Spots news

မန်ယူပစ်မှတ်အိုဆင်မ်ဟန်းက ရောင်းဖို့မဟုတ်ဘူးလို့ အပြတ်ပြောလိုက်တဲ့ နာပိုလီဥက္ကဌ

Unicode

မန်ယူပစ်မှတ်အိုဆင်မ်ဟန်းက ရောင်းဖို့မဟုတ်ဘူးလို့ အပြတ်ပြောလိုက်တဲ့ နာပိုလီဥက္ကဌ

လာမယ့် နွေရာသီစျေးကွက်မှာ တိုက်စစ်မှူးနေရာကို အင်အားဖြည့်တင်းသွားဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ နာပိုလီစတား အိုဆင်မ်ဟန်းကို အဓိက ချိတ်ဆက်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ထားတာပါ။

Daily Mail ရဲ့အဆိုအရ ယူနိုက်တက်ဟာ အဆိုပါ တိုက်စစ်မှူးအတွက် ချဲလ်ဆီးနဲ့အပြိုင် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော်အထိ ပေးချေသွားဖို့ အဆင့်သင့်ရှိနေတယ်လို့ သိရပါတယ်။ အိုဆင်မ်ဟန်းဟာ လက်ရှိရာသီ စီးရီးအေမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး နာပိုလီနဲ့အတူ အထူးခြေစွမ်းပြသနေသူ ဖြစ်ပါတယ်။

စီးရီးအေမှာ (၁၆) ဂိုး သွင်းယူပြီး (၃) ဂိုး ဖန်တီးပေးထားတဲ့ အိုဆင်မ်ဟန်းဟာ နာပိုလီတို့ ယခုလို အမှတ်ပေးဇယား အဆင့်တစ်နေရာမှာ ရပ်တည်နိုင်ဖို့ အဓိက ကူညီပေးထားသူလည်း ဖြစ်ပါတယ်။ ခုလို ခြေစွမ်းကောင်းတွေကြောင့် အသက် (၂၄) နှစ်အရွယ် နိုက်ဂျီးရီးယားသား တိုက်စစ်မှူးကို မန်ယူအပါအဝင် ဥရောပ ကလပ်အသင်းကြီးတွေက စိတ်ဝင်စားလာကြတာပါ။

ခုတော့ အသင်းရဲ့အဓိကတိုက်စစ်မှူး အိုဆင်မ်ဟန်းက ရောင်းထုတ်ဖို့ မဟုတ်ဘူးလို့ နာပိုလီဥက္ကဌ ဒီလော်ရန်တေးက ပြတ်ပြတ်သားသား ပြောဆိုလိုက်တာပါ။ ” အိုဆင်မ်ဟန်း က ရောင်းဖို့ မဟုတ်ဘူးဆိုတာ ကျွန်တော် ပြောနိုင်ပါတယ်။ ကျွန်တော့်ကစားသမားတွေကို လိုချင်ကြပေမယ့်

ကျွန်တော့်ဘက်ကလည်း တစ်ယောက်မှ ရောင်းစရာ မလိုပါဘူး။ ကျွန်တော်တို့မှာ ဘာအကြွေးမှမရှိပါဘူး။” လို့ နာပိုလီ ဥက္ကဌက ဖွင့်ဟသွားခဲ့တာပါ။ နာပိုလီဟာ ဒီရာသီ စီးရီးအေချန်ပီယံဆုကို ရယူနိုင်ဖို့ အခြေအနေကောင်းနေပြီး ဒုတိယနေရာက အင်တာမီလန်အသင်းကို (၁၃) မှတ်ထိ ဖြတ်တောက်ထားပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်း ရှုံးထွက်အဆင့်ထိ တက်ရောက်ထားနိုင်ခဲ့ပြီး လာမယ့် ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှာ ဂျာမနီကိုသွားရောက်ပြီး ဖရန့်ဖတ်အသင်းနဲ့ ယှဥ်ပြိုင်ရဖို့ ရှိနေပါတယ်။

