Unicode
ဂျပန်စတားမီတိုမားရဲ့တန်ကြေးက ပေါင် ၃၅ သန်းအထက်မှာရှိတယ်လို့ အသိပေးလိုက်တဲ့ ရိုမာနို
အပြောင်းအရွှေ့ရေးရာ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက ဘရိုက်တန်မှာ ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသနေတဲ့ ဂျပန်လက်ရွေးစင် မီတိုမားဟာ လက်ရှိမှာ ပေါင် ၃၅ သန်းကျော်ထိ တန်ဖိုးရှိနေပြီလို့ ထုတ်ဖော်ပြောဆိုလိုက်တာပါ။ လက်ရှိ ၂၀၂၂-၂၃ ဘောလုံးရာသီမှာ မီတိုမားဟာ ပရီးမီးယားလိဂ်မှာ ဘရိုက်တန်နဲ့အတူ အံအားသင့်ဖွယ် တိုက်စစ် စွမ်းဆောင်ရည်ကောင်းတွေကို ပြသလာနိုင်သူပါ။
အထူးသဖြင့် မကြာသေးခင်က ယှဥ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်ရဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ (၇) ဂိုးသွင်းယူပေးထားပြီး (၂) ဂိုး ဖန်တီးပေးထားတာပါ။ အလိမ်အခေါက် ကျွမ်းကျင်တဲ့ ညာခြေသန် ဂျပန်ကြယ်ပွင့် မီတိုမားဟာ ဂျပန်ကလပ် ကာဝါဆာကီ ဖရွန်တေးကနေ ဘရိုက်တန်ထံကို ပေါင် ၂.၅ သန်းတည်းနဲ့ ၂၀၂၁ နွေရာသီ အပြောင်းအရွှေ့တုန်းက ပြောင်းရွှေ့လာခဲ့သူပါ။
ဂျာနယ်လစ် ရိုမာနိုကတော့ သူဟာ ဘရိုက်တန်စတားရဲ့ အခြေအနေကို စောင့်ကြည့်နေသူဖြစ်ပြီး စျေးကွက်အတွင်းမှာ မီတိုမားရဲ့ တန်ဖိုးက သိသိသာသာ မြင့်တက်လာတယ်လို့ ခုလိုပဲ ပြောဆိုသွားခဲ့တာပါ။ ” Kaoru Mitoma ရဲ့ ခုလက်ရှိ ဦးစားပေးက ဘရိုက်တန်အတွက်ပဲ အာရုံစိုက်ထားပြီး ကြီးမားတဲ့ အပြောင်းအရွှေ့တွေ အလိုမရှိသေးဘူးဆိုတာကို ထိပ်တန်းကလပ်တွေက
သိထားမယ်ထင်ပါတယ်။ သေချာတာကတော့ သူဟာ ပေါင် ၃၅ သန်းကျော် တန်ဖိုးရှိနေပြီ ဖြစ်ပေမယ့် ဒီအချိန်မှာတော့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အချိန်ကောင်း မဟုတ်သေးပါဘူး။ ဘရိုက်တန်အတွက်တော့ မီတိုမားက ထိပ်တန်းအဆင့် ခေါ်ယူမှုဖြစ်ခဲ့ပြီး အဖိုးတန်လှတဲ့ ကျောက်မြတ်ရတနာ တစ်ခုကို သူတို့ ရှာတွေ့ခဲ့တာပါ။ „ လို့ ဖာဘရီဇီယို ရိုမာနိုက ပြောဆိုခဲ့ပါတယ်။
မီတိုမားဟာ ဘရိုက်တန်အသင်းနဲ့ ၂၀၂၅၊ ဇွန်လထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။ 90 min ရဲ့ ဖော်ပြချက်အရတော့ အာဆင်နယ်ဟာ ထရော့ဆက်ဒ်ကို မခေါ်ယူခင် မီတိုမားကို စိတ်ဝင်စားခဲ့သေးပေမယ့် ဘရိုက်တန်က မရောင်းလိုခဲ့တာကြောင့် ဘယ်လ်ဂျီယမ်စတားကိုပဲ ခေါ်ယူခဲ့ရတာ ဖြစ်တယ်လို့သိရပါတယ်။
