Spots news

မန်ယူက ကတ်စ်မဲရိုးနဲ့ အာဆင်နယ်က သောမတ်စ်ပါတေးထက် ဒီကလန်ရိုက်စ်က ပိုကောင်းတယ်ဆိုတဲ့ ကီရန် ထရစ်ပီယာ

Unicode

မန်ယူက ကတ်စ်မဲရိုးနဲ့ အာဆင်နယ်က သောမတ်စ်ပါတေးထက် ဒီကလန်ရိုက်စ်က ပိုကောင်းတယ်ဆိုတဲ့ ကီရန် ထရစ်ပီယာ

နယူးကာဆယ် နောက်ခံလူ ကီရန် ထရစ်ပီယာကတော့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်က သောမတ်စ်ပါတေးနဲ့ မန်ယူရဲ့ ကတ်စ်မဲရိုးတို့ထက် ပိုကောင်းတဲ့ ကစားသမားလို့ ယုံကြည်နေတာပါ။ ရိုက်စ်ဟာ လာမယ့်နွေအပြောင်းအရွှေ့မှာ အသင်းပြောင်းဖွယ် ရှိပေမယ့်

ဝက်စ်ဟမ်းဘက်ကတော့ လွယ်လွယ်လက်လွှတ်ခံမှာ မဟုတ်ပဲ အသက် ၂၄ နှစ်အရွယ် ကစားသမားကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ လောက်ထိ ရရှိမှ ရောင်းချသွားဖွယ် ရှိနေပါတယ်။ ခုတော့ သောမတ်စ်ပါတေးနဲ့ အက်သလက်တီကိုမှာ အတူတွဲကစားခဲ့ဖူးသလို ဒီကလန်ရိုက်စ်နဲ့လည်း အင်္ဂလန်လက်ရွေးစင်အသင်းမှာ အတူတွဲကစားခဲ့ဖူးတဲ့ နယူးကာဆယ်နောက်ခံလူ ထရစ်ပီယာက

Five မီဒီယာနဲ့ အင်တာဗျူး အစီအစဥ်မှာ ရိုက်စ်က အကောင်းဆုံးကွင်းလယ်လူ ဖြစ်တယ်လို့ ရွေးချယ်သွားခဲ့တာပါ။ ကတ်စ်မဲရိုး၊ ပါတေးနဲ့ ဒီကလန်ရိုက်စ်တို့ (၃) ဦးထဲက တစ်ဦးကို ရွေးချယ်ခိုင်းရာမှာ ထရစ်ပီယာက ” ဒီကလန်ပါ၊ သူက တကယ့်ကို မယုံနိုင်လောက်အောင်ကောင်းတဲ့ ကစားသမားပါ။

ပြီးခဲ့တဲ့ အပတ်က ကျွန်တော်တို့ နယူးကာဆယ်အသင်း ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်ကို ခင်ဗျားတို့ စောင့်ကြည့်ဖြစ်လား ကျွန်တော်မသိပေမယ့် အဲ့ပွဲမှာ ဒီကလန်ရိုက်စ်က တကယ်ကောင်းခဲ့တာပါ။ သူ့ရဲ့ညဏ်ရည်ညဏ်သွေးနဲ့ ပြိုင်ဘက်ရဲ့ကစားကွက်ကို ဖြတ်တောက်ပုံတွေက တကယ့်ကို မယုံနိုင်စရာပါ။

သူဟာ ခုလက်ရှိ ကစားပုံတွေကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ ” မန်ယူစတား ကတ်စ်မဲရိုးထက် ရိုက်စ်က ပိုကောင်းတယ်လို့ သတ်မှတ်မှာလားလို့ မေးမြန်းရာမှာ „ ဟုတ်ပါတယ်၊ ကျွန်တော့်လို နောက်ခံလူတစ်ယောက်အတွက် မိုက်ကယ် ကာရစ် ဒါမှမဟုတ် ဒီကလန်ရိုက်စ်လို ကစားသမားမျိုးက တကယ်သဘောကျဖို့ကောင်းတဲ့ ကစားသမားတွေပါ။

သူတို့တွေနဲ့သာ တွဲကစားရရင် ကျွန်တော်တို့ခံစစ်ပိုင်းရဲ့ အလုပ်ရှုပ်မှု​တွေလည်း သက်သာစေမှာပါ။ ဒီလိုပြောလို့ ကျွန်တော့်ကို အထင်မလွဲလိုက်ပါနဲ့၊ ကတ်စ်မဲရိုးက ချန်ပီယံလိဂ်ဖလားတွေ အပါအဝင် ဆုဖလားတွေအများကြီး ဆုခူးထားတဲ့ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ပါ။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒီကလန်ရိုက်စ်က တကယ့်ကို အံ့ဖွယ်ကောင်းတဲ့ ကစားသမားပါ။သူ (ကတ်စ်မဲရိုး) က အသက်အရွယ်လည်း ရလာပြီလေ ”လို့ ထရစ်ပီယာက ပြန်လည်ဖြေကြားသွားခဲ့တာပါ။

Zawgyi

မန္ယူက ကတ္စ္မဲရိုးနဲ႕ အာဆင္နယ္က ေသာမတ္စ္ပါေတးထက္ ဒီကလန္ရိုက္စ္က ပိုေကာင္းတယ္ဆိုတဲ့ ကီရန္ ထရစ္ပီယာ

