Unicode
ပုံစံကောင်းတွေပြသနေတဲ့ မန်ယူကြောင့် မန်စီးတီးတို့ စိုးရိမ်နေရပြီလို့ ဂယ်ရီနဗီးပြော
ယခုတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ အမှတ်ပေးဇယားထိပ်ပိုင်းက အသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ မန်စီးတီးတို့က ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့သလို ယခုနှစ်မှာမှ ထူးထူးခြားခြား ရုန်းကန်နေရပြီး အမှတ်ပေးဇယား အလယ်အလတ်လောက်ထိ ရောက်ရှိနေခဲ့တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးတို့ဟာလည်း ရမှတ်တွေ ဆုံးရှုံးခဲ့ကြပါတယ်။ လီဗာပူးဆိုရင် ဝုဗ်ကို ၃ ဂိုးပြတ်ထိ ရှုံးနိမ့်ခဲ့ရတာပါ။
ဒါ့အပြင် ခြေစွာနေတဲ့ နယူးကာဆယ်ဟာလည်း အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ရရှိအောင်သာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီလို ပြိုင်ဘက်တွေ ခြေချော်ခဲ့ပေမယ့် မန်ယူကတော့ ရမှတ်ပြည့်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ နည်းပြအဲရစ် တန်ဟတ်ရောက်ရှိလာမှုနဲ့အတူ ပုံစံကောင်းတွေကို ဆက်ထိန်းထားနိုင်နေတဲ့ သရဲနီတို့ ဒီရာသီမှာပဲ ပရီးမီးယားလိဂ် ဖလားအတွက်
ပြန်စိန်ခေါ်တော့မှာလား ဆိုပြီး သတင်းမီဒီယာတွေက ဖော်ပြလာကြတာပါ။ ခုတော့ ပရီးမီးယားလိဂ်ဖလား ပြန်ရဖို့ မန်ယူတို့အတွက် အခွင့်အရေး ပြန်ရလာပြီလားဆိုတဲ့ မေးခွန်းကို Sky Sports ရဲ့ Podcast အစီအစဥ်မှာ ဂယ်ရီနဗီးက ” မန်ယူအနေနဲ့ ဒီအဆင့်ထိ ရောက်လာလိမ့်မယ်လို့ ရာသီအစက ကျွန်တော် မထင်ခဲ့ပါဘူး၊ ခုလည်း အဲလို အခွင့်အရေးရဖို့ သိပ်တော့ မနီးစပ်သေးပါဘူး။
အဓိက ကွင်းလယ်လူ အဲရစ်ဆင်လည်း ဒဏ်ရာရထားတယ်လေ၊ ဒါပေမယ့် သူတို့ ခု လုပ်ပြနေတာတွေက တကယ့်ကို ကောင်းမွန်လာပါပြီ။ သူတို့ ဆုဖလားအတွက် ပြန်ပြိုင်နေနိုင်ပါပြီ။ ကစားသမားတွေအားလုံးက ယူနိုက်တက်မှာ ကစားနေရတာကို ပျော်ရွှင်နေကြပါတယ်၊ ဒါက အောင်မြင်မှုတွေပြန်ရဖို့ တကယ့်ကို အရေးပါတဲ့ အချက်ပါ။ ခုချိန်မှာတော့ ယူနိုက်တက်က ပွဲတိုင်းမှာ ကောင်းကောင်း ဆော့ကစားပြနေပါတယ်။
သူတို့ ဆုဖလားတွေ ပြန်ရတော့မယ်လို့ ပြောတဲ့အခါ အရင်လို လှောင်ရယ်ချင်စရာ မကောင်းတော့ပါဘူး။ သူတို့ ဒီရာသီမှာပဲ ဆုဖလားတွေအတွက် ပြန်စိန်ခေါ်လိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မတွေးဖူးဘူးပါ၊ ဒါက စောလွန်းနေသေးတယ်လေ။
ဒါပေမယ့် ခုတော့ ကျွန်တော်သာ မန်စီးတီးအသင်းနေရာမှာဆိုရင် သူတို့က စိုးရိမ်စရာ ကောင်းလာပါပြီ။ ” လို့ ပြန်လည်ဖြေကြားသွားခဲ့တာပါ။ မန်ယူဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေကာ အဆင့် (၁) နေရာက အာဆင်နယ်နဲ့ (၈) မှတ်အထိ ကွာဟနေပါတယ်။