Zawgyi

မန္ယူပစ္မွတ္အိုဆင္မ္ဟန္းက ေရာင္းဖို႔မဟုတ္ဘူးလို႔ အျပတ္ေျပာလိုက္တဲ့ နာပိုလီဥကၠဌ

လာမယ့္ ေႏြရာသီေစ်းကြက္မွာ တိုက္စစ္မႉးေနရာကို အင္အားျဖည့္တင္းသြားဖို႔ ရွိေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ နာပိုလီစတား အိုဆင္မ္ဟန္းကို အဓိက ခ်ိတ္ဆက္ေနတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚထားတာပါ။

Daily Mail ရဲ႕အဆိုအရ ယူနိုက္တက္ဟာ အဆိုပါ တိုက္စစ္မႉးအတြက္ ခ်ဲလ္ဆီးနဲ႕အၿပိဳင္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ ေက်ာ္အထိ ေပးေခ်သြားဖို႔ အဆင့္သင့္ရွိေနတယ္လို႔ သိရပါတယ္။ အိုဆင္မ္ဟန္းဟာ လက္ရွိရာသီ စီးရီးေအမွာ ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္ၿပီး နာပိုလီနဲ႕အတူ အထူးေျခစြမ္းျပသေနသူ ျဖစ္ပါတယ္။

စီးရီးေအမွာ (၁၆) ဂိုး သြင္းယူၿပီး (၃) ဂိုး ဖန္တီးေပးထားတဲ့ အိုဆင္မ္ဟန္းဟာ နာပိုလီတို႔ ယခုလို အမွတ္ေပးဇယား အဆင့္တစ္ေနရာမွာ ရပ္တည္နိုင္ဖို႔ အဓိက ကူညီေပးထားသူလည္း ျဖစ္ပါတယ္။ ခုလို ေျခစြမ္းေကာင္းေတြေၾကာင့္ အသက္ (၂၄) ႏွစ္အ႐ြယ္ နိုက္ဂ်ီးရီးယားသား တိုက္စစ္မႉးကို မန္ယူအပါအဝင္ ဥေရာပ ကလပ္အသင္းႀကီးေတြက စိတ္ဝင္စားလာၾကတာပါ။

ခုေတာ့ အသင္းရဲ႕အဓိကတိုက္စစ္မႉး အိုဆင္မ္ဟန္းက ေရာင္းထုတ္ဖို႔ မဟုတ္ဘူးလို႔ နာပိုလီဥကၠဌ ဒီေလာ္ရန္ေတးက ျပတ္ျပတ္သားသား ေျပာဆိုလိုက္တာပါ။ ” အိုဆင္မ္ဟန္း က ေရာင္းဖို႔ မဟုတ္ဘူးဆိုတာ ကြၽန္ေတာ္ ေျပာနိုင္ပါတယ္။ ကြၽန္ေတာ့္ကစားသမားေတြကို လိုခ်င္ၾကေပမယ့္

ကြၽန္ေတာ့္ဘက္ကလည္း တစ္ေယာက္မွ ေရာင္းစရာ မလိုပါဘူး။ ကြၽန္ေတာ္တို႔မွာ ဘာအေႂကြးမွမရွိပါဘူး။” လို႔ နာပိုလီ ဥကၠဌက ဖြင့္ဟသြားခဲ့တာပါ။ နာပိုလီဟာ ဒီရာသီ စီးရီးေအခ်န္ပီယံဆုကို ရယူနိုင္ဖို႔ အေျခအေနေကာင္းေနၿပီး ဒုတိယေနရာက အင္တာမီလန္အသင္းကို (၁၃) မွတ္ထိ ျဖတ္ေတာက္ထားပါတယ္။

ဒါ့အျပင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ၁၆ သင္း ရႈံးထြက္အဆင့္ထိ တက္ေရာက္ထားနိုင္ခဲ့ၿပီး လာမယ့္ ေဖေဖာ္ဝါရီလ (၂၂)ရက္ေန႕မွာ ဂ်ာမနီကိုသြားေရာက္ၿပီး ဖရန့္ဖတ္အသင္းနဲ႕ ယွဥ္ၿပိဳင္ရဖို႔ ရွိေနပါတယ္။