Spots news

မန်စီးတီးစတားကို ခေါ်ပေးဖို့ မက်ဆီနဲ့ အမ်ဘက်ပီ စိတ်တူသဘောတူ တောင်းဆိုထား

Unicode

မန်စီးတီးစတားကို ခေါ်ပေးဖို့ မက်ဆီနဲ့ အမ်ဘက်ပီ စိတ်တူသဘောတူ တောင်းဆိုထား

ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဥ်း ၁၀၀ ကျော်ကို ချိုးဖောက်ထားတယ်လို့ စွပ်စွဲခံရပြီးနောက် မန်စီးတီးအသင်းရဲ့ အနာဂတ်က မသေချာ၊ မရေရာတဲ့ ကဏ္ဍများစွာနဲ့ ရင်ဆိုင်နေရတာပါ။ ဒါ့အပြင် အသင်းအတွင်း မသေချာသေးတဲ့ နောက်တစ်ချက်ကတော့ ဘာနာဒိုဆေးလ်ဗားတစ်ယောက်

အင်္ဂလန်အခြေစိုက်ကလပ်ကနေ ပြောင်းရွှေ့နိုင်ဖို့ တက်တက်ကြွကြွ ကြိုးစားနေတယ်လို့ ထင်ကြေးပေးခံနေရတဲ့ အချက်ပါပဲ။ ဆေးလ်ဗားဟာ ဖရန်ကီဒီဂျောင်ရဲ့နေရာမှာ အစားထိုးဖို့ ဘာစီလိုနာရဲ့ လိုလိုချင်ချင် ချိတ်ဆက်မှုကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေအတွင်း လက်ခံရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ငွေကြေးအမြောက်အမြား မသုံးစွဲနိုင်ခဲ့တဲ့ ဘာကာတို့ကြောင့် ဘာနာဒိုဟာ လက်ရှိရာသီဝက်အထိ အီးတီးဟတ်မှာ သူ့ရဲ့ (၆) နှစ်မြောက်ရာသီအဖြစ် ဆက်လက်ဖြတ်သန်း နေရသူပါ။ လာမယ့် နွေစျေးကွက်မှာတော့ ဘာစီလိုနာက သူ့ကိုပြန်ခေါ်ဖို့ ကြိုးစားလာနိုင်သလို မိခင်ကလပ် ဘင်ဖီကာကလည်း လစ္စဘွန်းမြိုးဆီကို

ပြန်လည်ခေါ်ဆောင်ဖို့ ကြိုးစားလာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ပီအက်စ်ဂျီကလည်း ၎င်းတို့ရဲ့ ကမ္ဘာ့အဆင့်တိုက်စစ်ပိုင်းကို ထပ်မံအဆင့်မြှင့်ဖို့ ဆေးလ်ဗားကို စိတ်ဝင်စားလာတယ်လို့ သတင်းတွေ ထွက်ပေါ်လာတာပါ။

ပြင်သစ်သတင်းစာ Le10 Sportရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ မက်ဆီ၊ နေမာ၊ အမ်ဘက်ပီတို့နဲ့အတူ အသက် ၂၈ နှစ်အရွယ် ဘာနာဒိုကို ၎င်းတို့ရဲ့လူစာရင်းမှာ ထပ်မံပေါင်းထည့်ဖို့ စိတ်ကူးလာတာလို့ သိရပါတယ်။ အဆိုပါဖော်ပြချက်မှာပဲ ဘာနာဒိုဆေးဗားလ်ရဲ့ မိုနာကို အသင်းဖော်ဟောင်း အမ်ဘက်ပီနဲ့ မက်ဆီတို့က မန်စီးတီးစတားကို

ရာသီကုန်မှာ အသင်းထံ ခေါ်ပေးဖို့ စိတ်တူသဘောတူ တင်ပြထားကြတယ်လို့ သိရပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် သူ့ကို ခေါ်ယူချင်ရင် ပေါင်သန်း ၇၀ လောက်ထိ သုံးစွဲရနိုင်ပါတယ်။

ဘာစီလိုနာ အဲ့လိုသုံးစွဲဖို့ ဘဏ္ဍာရေးဆိုင်ရာ မတောင့်တင်းသလို ဘင်ဖီကာဟာ အပြောင်းအရွှေ့စျေးကွက်မှာ ပေါင်သန်း ၄၀ ထက် ပိုမသုံးဖူးပါဘူး။ ဒါကြောင့် ဘဏ္ဍာရေးဆိုင်ရာမှာ အကောင်းဆုံးအနေအထား ရှိနေတဲ့ ပီအက်စ်ဂျီကပဲ ဘာနာဒိုဆေးလ်ဗားကိုခေါ်ဖို့ ပိုမိုအခွင့်အလမ်းသာနေပါတယ်။