Zawgyi
ဂ်ပန္စတားမီတိုမားရဲ႕တန္ေၾကးက ေပါင္ ၃၅ သန္းအထက္မွာရွိတယ္လို႔ အသိေပးလိုက္တဲ့ ရိုမာနို
အေျပာင္းအေ႐ႊ႕ေရးရာ ကြၽမ္းက်င္သူ ဖာဘရီဇီယို ရိုမာနိုက ဘရိုက္တန္မွာ ေျခစြမ္းေကာင္းေတြ ေတာက္ေလွ်ာက္ ျပသေနတဲ့ ဂ်ပန္လက္ေ႐ြးစင္ မီတိုမားဟာ လက္ရွိမွာ ေပါင္ ၃၅ သန္းေက်ာ္ထိ တန္ဖိုးရွိေနၿပီလို႔ ထုတ္ေဖာ္ေျပာဆိုလိုက္တာပါ။ လက္ရွိ ၂၀၂၂-၂၃ ေဘာလုံးရာသီမွာ မီတိုမားဟာ ပရီးမီးယားလိဂ္မွာ ဘရိုက္တန္နဲ႕အတူ အံအားသင့္ဖြယ္ တိုက္စစ္ စြမ္းေဆာင္ရည္ေကာင္းေတြကို ျပသလာနိုင္သူပါ။
အထူးသျဖင့္ မၾကာေသးခင္က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘရိုက္တန္ရဲ႕ ၿပိဳင္ပြဲစုံ ၁၁ ပြဲမွာ (၇) ဂိုးသြင္းယူေပးထားၿပီး (၂) ဂိုး ဖန္တီးေပးထားတာပါ။ အလိမ္အေခါက္ ကြၽမ္းက်င္တဲ့ ညာေျခသန္ ဂ်ပန္ၾကယ္ပြင့္ မီတိုမားဟာ ဂ်ပန္ကလပ္ ကာဝါဆာကီ ဖ႐ြန္ေတးကေန ဘရိုက္တန္ထံကို ေပါင္ ၂.၅ သန္းတည္းနဲ႕ ၂၀၂၁ ေႏြရာသီ အေျပာင္းအေ႐ႊ႕တုန္းက ေျပာင္းေ႐ႊ႕လာခဲ့သူပါ။
ဂ်ာနယ္လစ္ ရိုမာနိုကေတာ့ သူဟာ ဘရိုက္တန္စတားရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနသူျဖစ္ၿပီး ေစ်းကြက္အတြင္းမွာ မီတိုမားရဲ႕ တန္ဖိုးက သိသိသာသာ ျမင့္တက္လာတယ္လို႔ ခုလိုပဲ ေျပာဆိုသြားခဲ့တာပါ။ ” Kaoru Mitoma ရဲ႕ ခုလက္ရွိ ဦးစားေပးက ဘရိုက္တန္အတြက္ပဲ အာ႐ုံစိုက္ထားၿပီး ႀကီးမားတဲ့ အေျပာင္းအေ႐ႊ႕ေတြ အလိုမရွိေသးဘူးဆိုတာကို ထိပ္တန္းကလပ္ေတြက
သိထားမယ္ထင္ပါတယ္။ ေသခ်ာတာကေတာ့ သူဟာ ေပါင္ ၃၅ သန္းေက်ာ္ တန္ဖိုးရွိေနၿပီ ျဖစ္ေပမယ့္ ဒီအခ်ိန္မွာေတာ့ အေျပာင္းအေ႐ႊ႕အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ဖို႔ အခ်ိန္ေကာင္း မဟုတ္ေသးပါဘူး။ ဘရိုက္တန္အတြက္ေတာ့ မီတိုမားက ထိပ္တန္းအဆင့္ ေခၚယူမႈျဖစ္ခဲ့ၿပီး အဖိုးတန္လွတဲ့ ေက်ာက္ျမတ္ရတနာ တစ္ခုကို သူတို႔ ရွာေတြ႕ခဲ့တာပါ။ „ လို႔ ဖာဘရီဇီယို ရိုမာနိုက ေျပာဆိုခဲ့ပါတယ္။မီတိုမားဟာ ဘရိုက္တန္အသင္းနဲ႕ ၂၀၂၅၊ ဇြန္လထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးသူပါ။ 90 min ရဲ႕ ေဖာ္ျပခ်က္အရေတာ့ အာဆင္နယ္ဟာ ထေရာ့ဆက္ဒ္ကို မေခၚယူခင္ မီတိုမားကို စိတ္ဝင္စားခဲ့ေသးေပမယ့္ ဘရိုက္တန္က မေရာင္းလိုခဲ့တာေၾကာင့္ ဘယ္လ္ဂ်ီယမ္စတားကိုပဲ ေခၚယူခဲ့ရတာ ျဖစ္တယ္လို႔သိရပါတယ္။