နယူးကာဆယ္ ေနာက္ခံလူ ကီရန္ ထရစ္ပီယာကေတာ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္ရိုက္စ္ဟာ အာဆင္နယ္က ေသာမတ္စ္ပါေတးနဲ႕ မန္ယူရဲ႕ ကတ္စ္မဲရိုးတို႔ထက္ ပိုေကာင္းတဲ့ ကစားသမားလို႔ ယုံၾကည္ေနတာပါ။ ရိုက္စ္ဟာ လာမယ့္ေႏြအေျပာင္းအေ႐ႊ႕မွာ အသင္းေျပာင္းဖြယ္ ရွိေပမယ့္

ဝက္စ္ဟမ္းဘက္ကေတာ့ လြယ္လြယ္လက္လႊတ္ခံမွာ မဟုတ္ပဲ အသက္ ၂၄ ႏွစ္အ႐ြယ္ ကစားသမားကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၂၀ ေလာက္ထိ ရရွိမွ ေရာင္းခ်သြားဖြယ္ ရွိေနပါတယ္။ ခုေတာ့ ေသာမတ္စ္ပါေတးနဲ႕ အက္သလက္တီကိုမွာ အတူတြဲကစားခဲ့ဖူးသလို ဒီကလန္ရိုက္စ္နဲ႕လည္း အဂၤလန္လက္ေ႐ြးစင္အသင္းမွာ အတူတြဲကစားခဲ့ဖူးတဲ့ နယူးကာဆယ္ေနာက္ခံလူ ထရစ္ပီယာက

Five မီဒီယာနဲ႕ အင္တာဗ်ဴး အစီအစဥ္မွာ ရိုက္စ္က အေကာင္းဆုံးကြင္းလယ္လူ ျဖစ္တယ္လို႔ ေ႐ြးခ်ယ္သြားခဲ့တာပါ။ ကတ္စ္မဲရိုး၊ ပါေတးနဲ႕ ဒီကလန္ရိုက္စ္တို႔ (၃) ဦးထဲက တစ္ဦးကို ေ႐ြးခ်ယ္ခိုင္းရာမွာ ထရစ္ပီယာက ” ဒီကလန္ပါ၊ သူက တကယ့္ကို မယုံနိုင္ေလာက္ေအာင္ေကာင္းတဲ့ ကစားသမားပါ။

ၿပီးခဲ့တဲ့ အပတ္က ကြၽန္ေတာ္တို႔ နယူးကာဆယ္အသင္း ဝက္စ္ဟမ္းနဲ႕ ရင္ဆိုင္ခဲ့ရတဲ့ ပြဲစဥ္ကို ခင္ဗ်ားတို႔ ေစာင့္ၾကည့္ျဖစ္လား ကြၽန္ေတာ္မသိေပမယ့္ အဲ့ပြဲမွာ ဒီကလန္ရိုက္စ္က တကယ္ေကာင္းခဲ့တာပါ။ သူ႕ရဲ႕ညဏ္ရည္ညဏ္ေသြးနဲ႕ ၿပိဳင္ဘက္ရဲ႕ကစားကြက္ကို ျဖတ္ေတာက္ပုံေတြက တကယ့္ကို မယုံနိုင္စရာပါ။

သူဟာ ခုလက္ရွိ ကစားပုံေတြေၾကာင့္ ကမာၻ႔အေကာင္းဆုံး ကစားသမားေတြထဲက တစ္ေယာက္ပါ။ ” မန္ယူစတား ကတ္စ္မဲရိုးထက္ ရိုက္စ္က ပိုေကာင္းတယ္လို႔ သတ္မွတ္မွာလားလို႔ ေမးျမန္းရာမွာ „ ဟုတ္ပါတယ္၊ ကြၽန္ေတာ့္လို ေနာက္ခံလူတစ္ေယာက္အတြက္ မိုက္ကယ္ ကာရစ္ ဒါမွမဟုတ္ ဒီကလန္ရိုက္စ္လို ကစားသမားမ်ိဳးက တကယ္သေဘာက်ဖိဳ႕ေကာင္းတဲ့ ကစားသမားေတြပါ။

သူတို႔ေတြနဲ႕သာ တြဲကစားရရင္ ကြၽန္ေတာ္တို႔ခံစစ္ပိုင္းရဲ႕ အလုပ္ရႈပ္မႈ​ေတြလည္း သက္သာေစမွာပါ။ ဒီလိုေျပာလို႔ ကြၽန္ေတာ့္ကို အထင္မလြဲလိုက္ပါနဲ႕၊ ကတ္စ္မဲရိုးက ခ်န္ပီယံလိဂ္ဖလားေတြ အပါအဝင္ ဆုဖလားေတြအမ်ားႀကီး ဆုခူးထားတဲ့ ကမာၻ႔အဆင့္ ကစားသမားတစ္ေယာက္ပါ။

ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ဒီကလန္ရိုက္စ္က တကယ့္ကို အံ့ဖြယ္ေကာင္းတဲ့ ကစားသမားပါ။သူ (ကတ္စ္မဲရိုး) က အသက္အ႐ြယ္လည္း ရလာၿပီေလ ”လို႔ ထရစ္ပီယာက ျပန္လည္ေျဖၾကားသြားခဲ့တာပါ။