Zawgyi

မန္စီးတီးစတားကို ေခၚေပးဖို႔ မက္ဆီနဲ႕ အမ္ဘက္ပီ စိတ္တူသေဘာတူ ေတာင္းဆိုထား

ပရီးမီးယားလိဂ္ရဲ႕ ဘ႑ာေရးစည္းမ်ဥ္း ၁၀၀ ေက်ာ္ကို ခ်ိဳးေဖာက္ထားတယ္လို႔ စြပ္စြဲခံရၿပီးေနာက္ မန္စီးတီးအသင္းရဲ႕ အနာဂတ္က မေသခ်ာ၊ မေရရာတဲ့ က႑မ်ားစြာနဲ႕ ရင္ဆိုင္ေနရတာပါ။ ဒါ့အျပင္ အသင္းအတြင္း မေသခ်ာေသးတဲ့ ေနာက္တစ္ခ်က္ကေတာ့ ဘာနာဒိုေဆးလ္ဗားတစ္ေယာက္

အဂၤလန္အေျခစိုက္ကလပ္ကေန ေျပာင္းေ႐ႊ႕နိုင္ဖို႔ တက္တက္ႂကြႂကြ ႀကိဳးစားေနတယ္လို႔ ထင္ေၾကးေပးခံေနရတဲ့ အခ်က္ပါပဲ။ ေဆးလ္ဗားဟာ ဖရန္ကီဒီေဂ်ာင္ရဲ႕ေနရာမွာ အစားထိုးဖို႔ ဘာစီလိုနာရဲ႕ လိုလိုခ်င္ခ်င္ ခ်ိတ္ဆက္မႈကို ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေတြအတြင္း လက္ခံရရွိခဲ့သူလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ေငြေၾကးအေျမာက္အျမား မသုံးစြဲနိုင္ခဲ့တဲ့ ဘာကာတို႔ေၾကာင့္ ဘာနာဒိုဟာ လက္ရွိရာသီဝက္အထိ အီးတီးဟတ္မွာ သူ႕ရဲ႕ (၆) ႏွစ္ေျမာက္ရာသီအျဖစ္ ဆက္လက္ျဖတ္သန္း ေနရသူပါ။ လာမယ့္ ေႏြေစ်းကြက္မွာေတာ့ ဘာစီလိုနာက သူ႕ကိုျပန္ေခၚဖို႔ ႀကိဳးစားလာနိုင္သလို မိခင္ကလပ္ ဘင္ဖီကာကလည္း လစၥဘြန္းၿမိဳးဆီကို

ျပန္လည္ေခၚေဆာင္ဖို႔ ႀကိဳးစားလာဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေပၚထားပါတယ္။ ဒါေပမယ့္ အခုအခါမွာေတာ့ ပီအက္စ္ဂ်ီကလည္း ၎တို႔ရဲ႕ ကမာၻ႔အဆင့္တိုက္စစ္ပိုင္းကို ထပ္မံအဆင့္ျမႇင့္ဖို႔ ေဆးလ္ဗားကို စိတ္ဝင္စားလာတယ္လို႔ သတင္းေတြ ထြက္ေပၚလာတာပါ။

ျပင္သစ္သတင္းစာ Le10 Sportရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီဟာ မက္ဆီ၊ ေနမာ၊ အမ္ဘက္ပီတို႔နဲ႕အတူ အသက္ ၂၈ ႏွစ္အ႐ြယ္ ဘာနာဒိုကို ၎တို႔ရဲ႕လူစာရင္းမွာ ထပ္မံေပါင္းထည့္ဖို႔ စိတ္ကူးလာတာလို႔ သိရပါတယ္။ အဆိုပါေဖာ္ျပခ်က္မွာပဲ ဘာနာဒိုေဆးဗားလ္ရဲ႕ မိုနာကို အသင္းေဖာ္ေဟာင္း အမ္ဘက္ပီနဲ႕ မက္ဆီတို႔က မန္စီးတီးစတားကို

ရာသီကုန္မွာ အသင္းထံ ေခၚေပးဖို႔ စိတ္တူသေဘာတူ တင္ျပထားၾကတယ္လို႔ သိရပါတယ္။ ေဆးလ္ဗားဟာ မန္စီးတီးနဲ႕ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးတာေၾကာင့္ သူ႕ကို ေခၚယူခ်င္ရင္ ေပါင္သန္း ၇၀ ေလာက္ထိ သုံးစြဲရနိုင္ပါတယ္။

ဘာစီလိုနာ အဲ့လိုသုံးစြဲဖို႔ ဘ႑ာေရးဆိုင္ရာ မေတာင့္တင္းသလို ဘင္ဖီကာဟာ အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ေပါင္သန္း ၄၀ ထက္ ပိုမသုံးဖူးပါဘူး။ ဒါေၾကာင့္ ဘ႑ာေရးဆိုင္ရာမွာ အေကာင္းဆုံးအေနအထား ရွိေနတဲ့ ပီအက္စ္ဂ်ီကပဲ ဘာနာဒိုေဆးလ္ဗားကိုေခၚဖို႔ ပိုမိုအခြင့္အလမ္းသာေနပါတယ္။