲ့တဲ့ ရန်ပွဲအတွင်း လည်ပင်းညှစ်သလို ဖြစ်သွားတာကြောင့် တိုက်ရိုက်အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

ကတ်ဆီမဲရိုး ထုတ်ပယ်ခံရပြီး ၅ မိနစ်အကြာမှာတော့ ပဲလေ့စ်ရဲ့ ချေပသွင်းဂိုးတစ်ဂိုးကို သရဲနီတို့ ချက်ချင်းပဲ ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ၁၀ ယောက်ဖြစ်သွားတဲ့ အဲရစ် တန်ဟတ်ရဲ့ မန်ယူအသင်းသားတွေဟာ နောက်ဆုံးမိနစ်တွေအတွင်း သရေဖြစ်သွားစေမယ့် နောက်ထပ်ချေပဂိုး ပြန်မပေးရဖို့ အထူးကြိုးစားခဲ့ရတာပါ။ ဒီပွဲစဥ်အကြောင်း ပြောရရင် ဒီမှာတင် အဆုံးသတ်လို့ရပေမယ့် ပွဲပြီးခါနီး ဆာအဲလက်စ်ရဲ့ ဖာဂူဆန်ရဲ့ အမူအယာတစ်ခုကြောင့် ပြောစရာလေးတွေ ထပ်ရှိလာပြန်တာပါ။

ဖာဂူဆန်ဟာ စနေနေ့ပွဲစဥ်ကို ၎င်းရဲ့ခင်မင်လှတဲ့ သူငယ်ချင်းဖြစ်သလို မန်ယူရဲ့ အမာခံပရိတ်သတ်လည်းဖြစ်တဲ့ သရုပ်ဆောင်ဟောင်း ဂျင်မီ နက်စ်ဘစ်ထ်နဲ့အတူ အိုးထရပ်ဖို့ဒ်ကို လာရောက်ကြည့်ရှု့အားပေးခဲ့တာပါ။ ဒီပွဲပြီးခါနီးလို့ အချိန်ပိုမိနစ် ရောက်လာချိန်မှာတော့ ကင်မရာသမားတွေက ဖာဂူဆန်နဲ့ ဂျင်မီ နက်စ်ဘစ်ထ်တို့ရှိရာ ပွဲကြည့်စင်ဆီကို အကြိမ်ကြိမ်ရိုက်ပြခဲ့ကာ ၈၁ နှစ်ရွယ် အဘိုးအိုက သူ့ဖုန်းကို ကြည့်ပြီး ပြုံးနေတာကို မြင်တွေ့ခဲ့ရတာပါ။

မန်ယူကို နှစ်ပေါင်း ၂၆ နှစ်လောက်ထိ ကိုင်တွယ်ပေးခဲ့တဲ့ စကော့တလန်သားကြီးဟာ သူ့သူငယ်ချင်း ဂျင်မီကိုပါ ဖုန်းကိုပြသပြီး အတူရယ်မောခဲ့ကြတာပါ။ ဒီမြင်ကွင်းကို မြင်တွေ့ခဲ့ကြတဲ့ မန်ယူပရိတ်သတ်တွေကတော့ ပွဲအပြီးမှာ သူတို့ရဲ့အမြင်တွေကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ ပရိတ်သတ်တစ်ဦးကတော့ ” ဖာဂူဆန်က လီဗာပူးရှုံးနေတာကို သူ့ဖုန်းကနေကြည့်ပြီး ပြုံးနေတာဗျ “လို့ မှတ်ချက်ပေးခဲ့ပြီး တခြားတစ်ယောက်ကတော့ ” ဆာအဲလက်စ်က လီဗာပူးရှုံးတာကိုကြည့်ပြီး ရယ်နေတာပါ၊

