Spots news

ဟယ်ရီကိန်းနဲ့ အိုဆင်မ်ဟန်းမရရင် အေဘရာဟမ်ကို မန်ယူခေါ်မယ်

Unicode

ဟယ်ရီကိန်းနဲ့ အိုဆင်မ်ဟန်းမရရင် အေဘရာဟမ်ကို မန်ယူခေါ်မယ်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်ပစ်မှတ်တွေဖြစ်တဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်းတို့ကို မခေါ်ယူနိုင်ခဲ့ရင် ရိုးမားရဲ့ တမ်မီအေဘရာဟမ်ကို ခေါ်ယူဖို့ သူတို့ရဲ့ အပြောင်းအရွှေ့ပစ်မှတ် လျာထားစာရင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

လာမယ့်နွေစျေးကွက်မှာ တိုက်စစ်မှူး တစ်ဦးဦးကို သေချာပေါက် ခေါ်ယူဖို့ရှိနေတဲ့ သရဲနီတို့ဟာ ချဲလ်ဆီးကစားသမားဟောင်း အေဘရာဟမ်ကိုလည်း backup plan ကစားသမားတွေထဲက တစ်ယောက်အဖြစ် ထည့်သွင်းထားတယ်လို့ Telegraph ရဲ့အဆိုအရ သိရတာပါ။

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟာ ယင်းရဲ့ကစားသမားဘဝ အစပိုင်းကို ချဲလ်ဆီးနဲ့ ဖြတ်သန်းထားခဲ့သူပါ။ ဒါပေမယ့် ပုံမှန်ပွဲထွက်ခွင့် မရခဲ့တာကြောင့် စတမ်းဖို့ဘရစ်ချ်ကို စွန့်ခွာပြီး မော်ရင်ဟိုရဲ့ ရိုးမားအသင်းကို ပြောင်းရွှေ့ခဲ့သူပါ။ အေဗရာဟမ်ဟာ ရိုးမားကို ရောက်စက တကယ်ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့ပေမယ့်

လက်ရှိရာသီမှာတော့ ခြေစွမ်းအနည်းငယ် ကျဆင်းနေပြီး မန်ယူတို့အနေနဲ့ တကယ် ခေါ်ယူသင့်လားဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ အေဗရာဟမ်ကို ပရီးမီးယားလိဂ်မှာ ပြန်မြင်ရဖို့ဆိုတာ စိတ်ဝင်စားစရာတစ်ခု ဖြစ်ပေမယ့် ယူနိုက်တက်ဘက်ကတော့ ဟယ်ရီကိန်းနဲ့ အိုဆင်မ်ဟန်းတို့လို ပိုမိုအဆင့်မြင့်တဲ့ တိုက်စစ်မှူးတွေကိုပဲ အလိုရှိနေပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း ဟယ်ရီကိန်းရဲ့ ဂိုးသွင်းစွမ်းရည်က မေးခွန်းထုတ်စရာ မဟုတ်သလို အိုဆင်မ်ဟန်းကလည်း အချိန်နဲ့အမျှ တိုးတက်နေပြီး အေဘရာဟမ်ထက် တစ်ဆင့်မြင့်တဲ့ နေရာမှာ ရှိနေပါတယ်။ ဒါပေမယ့် အဆိုပါ ကစားသမားတွေကို သက်ဆိုင်ရာကလပ်တွေက အလွယ်တကူ ဆုံးရှုံးခံမှာ မဟုတ်တာကြောင့် ယူနိုက်တက်တို့အနေနဲ့ အရန်ပစ်မှတ်တွေကိုပါ ထပ်မံရှာဖွေနေတာ ဖြစ်ပါတယ်။

