Unicode
စပါးနဲ့ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ဟာလန်းဟာ အသင်းပြောင်းမှာခဲ့တာလို့ သုံးသပ်လိုက်တဲ့ ကာရေဂါ
စပါးကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ မနေ့ညကပွဲစဥ်မှာ တိုက်စစ်မှူးဟာလန်းဟာ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့ပဲ ပုံမှန်ခြေစွမ်းအောက် ရောက်ရှိခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ Sky Sports ရဲ့ အစီအစဥ်တင်ဆက်သူ ဂျင်မီကာရေဂါကတော့ ဟာလန်းဟာ အသင်းမှား ပြောင်းမိခဲ့တာလို့ ပွဲအပြီးမှာ သုံးသပ်ပြောကြားခဲ့ပါတယ်။ ကာရေဂါက ” ဟာလန်းက ဂိုးတွေသွင်းယူနေပေမယ့် ဒီရာသီမှာ သူ့ရဲ့အကောင်းပုံစံကနေ ၆၀ ရာခိုင်နှုန်းလောက်ထိပဲ မြင်တွေ့နေရတယ်လို့ ကျွန်တော်ထင်ပါတယ်။
ဒီရာသီအစ ဝက်စ်ဟမ်းနဲ့ ပွဲမှာသွင်းယူခဲ့တဲ့ သူ့ရဲ့ဂိုးကိုကြည့်ရင် နောက်ခံလူတွေ ကပ်ထားတဲ့ ကြားကနေ နေရာလွတ်ရှာဖွေပြီး ပြေးပြေးလွှားလွှားနဲ့ အဆုံးသတ် ကန်သွင်းခဲ့တာပါ။ ခုတော့ စီးတီးရဲ့ကစားပုံက သူ့အတွက် ကိုက်ညီမှုမရှိတာကို မကြာခဏ မြင်တွေ့နေရပါပြီ၊ ဟာလန်းက ဒေါ့မွန်လို တန်ပြန်တိုက်စစ် ကစားတတ်တဲ့ အသင်းကနေ ပြောင်းလာတာပါ။ အဲ့မှာတုန်းက သူ့ရဲ့ခြေလှမ်းကျယ်ကြီးတွေနဲ့ ဖြတ်ကျော်ပြေးလွှားမှုတွေကို မြင်ခဲ့ရပါတယ်။
ခုတော့ သူ့ရဲ့အကောင်းဆုံး ပုံစံကို ထုတ်ယူနိုင်ဖို့ ရွေးချယ်ခဲ့တဲ့ ကလပ်က မှားယွင်းခဲ့ပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒီညမှာ ဟာလန်းနဲ့ မန်စီးတီးတို့ရဲ့ အရာအားလုံးကို မမြင်တွေ့ခဲ့ရပါဘူး၊ ဒါက ဟာလန်းကြောင့်တော့ မဟုတ်ပါဘူး။ ဒီရာသီ မန်စီးတီးကို ကွဲပြားတဲ့ အသင်းတစ်သင်းလို့ ပြောနိုင်ပေမယ့် မနှစ်က သွင်းဂိုးပမာဏတွေနဲ့တော့ တူညီနေဆဲပါ။ ဟာလန်းက ပရီးမီးယားလိဂ်မှာ (၂၅) ဂိုး သွင်းယူထားပါတယ်။