သူတို့က အရင်ပွဲပြီးသွားတာလေ ” တတိယတစ်ယောက်ကတော့ ” သူက မန်ယူနဲ့ ပဲလေ့စ်ပွဲကို ကြည့်နေရင်း လီဗာပူးရဲ့ ရလဒ်ကိုကြည့်ပြီး ရယ်သွားတာဖြစ်မယ် “လို့ မှတ်ချက်ပြုခဲ့တာပါ။ မန်ယူနဲ့ လီဗာပူးအသင်းတို့ဆိုတာ မဟာပြိုင်ဘက်တွေဖြစ်ခဲ့ကြပြီး ဒီရာသီမှာတော့ ကလော့ရဲ့ လီဗာပူးက ပုံစံကောင်းတွေ ပျောက်ဆုံးနေပြီး မန်ယူကတော့ တန်ဟတ်လက်ထပ်မှာ လမ်းကြောင်းမှန်ပေါ် ပြန်လျှောက်နေနိုင်ပြီလို့ ပြောလို့ရပါတယ်။

မနေ့ညကလည်း မန်ယူက တစ်ယောက်လျော့ခဲ့ပေမယ့် ပဲလေ့စ်ကို အနိုင်ယူနိုင်ခဲ့ကာ လီဗာပူးကတော့ ဝုဗ်ကို ၃ ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရတာပါ။

Zawgyi

ဖာဂူဆန္တစ္ေယာက္ လီဗာပူးရဲ႕ရလဒ္ကိုၾကည့္ ၿပဳံးရယ္ခဲ့တာလို႔ ပရိတ္သတ္ေတြထင္ေၾကးေပး

မေန႕က ယွဥ္​ၿပိဳင္ကစားခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္နဲ႕ ပြဲစဥ္ဟာ ခက္ခဲတဲ့ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့ေပမယ့္ ဘ႐ူနို ဖာနန္ဒက္၊ ရက္ဖို႔ဒ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႕ အနိုင္ရခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အိမ္ကြင္း ၁၃ ပြဲဆက္အနိုင္ဆိုတဲ့ မွတ္တမ္းကို ရယူနိုင္ခဲ့ပါတယ္။ ဒီပြဲရဲ႕ ေနာက္ဆုံးမိနစ္ ၂၀ အတြင္းမွာေတာ့ ကတ္ဆီမဲရိုးတစ္ေယာက္ ပဲ့ေလ့စ္ကြင္းလယ္လူ Will Hughes ကို ႏွစ္ဖက္ျဖစ္ခဲ့တဲ့ ရန္ပြဲအတြင္း လည္ပင္းညွစ္သလို ျဖစ္သြားတာေၾကာင့္ တိုက္ရိုက္အနီကဒ္ျပ ထုတ္ပယ္ခံခဲ့ရပါတယ္။

ကတ္ဆီမဲရိုး ထုတ္ပယ္ခံရၿပီး ၅ မိနစ္အၾကာမွာေတာ့ ပဲေလ့စ္ရဲ႕ ေခ်ပသြင္းဂိုးတစ္ဂိုးကို သရဲနီတို႔ ခ်က္ခ်င္းပဲ ျပန္လည္ခြင့္ျပဳခဲ့ရပါတယ္။ ၁၀ ေယာက္ျဖစ္သြားတဲ့ အဲရစ္ တန္ဟတ္ရဲ႕ မန္ယူအသင္းသားေတြဟာ ေနာက္ဆုံးမိနစ္ေတြအတြင္း သေရျဖစ္သြားေစမယ့္ ေနာက္ထပ္ေခ်ပဂိုး ျပန္မေပးရဖို႔ အထူးႀကိဳးစားခဲ့ရတာပါ။ ဒီပြဲစဥ္အေၾကာင္း ေျပာရရင္ ဒီမွာတင္ အဆုံးသတ္လို႔ရေပမယ့္ ပြဲၿပီးခါနီး ဆာအဲလက္စ္ရဲ႕ ဖာဂူဆန္ရဲ႕ အမူအယာတစ္ခုေၾကာင့္ ေျပာစရာေလးေတြ ထပ္ရွိလာျပန္တာပါ။

