Spots news

စံချိန်သစ်ရှင်ဟယ်ရီကိန်းကို အီတလီကနေ ချက်ချင်းဖုန်းဆက် ဂုဏ်ပြုခဲ့တဲ့နည်း​ပြကွန်တီ

Unicode

စံချိန်သစ်ရှင်ဟယ်ရီကိန်းကို အီတလီကနေ ချက်ချင်းဖုန်းဆက် ဂုဏ်ပြုခဲ့တဲ့နည်း​ပြကွန်တီ

စပါးနည်းပြ အန်တိုနီယို ကွန်တီဟာ မန်စီးတီးကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာ အသင်းအတွက် တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးကို သွင်းယူကာ စပါးအသင်း သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ဂုဏ်ပြုဖို့အတွက် ပွဲပြီးပြီးချင်းမှာပဲ အီတလီကနေ ဖုန်းဆက်ခဲ့တယ်လို့ သိရပါတယ်။ ကွန်တီဟာ သည်းခြေအိတ်ရောဂါကြောင့် အီတလီကိုပြန်ပြီး ခွဲစိပ်ကုသမှု ခံယူနေရသူပါ။

ဒါကြောင့် မန်စီးတီးနဲ့ပွဲကို ကွင်းဘေးကနေ မညွှန်ကြားနိုင်ခဲ့ပဲ လက်ထောက်နည်းပြ စတယ်လီနီကပဲ တာဝန်ယူကြည့်ကြပ်ခဲ့တာပါ။ ပထမပိုင်း ၁၅ မိနစ်မှာပဲ Hojbjergရဲ့ ချပေးမှုကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ စပါးဂန္ထဝင် တိုက်စစ်မှူး ဂျင်မီဂရေ့ဗ်ရဲ့ (၂၆၆)ဂိုး ဆိုတဲ့ သွင်းဂိုးစံချိန်ကို ကျော်လွန်ပြီး (၂၆၇) ဂိုးနဲ့အတူ စပါးရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာတာပါ။

ပွဲအပြီးမှာတော့ တော့တင်ဟမ် ဟော့စပါးအသင်းဟာ ဟယ်ရီကိန်းရဲ့ ဒီအောင်မြင်မှုအတွက် အသင်းဖော်တွေနဲ့ ပရိတ်သတ်တွေ ရှေ့မှောက်မှာပဲ အင်တာဗျူးတစ်ခု ပြုလုပ်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။ အဲ့ဒိနောက်မှာတော့ စပါးနည်းပြ ကွန်တီကလည်း အဝေးမှာ ရောက်နေပေမယ့် ဟယ်ရီကိန်းကို ချက်ချင်းပဲ ဖုန်းဆက် ဂုဏ်ပြုပေးခဲ့ပါတယ်။ စပါးအသင်း အဝတ်လဲခန်းထဲက ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရ ကိန်းဟာ ကွန်တီဆီက ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။

ဒီဗီဒီယိုဖိုင်မှာ ဟယ်ရီကိန်းက ခွဲစိပ်ကုသမှုနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ကွန်တီက သူနေကောင်းတယ်လို့ အတည်ပြုခဲ့ပြီး ” မင်းက ငါ့ကို ဂုဏ်ယူရအောင် စွမ်းဆောင်ပေးခဲ့ပြီ ” လို့ ကိန်းထံ ဂုဏ်ပြု ပြောဆိုခဲ့တာကိုလည်း မြင်တွေ့ခဲ့ရတာပါ။ မနေ့ညက သွင်းဂိုးကြောင့် အင်္ဂလန်လက်ရွေးစင် ဟယ်ရီကိန်းဟာ စပါးအသင်း သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူသူ ဖြစ်လာခဲ့သလို

ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုး (၂၀၀) ပြည့်မြောက်တဲ့ (၃) ယောက်မြောက် တိုက်စစ်မှူးအဖြစ်ပါ ရပ်တည်နိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ခုဆိုရင် ဂန္ထဝင်တိုက်စစ်မှူးကြီးတွေဖြစ်တဲ့ အလန်ရှီးယား ဂိုး (၂၆၀)နဲ့ ဝိန်းရွန်းနီ (၂၀၈) ဂိုးတို့နောက် ပရီးမီးယားလိဂ်သမိုင်းမှာ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်လာခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် စပါးဟာလည်း အဆင့် ၄ က နယူးကာဆယ်နဲ့ ရမှတ်တစ်မှတ်သာ ကွာဟပါတော့တယ်။

Zawgyi

စံခ်ိန္သစ္ရွင္ ဟယ္ရီကိန္းကို အီတလီကေန ခ်က္ခ်င္းဖုန္းဆက္ ဂုဏ္ျပဳခဲ့တဲ့နည္း​ျပကြန္တီ