မန်စီးတီးကလည်း မနှစ်ကရာသီက လိဂ်ပြိုင်ပွဲအတွင်း ဒီအချိန်မှာရရှိခဲ့တဲ့ သွင်းဂိုးပမာဏနဲ့ ခုနှစ်မှာ ရရှိနေတဲ့ ပမာဏက တူညီနေပါတယ်။ ဒါပေမယ့် ခုနှစ်မှာတော့ သူတို့အသင်းက ပြိုင်ဘက်တွေကို ဂိုးအများကြီး ပိုပေးထားရတာပါ၊ ဒါက သူတို့ကို တန်ပြန်တိုက်စစ်ဆင်ဖို့ ပိုလွယ်ကူတဲ့အသင်း ဖြစ်လာစေပါတယ်။ အသင်းမှာ ဟာလန်းရှိလို့ အရင်ကနဲ့ မတူတဲ့အသင်း ဖြစ်လာပေမယ့် စီးတီးက ဒီရာသီမှာ ပိုအားနည်းသွားပါတယ်။ ထပ်ပြောရရင် ဒါက ဟာလန်းကြောင့် မဟုတ်ပါဘူး။
မန်စီးတီးက အသင်းတစ်သင်းအနေနဲ့ တစ်ပွဲလုံး ပြေးပြေးလွှားလွှား ဆော့ကစားတတ်တဲ့ အသင်းမဟုတ်သလို၊ ဒီနည်းလမ်းကိုလည်း ဂွာဒီယိုလာက မသုံးပါဘူး။ သူ့ကစားသမားတွေမှာလည်း အဲလိုကစားဖို့ ခွန်အားတွေ၊ စွမ်းအားတွေနဲ့ အရှိန်အဟုန် မရှိပါဘူး။ ဟာလန်းက (၂၅) ဂိုးအပြင် နောက်ထပ်ဂိုးတွေ အများကြီး သွင်းယူနိုင်ဦးမှာပါ၊ ဒါပေမယ့် သူရွေးချယ်တဲ့ ကလပ်က မှားယွင်းနေတာကြောင့် သူ့ရဲ့ အကောင်းဆုံးပုံစံကိုတော့ မြင်တွေ့ရမှာ မဟုတ်ပါဘူး “လို့ ပြောဆိုသွားခဲ့တာပါ။
Zawgyi
စပါးနဲ႕ပြဲမွာ ႐ုန္းကန္ခဲ့ရတဲ့ဟာလန္းဟာ အသင္းေျပာင္းမွာခဲ့တာလို႔ သုံးသပ္လိုက္တဲ့ ကာေရဂါ
စပါးကို ၁-၀ ဂိုးနဲ႕ ရႈံးနိမ့္ခဲ့တဲ့ မေန႕ညကပြဲစဥ္မွာ တိုက္စစ္မႉးဟာလန္းဟာ ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္မွ မျပဳလုပ္နိုင္ခဲ့ပဲ ပုံမွန္ေျခစြမ္းေအာက္ ေရာက္ရွိခဲ့ရပါတယ္။ ဒါနဲ႕ပတ္သက္လို႔ Sky Sports ရဲ႕ အစီအစဥ္တင္ဆက္သူ ဂ်င္မီကာေရဂါကေတာ့ ဟာလန္းဟာ အသင္းမွား ေျပာင္းမိခဲ့တာလို႔ ပြဲအၿပီးမွာ သုံးသပ္ေျပာၾကားခဲ့ပါတယ္။ ကာေရဂါက ” ဟာလန္းက ဂိုးေတြသြင္းယူေနေပမယ့္ ဒီရာသီမွာ သူ႕ရဲ႕အေကာင္းပုံစံကေန ၆၀ ရာခိုင္ႏႈန္းေလာက္ထိပဲ ျမင္ေတြ႕ေနရတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။
