Spots news

ဗာရာနီကို ယူနိုက်တက်ဆီသို့ မက်ဒရစ် ရောင်းချတော့မည်လား

Unicode Version

ရီးရဲလ်မက်ဒရစ် အသင်းဟာ ယူနိုက်တက် အလိုရှိနေတဲ့ နောက်ခံလူ ဗာရာနီအတွက် မီးစိမ်းပြလိုက်ပြီလို့ သတင်းတွေက ဆိုပါတယ်။ ဆိုးလ်ရှားကတော့

နောက်တန်း နေရာမှာ မက်ဂွါရီနဲ့တွဲဖက်ပေးဖို့ ဗာရာနီကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ပစ်မှတ် စာရင်းထဲမှာ ဆီဗီလာနောက်ခံလူ ကွန်ဒီလည်း ပါဝင်နေပါတယ်။

အဆိုပါ နောက်ခံလူရဲ့ စာချုပ် ဖျက်သိမ်းကြေးက ပေါင် ၆၈ သန်းရှိ နေပါတယ်။ သတင်းတွေရဲ့အဆိုအရ ယူနိုက်တက်ဟာ ဗာရာနီကိုသာ အဓိကပစ်မှတ်အဖြစ်

သတ်မှတ် ထားတယ်လို့ ဆိုပါတယ်။ တယ်လီဂရက်ဖ် သတင်းဌာန ကလည်း ရီးရဲလ်အသင်းဟာ ဗာရာနီအတွက် ယူနိုက်တက်ကို မီးစိမ်း ပြလိုက်ပြီလို့ ဖော်ပြခဲ့ပါတယ်။

ဗာရာနီကလည်း စိန်ခေါ်မှု အသစ်တွေ အတွက် အသင်း ပြောင်းချင်နေပါတယ်။ မန်ချက်စတာညနေခင်း သတင်းဌာန တွေ ကလည်း ရီးရဲလ်ဟာ ဗာရာနီကို ရောင်းချဖို့

အသင့်ရှိ နေတယ်လို့ ဆိုခဲ့ပါတယ်။ ဗာရာနီကို ရီးရဲလ်အသင်းက စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ကစားသမားက အသင်းမှာ ဆက်နေဖို့ အလိုမရှိ ဖြစ်နေပါတယ်။

ပြင်သစ်သားရဲ့ စာချုပ်သက်တမ်းက နောက်ရာသီ အကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်က နွေရာသီမှာပဲ ရှင်းထုတ်ချင် နေပါတယ်။

လီဗာပူး ကွင်းလယ် လူဟောင်း ဂျွန်ဘားနက်စ် က ကလော့ပ် အနေနဲ့ ယူနိုက်တက်ထက် ဗာရာနီကို လက်ဦးဖို့ တိုက်တွန်း လိုက်ပါတယ်။