ဖာဂူဆန္ဟာ စေနေန႕ပြဲစဥ္ကို ၎ရဲ႕ခင္မင္လွတဲ့ သူငယ္ခ်င္းျဖစ္သလို မန္ယူရဲ႕ အမာခံပရိတ္သတ္လည္းျဖစ္တဲ့ သ႐ုပ္ေဆာင္ေဟာင္း ဂ်င္မီ နက္စ္ဘစ္ထ္နဲ႕အတူ အိုးထရပ္ဖို႔ဒ္ကို လာေရာက္ၾကည့္ရႈ႕အားေပးခဲ့တာပါ။ ဒီပြဲၿပီးခါနီးလို႔ အခ်ိန္ပိုမိနစ္ ေရာက္လာခ်ိန္မွာေတာ့ ကင္မရာသမားေတြက ဖာဂူဆန္နဲ႕ ဂ်င္မီ နက္စ္ဘစ္ထ္တို႔ရွိရာ ပြဲၾကည့္စင္ဆီကို အႀကိမ္ႀကိမ္ရိုက္ျပခဲ့ကာ ၈၁ ႏွစ္႐ြယ္ အဘိုးအိုက သူ႕ဖုန္းကို ၾကည့္ၿပီး ၿပဳံးေနတာကို ျမင္ေတြ႕ခဲ့ရတာပါ။

မန္ယူကို ႏွစ္ေပါင္း ၂၆ ႏွစ္ေလာက္ထိ ကိုင္တြယ္ေပးခဲ့တဲ့ စေကာ့တလန္သားႀကီးဟာ သူ႕သူငယ္ခ်င္း ဂ်င္မီကိုပါ ဖုန္းကိုျပသၿပီး အတူရယ္ေမာခဲ့ၾကတာပါ။ ဒီျမင္ကြင္းကို ျမင္ေတြ႕ခဲ့ၾကတဲ့ မန္ယူပရိတ္သတ္ေတြကေတာ့ ပြဲအၿပီးမွာ သူတို႔ရဲ႕အျမင္ေတြကို ျပန္လည္မွ်ေဝခဲ့ၾကပါတယ္။ ပရိတ္သတ္တစ္ဦးကေတာ့ ” ဖာဂူဆန္က လီဗာပူးရႈံးေနတာကို သူ႕ဖုန္းကေနၾကည့္ၿပီး ၿပဳံးေနတာဗ် “လို႔ မွတ္ခ်က္ေပးခဲ့ၿပီး တျခားတစ္ေယာက္ကေတာ့ ” ဆာအဲလက္စ္က လီဗာပူးရႈံးတာကိုၾကည့္ၿပီး ရယ္ေနတာပါ၊

သူတို႔က အရင္ပြဲၿပီးသြားတာေလ ” တတိယတစ္ေယာက္ကေတာ့ ” သူက မန္ယူနဲ႕ ပဲေလ့စ္ပြဲကို ၾကည့္ေနရင္း လီဗာပူးရဲ႕ ရလဒ္ကိုၾကည့္ၿပီး ရယ္သြားတာျဖစ္မယ္ “လို႔ မွတ္ခ်က္ျပဳခဲ့တာပါ။ မန္ယူနဲ႕ လီဗာပူးအသင္းတို႔ဆိုတာ မဟာၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကၿပီး ဒီရာသီမွာေတာ့ ကေလာ့ရဲ႕ လီဗာပူးက ပုံစံေကာင္းေတြ ေပ်ာက္ဆုံးေနၿပီး မန္ယူကေတာ့ တန္ဟတ္လက္ထပ္မွာ လမ္းေၾကာင္းမွန္ေပၚ ျပန္ေလွ်ာက္ေနနိုင္ၿပီလို႔ ေျပာလို႔ရပါတယ္။

မေန႕ညကလည္း မန္ယူက တစ္ေယာက္ေလ်ာ့ခဲ့ေပမယ့္ ပဲေလ့စ္ကို အနိုင္ယူနိုင္ခဲ့ကာ လီဗာပူးကေတာ့ ဝုဗ္ကို ၃ ဂိုးျပတ္နဲ႕ အရႈံးေပးခဲ့ရတာပါ။