ဒီရာသီအစ ဝက္စ္ဟမ္းနဲ႕ ပြဲမွာသြင္းယူခဲ့တဲ့ သူ႕ရဲ႕ဂိုးကိုၾကည့္ရင္ ေနာက္ခံလူေတြ ကပ္ထားတဲ့ ၾကားကေန ေနရာလြတ္ရွာေဖြၿပီး ေျပးေျပးလႊားလႊားနဲ႕ အဆုံးသတ္ ကန္သြင္းခဲ့တာပါ။ ခုေတာ့ စီးတီးရဲ႕ကစားပုံက သူ႕အတြက္ ကိုက္ညီမႈမရွိတာကို မၾကာခဏ ျမင္ေတြ႕ေနရပါၿပီ၊ ဟာလန္းက ေဒါ့မြန္လို တန္ျပန္တိုက္စစ္ ကစားတတ္တဲ့ အသင္းကေန ေျပာင္းလာတာပါ။ အဲ့မွာတုန္းက သူ႕ရဲ႕ေျခလွမ္းက်ယ္ႀကီးေတြနဲ႕ ျဖတ္ေက်ာ္ေျပးလႊားမႈေတြကို ျမင္ခဲ့ရပါတယ္။
ခုေတာ့ သူ႕ရဲ႕အေကာင္းဆုံး ပုံစံကို ထုတ္ယူနိုင္ဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့ ကလပ္က မွားယြင္းခဲ့ၿပီလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒီညမွာ ဟာလန္းနဲ႕ မန္စီးတီးတို႔ရဲ႕ အရာအားလုံးကို မျမင္ေတြ႕ခဲ့ရပါဘူး၊ ဒါက ဟာလန္းေၾကာင့္ေတာ့ မဟုတ္ပါဘူး။ ဒီရာသီ မန္စီးတီးကို ကြဲျပားတဲ့ အသင္းတစ္သင္းလို႔ ေျပာနိုင္ေပမယ့္ မႏွစ္က သြင္းဂိုးပမာဏေတြနဲ႕ေတာ့ တူညီေနဆဲပါ။ ဟာလန္းက ပရီးမီးယားလိဂ္မွာ (၂၅) ဂိုး သြင္းယူထားပါတယ္။
မန္စီးတီးကလည္း မႏွစ္ကရာသီက လိဂ္ၿပိဳင္ပြဲအတြင္း ဒီအခ်ိန္မွာရရွိခဲ့တဲ့ သြင္းဂိုးပမာဏနဲ႕ ခုႏွစ္မွာ ရရွိေနတဲ့ ပမာဏက တူညီေနပါတယ္။ ဒါေပမယ့္ ခုႏွစ္မွာေတာ့ သူတို႔အသင္းက ၿပိဳင္ဘက္ေတြကို ဂိုးအမ်ားႀကီး ပိုေပးထားရတာပါ၊ ဒါက သူတို႔ကို တန္ျပန္တိုက္စစ္ဆင္ဖို႔ ပိုလြယ္ကူတဲ့အသင္း ျဖစ္လာေစပါတယ္။ အသင္းမွာ ဟာလန္းရွိလို႔ အရင္ကနဲ႕ မတူတဲ့အသင္း ျဖစ္လာေပမယ့္ စီးတီးက ဒီရာသီမွာ ပိုအားနည္းသြားပါတယ္။ ထပ္ေျပာရရင္ ဒါက ဟာလန္းေၾကာင့္ မဟုတ္ပါဘူး။
မန္စီးတီးက အသင္းတစ္သင္းအေနနဲ႕ တစ္ပြဲလုံး ေျပးေျပးလႊားလႊား ေဆာ့ကစားတတ္တဲ့ အသင္းမဟုတ္သလို၊ ဒီနည္းလမ္းကိုလည္း ဂြာဒီယိုလာက မသုံးပါဘူး။ သူ႕ကစားသမားေတြမွာလည္း အဲလိုကစားဖို႔ ခြန္အားေတြ၊ စြမ္းအားေတြနဲ႕ အရွိန္အဟုန္ မရွိပါဘူး။ ဟာလန္းက (၂၅) ဂိုးအျပင္ ေနာက္ထပ္ဂိုးေတြ အမ်ားႀကီး သြင္းယူနိုင္ဦးမွာပါ၊ ဒါေပမယ့္ သူေ႐ြးခ်ယ္တဲ့ ကလပ္က မွားယြင္းေနတာေၾကာင့္ သူ႕ရဲ႕ အေကာင္းဆုံးပုံစံကိုေတာ့ ျမင္ေတြ႕ရမွာ မဟုတ္ပါဘူး “လို႔ ေျပာဆိုသြားခဲ့တာပါ။