Spots news

ငွေထုပ်ပိုက်ပြီး မန်ယူကို ဝယ်ယူတော့မယ့် ကာတာအင်အားစု

Unicode

ငွေထုပ်ပိုက်ပြီး မန်ယူကို ဝယ်ယူတော့မယ့် ကာတာအင်အားစု

ကာတာအခြေစိုက် ရင်းနှီးမြုပ်နှံမှု အုပ်စုတစ်ခုဟာ မန်ချက်စတာယူနိုက်အသင်းအား ဝယ်ယူရန် လာမယ့် ရက်ပိုင်းအနည်းငယ်အတွင်းမှာ ငွေကြေးတစ်လုံးတစ်ခဲတည်းဖြင့် ကမ်းလှမ်းဖို့ စီစဉ်လျှက်ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ ကမ်းလှမ်းမှုဟာ ယူနိုက်တက်အသင်းအား အလုံးစုံ ပိုင်ဆိုင်မှုရယူနိုင်ရေး ကမ်းလှမ်းမှုဖြစ်မည်ဖြစ်ပြီး ယူနိုက်တက်အား ဝယ်ယူလိုသည့် အခြားပြိုင်ဖက်များထက်ပါ ပိုမိုသာလွန်မယ်လို့ ၄င်းတို့က ယုံကြည်လျှက်ရှိပြီး ဝယ်ယူမှုကို မြန်မြန်ဆန်ဆန် အပြီးသတ်နိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ကာတာနိုင်ငံ၏ ဥသျှောင်ဖြစ်သူ စော်ဘွား Sheik Tamim bin Hamad Al Thani မှာလည်း မန်ချက်စတာယူနိုက်တက်အသင်း၏ အမာခံပရိသတ်တစ်ဦးဖြစ်ကြောင်း သိရပြီး ယူနိုက်တက်သမိုင်းကြောင်းအား ကောင်းကောင်း နားလည်သူတစ်ဦးဖြစ်ပါတယ်။

ယူနိုက်တက်ကို ဝယ်ယူရန် ကြိုးစားမယ့် အဆိုပါ Al Thani မိသားစု၏ ချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ ၃၃၅ ဘီလီယံအထိ ရှိနေတာပါ။ အသင်းကို ဝယ်ယူရန်နဲ့ အိုးထရက်ဖို့ဒ်ကွင်းအား အဆင့်မြှင့်တင်ဖို့အတွက် ကုန်ကျမယ့်

ဒေါ်လာ ၈ ဘီလီယံဝန်းကျင်သည် ၄င်းတို့အတွက် ပြဿနာရှိမည်မဟုတ်ကြောင်းသိရပြီး အဲရစ်တန်ဟတ်ကိုလည်း လာမယ့် နွေစျေးကွက်တွင် လုံလောက်သည့် ထောက်ခံမှုအပြည့်ပေးသွားမည်ဟုလည်း သိရတာပါ။

Zawgyi

ေငြထုတ္ပိုက္ၿပီး မန္ယူကို ဝယ္ယူေတာ့မယ့္ ကာတာအင္အားစု

ကာတာအေျခစိုက္ ရင္းႏွီးျမဳပ္ႏွံမႈ အုပ္စုတစ္ခုဟာ မန္ခ်က္စတာယူနိုက္အသင္းအား ဝယ္ယူရန္ လာမယ့္ ရက္ပိုင္းအနည္းငယ္အတြင္းမွာ ေငြေၾကးတစ္လုံးတစ္ခဲတည္းျဖင့္ ကမ္းလွမ္းဖို႔ စီစဥ္လွ်က္ရွိေနတယ္လို႔ သိရပါတယ္။

အဆိုပါ ကမ္းလွမ္းမႈဟာ ယူနိုက္တက္အသင္းအား အလုံးစုံ ပိုင္ဆိုင္မႈရယူနိုင္ေရး ကမ္းလွမ္းမႈျဖစ္မည္ျဖစ္ၿပီး ယူနိုက္တက္အား ဝယ္ယူလိုသည့္ အျခားၿပိဳင္ဖက္မ်ားထက္ပါ ပိုမိုသာလြန္မယ္လို႔ ၄င္းတို႔က ယုံၾကည္လွ်က္ရွိၿပီး ဝယ္ယူမႈကို ျမန္ျမန္ဆန္ဆန္ အၿပီးသတ္နိုင္ေအာင္ ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။

ကာတာနိုင္ငံ၏ ဥေသွ်ာင္ျဖစ္သူ ေစာ္ဘြား Sheik Tamim bin Hamad Al Thani မွာလည္း မန္ခ်က္စတာယူနိုက္တက္အသင္း၏ အမာခံပရိသတ္တစ္ဦးျဖစ္ေၾကာင္း သိရၿပီး ယူနိုက္တက္သမိုင္းေၾကာင္းအား ေကာင္းေကာင္း နားလည္သူတစ္ဦးျဖစ္ပါတယ္။

ယူနိုက္တက္ကို ဝယ္ယူရန္ ႀကိဳးစားမယ့္ အဆိုပါ Al Thani မိသားစု၏ ခ်မ္းသာႂကြယ္ဝမႈမွာ ေဒၚလာ ၃၃၅ ဘီလီယံအထိ ရွိေနတာပါ။ အသင္းကို ဝယ္ယူရန္နဲ႕ အိုးထရက္ဖို႔ဒ္ကြင္းအား အဆင့္ျမႇင့္တင္ဖို႔အတြက္ ကုန္က်မယ့္

ေဒၚလာ ၈ ဘီလီယံဝန္းက်င္သည္ ၄င္းတို႔အတြက္ ျပႆနာရွိမည္မဟုတ္ေၾကာင္းသိရၿပီး အဲရစ္တန္ဟတ္ကိုလည္း လာမယ့္ ေႏြေစ်းကြက္တြင္ လုံေလာက္သည့္ ေထာက္ခံမႈအျပည့္ေပးသြားမည္ဟုလည္း သိရတာပါ။