Zawgyi

ဟယ္ရီကိန္းနဲ႕ အိုဆင္မ္ဟန္းမရရင္ ေအဘရာဟမ္ကို မန္ယူေခၚမယ္

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ သူတို႔ရဲ႕ အဓိက တိုက္စစ္ပစ္မွတ္ေတြျဖစ္တဲ့ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းနဲ႕ နာပိုလီတိုက္စစ္မႉး ဗစ္တာ အိုဆင္မ္ဟန္းတို႔ကို မေခၚယူနိုင္ခဲ့ရင္ ရိုးမားရဲ႕ တမ္မီေအဘရာဟမ္ကို ေခၚယူဖို႔ သူတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ပစ္မွတ္ လ်ာထားစာရင္းမွာ ထည့္သြင္းထားတယ္လို႔ သိရပါတယ္။

လာမယ့္ေႏြေစ်းကြက္မွာ တိုက္စစ္မႉး တစ္ဦးဦးကို ေသခ်ာေပါက္ ေခၚယူဖို႔ရွိေနတဲ့ သရဲနီတို႔ဟာ ခ်ဲလ္ဆီးကစားသမားေဟာင္း ေအဘရာဟမ္ကိုလည္း backup plan ကစားသမားေတြထဲက တစ္ေယာက္အျဖစ္ ထည့္သြင္းထားတယ္လို႔ Telegraph ရဲ႕အဆိုအရ သိရတာပါ။

အဂၤလန္လက္ေ႐ြးစင္ တိုက္စစ္မႉးဟာ ယင္းရဲ႕ကစားသမားဘဝ အစပိုင္းကို ခ်ဲလ္ဆီးနဲ႕ ျဖတ္သန္းထားခဲ့သူပါ။ ဒါေပမယ့္ ပုံမွန္ပြဲထြက္ခြင့္ မရခဲ့တာေၾကာင့္ စတမ္းဖို႔ဘရစ္ခ်္ကို စြန့္ခြာၿပီး ေမာ္ရင္ဟိုရဲ႕ ရိုးမားအသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူပါ။ ေအဗရာဟမ္ဟာ ရိုးမားကို ေရာက္စက တကယ္ေကာင္းမြန္တဲ့ ေျခစြမ္းေတြကို ျပသထားနိုင္ခဲ့ေပမယ့္

လက္ရွိရာသီမွာေတာ့ ေျခစြမ္းအနည္းငယ္ က်ဆင္းေနၿပီး မန္ယူတို႔အေနနဲ႕ တကယ္ ေခၚယူသင့္လားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။ ေအဗရာဟမ္ကို ပရီးမီးယားလိဂ္မွာ ျပန္ျမင္ရဖို႔ဆိုတာ စိတ္ဝင္စားစရာတစ္ခု ျဖစ္ေပမယ့္ ယူနိုက္တက္ဘက္ကေတာ့ ဟယ္ရီကိန္းနဲ႕ အိုဆင္မ္ဟန္းတို႔လို ပိုမိုအဆင့္ျမင့္တဲ့ တိုက္စစ္မႉးေတြကိုပဲ အလိုရွိေနပါတယ္။

ပရီးမီးယားလိဂ္ ၿပိဳင္ပြဲအတြင္း ဟယ္ရီကိန္းရဲ႕ ဂိုးသြင္းစြမ္းရည္က ေမးခြန္းထုတ္စရာ မဟုတ္သလို အိုဆင္မ္ဟန္းကလည္း အခ်ိန္နဲ႕အမွ် တိုးတက္ေနၿပီး ေအဘရာဟမ္ထက္ တစ္ဆင့္ျမင့္တဲ့ ေနရာမွာ ရွိေနပါတယ္။ ဒါေပမယ့္ အဆိုပါ ကစားသမားေတြကို သက္ဆိုင္ရာကလပ္ေတြက အလြယ္တကူ ဆုံးရႈံးခံမွာ မဟုတ္တာေၾကာင့္ ယူနိုက္တက္တို႔အေနနဲ႕ အရန္ပစ္မွတ္ေတြကိုပါ ထပ္မံရွာေဖြေနတာ ျဖစ္ပါတယ္။