Zawgyi
ပုံစံေကာင္းေတြျပသေနတဲ့ မန္ယူေၾကာင့္ မန္စီးတီးတို႔ စိုးရိမ္ေနရၿပီလို႔ ဂယ္ရီနဗီးေျပာ
ယခုတစ္ပတ္ ပရီးမီးယားလိဂ္မွာေတာ့ အမွတ္ေပးဇယားထိပ္ပိုင္းက အသင္းေတြျဖစ္တဲ့ အာဆင္နယ္၊ မန္စီးတီးတို႔က ရႈံးပြဲကိုယ္စီ ႀကဳံေတြ႕ခဲ့သလို ယခုႏွစ္မွာမွ ထူးထူးျခားျခား ႐ုန္းကန္ေနရၿပီး အမွတ္ေပးဇယား အလယ္အလတ္ေလာက္ထိ ေရာက္ရွိေနခဲ့တဲ့ ခ်ဲလ္ဆီးနဲ႕ လီဗာပူးတို႔ဟာလည္း ရမွတ္ေတြ ဆုံးရႈံးခဲ့ၾကပါတယ္။ လီဗာပူးဆိုရင္ ဝုဗ္ကို ၃ ဂိုးျပတ္ထိ ရႈံးနိမ့္ခဲ့ရတာပါ။
ဒါ့အျပင္ ေျခစြာေနတဲ့ နယူးကာဆယ္ဟာလည္း အိမ္ကြင္းမွာ ဝက္စ္ဟမ္းကို တစ္ဖက္တစ္ဂိုးစီနဲ႕ သေရရလဒ္ရရွိေအာင္သာ စြမ္းေဆာင္နိုင္ခဲ့ပါတယ္။ ဒီလို ၿပိဳင္ဘက္ေတြ ေျခေခ်ာ္ခဲ့ေပမယ့္ မန္ယူကေတာ့ ရမွတ္ျပည့္နိုင္ပြဲ ရယူနိုင္ခဲ့ပါတယ္။ နည္းျပအဲရစ္ တန္ဟတ္ေရာက္ရွိလာမႈနဲ႕အတူ ပုံစံေကာင္းေတြကို ဆက္ထိန္းထားနိုင္ေနတဲ့ သရဲနီတို႔ ဒီရာသီမွာပဲ ပရီးမီးယားလိဂ္ ဖလားအတြက္
ျပန္စိန္ေခၚေတာ့မွာလား ဆိုၿပီး သတင္းမီဒီယာေတြက ေဖာ္ျပလာၾကတာပါ။ ခုေတာ့ ပရီးမီးယားလိဂ္ဖလား ျပန္ရဖို႔ မန္ယူတို႔အတြက္ အခြင့္အေရး ျပန္ရလာၿပီလားဆိုတဲ့ ေမးခြန္းကို Sky Sports ရဲ႕ Podcast အစီအစဥ္မွာ ဂယ္ရီနဗီးက ” မန္ယူအေနနဲ႕ ဒီအဆင့္ထိ ေရာက္လာလိမ့္မယ္လို႔ ရာသီအစက ကြၽန္ေတာ္ မထင္ခဲ့ပါဘူး၊ ခုလည္း အဲလို အခြင့္အေရးရဖို႔ သိပ္ေတာ့ မနီးစပ္ေသးပါဘူး။
အဓိက ကြင္းလယ္လူ အဲရစ္ဆင္လည္း ဒဏ္ရာရထားတယ္ေလ၊ ဒါေပမယ့္ သူတို႔ ခု လုပ္ျပေနတာေတြက တကယ့္ကို ေကာင္းမြန္လာပါၿပီ။ သူတို႔ ဆုဖလားအတြက္ ျပန္ၿပိဳင္ေနနိုင္ပါၿပီ။ ကစားသမားေတြအားလုံးက ယူနိုက္တက္မွာ ကစားေနရတာကို ေပ်ာ္႐ႊင္ေနၾကပါတယ္၊ ဒါက ေအာင္ျမင္မႈေတြျပန္ရဖို႔ တကယ့္ကို အေရးပါတဲ့ အခ်က္ပါ။ ခုခ်ိန္မွာေတာ့ ယူနိုက္တက္က ပြဲတိုင္းမွာ ေကာင္းေကာင္း ေဆာ့ကစားျပေနပါတယ္။
သူတို႔ ဆုဖလားေတြ ျပန္ရေတာ့မယ္လို႔ ေျပာတဲ့အခါ အရင္လို ေလွာင္ရယ္ခ်င္စရာ မေကာင္းေတာ့ပါဘူး။ သူတို႔ ဒီရာသီမွာပဲ ဆုဖလားေတြအတြက္ ျပန္စိန္ေခၚလိမ့္မယ္လို႔ ကြၽန္ေတာ္ဘယ္တုန္းကမွ မေတြးဖူးဘူးပါ၊ ဒါက ေစာလြန္းေနေသးတယ္ေလ။
ဒါေပမယ့္ ခုေတာ့ ကြၽန္ေတာ္သာ မန္စီးတီးအသင္းေနရာမွာဆိုရင္ သူတို႔က စိုးရိမ္စရာ ေကာင္းလာပါၿပီ။ ” လို႔ ျပန္လည္ေျဖၾကားသြားခဲ့တာပါ။ မန္ယူဟာ လက္ရွိမွာေတာ့ အမွတ္ေပးဇယားရဲ႕ အဆင့္ (၃) ေနရာမွာ ရပ္တည္ေနကာ အဆင့္ (၁) ေနရာက အာဆင္နယ္နဲ႕ (၈) မွတ္အထိ ကြာဟေနပါတယ္။