စပါးနည္းျပ အန္တိုနီယို ကြန္တီဟာ မန္စီးတီးကို ၁-၀ ဂိုးနဲ႕ အနိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ တစ္လုံးတည္းေသာ အဖိုးတန္အနိုင္ဂိုးကို သြင္းယူကာ စပါးအသင္း သမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္လာတဲ့ တိုက္စစ္မႉး ဟယ္ရီကိန္းကို ဂုဏ္ျပဳဖို႔အတြက္ ပြဲၿပီးၿပီးခ်င္းမွာပဲ အီတလီကေန ဖုန္းဆက္ခဲ့တယ္လို႔ သိရပါတယ္။ ကြန္တီဟာ သည္းေျခအိတ္ေရာဂါေၾကာင့္ အီတလီကိုျပန္ၿပီး ခြဲစိပ္ကုသမႈ ခံယူေနရသူပါ။

ဒါေၾကာင့္ မန္စီးတီးနဲ႕ပြဲကို ကြင္းေဘးကေန မၫႊန္ၾကားနိုင္ခဲ့ပဲ လက္ေထာက္နည္းျပ စတယ္လီနီကပဲ တာဝန္ယူၾကည့္ၾကပ္ခဲ့တာပါ။ ပထမပိုင္း ၁၅ မိနစ္မွာပဲ Hojbjergရဲ႕ ခ်ေပးမႈကို ဂိုးအျဖစ္ ေျပာင္းလဲနိုင္ခဲ့တဲ့ ဟယ္ရီကိန္းဟာ စပါးဂႏၳဝင္ တိုက္စစ္မႉး ဂ်င္မီဂေရ႕ဗ္ရဲ႕ (၂၆၆)ဂိုး ဆိုတဲ့ သြင္းဂိုးစံခ်ိန္ကို ေက်ာ္လြန္ၿပီး (၂၆၇) ဂိုးနဲ႕အတူ စပါးရဲ႕ ဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္လာတာပါ။

ပြဲအၿပီးမွာေတာ့ ေတာ့တင္ဟမ္ ေဟာ့စပါးအသင္းဟာ ဟယ္ရီကိန္းရဲ႕ ဒီေအာင္ျမင္မႈအတြက္ အသင္းေဖာ္ေတြနဲ႕ ပရိတ္သတ္ေတြ ေရွ႕ေမွာက္မွာပဲ အင္တာဗ်ဴးတစ္ခု ျပဳလုပ္ၿပီး ဂုဏ္ျပဳေပးခဲ့ပါတယ္။ အဲ့ဒိေနာက္မွာေတာ့ စပါးနည္းျပ ကြန္တီကလည္း အေဝးမွာ ေရာက္ေနေပမယ့္ ဟယ္ရီကိန္းကို ခ်က္ခ်င္းပဲ ဖုန္းဆက္ ဂုဏ္ျပဳေပးခဲ့ပါတယ္။ စပါးအသင္း အဝတ္လဲခန္းထဲက ထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္အရ ကိန္းဟာ ကြန္တီဆီက ဖုန္းေခၚဆိုမႈ လက္ခံရရွိခဲ့တာကို ေတြ႕ျမင္ခဲ့ရတာပါ။

ဒီဗီဒီယိုဖိုင္မွာ ဟယ္ရီကိန္းက ခြဲစိပ္ကုသမႈနဲ႕ ပတ္သက္လို႔ ေမးျမန္းခဲ့ရာမွာ ကြန္တီက သူေနေကာင္းတယ္လို႔ အတည္ျပဳခဲ့ၿပီး ” မင္းက ငါ့ကို ဂုဏ္ယူရေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီ ” လို႔ ကိန္းထံ ဂုဏ္ျပဳ ေျပာဆိုခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရတာပါ။ မေန႕ညက သြင္းဂိုးေၾကာင့္ အဂၤလန္လက္ေ႐ြးစင္ ဟယ္ရီကိန္းဟာ စပါးအသင္း သမိုင္းတေလွ်ာက္ ဂိုးအမ်ားဆုံး သြင္းယူသူ ျဖစ္လာခဲ့သလို

ပရီးမီးယားလိဂ္သမိုင္းမွာ ဂိုး (၂၀၀) ျပည့္ေျမာက္တဲ့ (၃) ေယာက္ေျမာက္ တိုက္စစ္မႉးအျဖစ္ပါ ရပ္တည္နိုင္ခဲ့ပါတယ္။ ဟယ္ရီကိန္းဟာ ခုဆိုရင္ ဂႏၳဝင္တိုက္စစ္မႉးႀကီးေတြျဖစ္တဲ့ အလန္ရွီးယား ဂိုး (၂၆၀)နဲ႕ ဝိန္း႐ြန္းနီ (၂၀၈) ဂိုးတို႔ေနာက္ ပရီးမီးယားလိဂ္သမိုင္းမွာ တတိယေျမာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမားလည္း ျဖစ္လာခဲ့တာပါ။ ဒီနိုင္ပြဲေၾကာင့္ စပါးဟာလည္း အဆင့္ ၄ က နယူးကာဆယ္နဲ႕ ရမွတ္တစ္မွတ္သာ ကြာဟပါေတာ့တယ္။