Unicode
အမှုရင်ဆိုင်ဖို့ ဒီဘရိုင်းရဲ့လစာမျိုးပေးရမယ့် နာမည်ကျော်ရှေ့နေကို ငှားရမ်းလိုက်တဲ့ မန်စီးတီး
မန်စီးတီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်နဲ့ ရင်ဆိုင်နေရတဲ့ အမှုကိစ္စအတွက် ထိပ်တန်းရှေ့နေကို ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။ တစ်ချိန်က အသင်းအတွက် လိုက်ပေးခဲ့တဲ့ အမှုကို နိုင်ခဲ့ဖူးသူ Blackstone Chamber ရဲ့ Lord Pannick KC ကို မန်စီးတီးက နောက်တစ်ကြိမ် ငှားရမ်းခဲ့တာပါ။
ပန်နစ်ခ်ဟာ ၂၀၂၀ တုန်းက UEFA က စွဲချက်တင်ခဲ့တဲ့ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုပြဿနာမှာ မန်စီးတီးဘက်က ရှေ့နေ့အဖွဲ့ကို ဦးဆောင်ခဲ့သူပဲ ဖြစ်ပါတယ်။ ပန်နစ်ခ်နဲ့ စီးတီးရဲ့ ပက်သက်မှုက ထင်ထားတာထက် ပိုရှည်ပြီး ၂၀၀၁ တုန်းကလည်း နည်းပြဟောင်း ဂျိုးရွိုင်းကို ထုတ်ပယ်စဉ်က ဖြစ်ခဲ့ဖူးတဲ့ လစာကိစ္စကိုလည်း ပန်နစ်ခ်ကပဲ အသင်းကိုယ်စာ ဖြေရှင်းပေးခဲ့ဖူးပါတယ်။
အခု ပရီးမီးယားလိဂ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အမှုမှာလည်း အမှု ၃ ခုကိုင် ၃ ခုလုံးနိုင်အောင် ပန်နစ်ခ်စွမ်းဆောင်နိုင်လိမ့်မယ်လို့ မန်စီးတီးက ယုံကြည်နေပါတယ်။ ဒါပေမယ့် ယခုတစ်ကြိမ် ရင်ဆိုင်ရမယ့် အမှုကတော့ မန်စီးတီးအတွက် သမိုင်းတစ်လျှောက် အကြီးမားဆုံး ပြဿနာတစ်ခုလည်း ဖြစ်နေပါတယ်။
ပန်နစ်ခ်ရဲ့ ဝန်ဆောင်ခကလည်း နည်းတဲ့ပမာဏ မဟုတ်ပါဘူး။ နာမည်ကျော်ရှေ့နေပီပီ သူ့ရဲ့ဝန်ဆောင်ခကို နာရီအလိုက်ယူပြီး အမှုအနေအထားပေါ် မူတည်ကာ တစ်နာရီကို ပေါင် ၅၀၀၀ ကနေ ပေါင် ၁၀၀၀၀ ထိ ကျသင့်ပါတယ်။ ကိန်းဂဏန်းနဲ့တင် ရူးသွပ်ချင်စရာဖြစ်ပြီး မန်စီးတီးရဲ့ အမှုကိုစလိုက်တာနဲ့ တစ်ပတ်စာအတွက် အမှုလိုက်ခဟာ ပေါင် ၄၀၀၀၀၀ ထိ မြင့်တက်လာဖို့ရှိနေပါတယ်။
ဒါကြောင့် မန်စီးတီးအတွက် အမှုလိုက်ပေးရင် ပန်နစ်ခ်ရဲ့ အမှုလိုက်ခက အသင်းရဲ့ အဓိက ကစားသမား ကယ်ဗင်ဒီဘရိုင်းရဲ့ လစာနဲ့ တူညီသွားမှာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေအရ ပရီးမီးယားလိဂ်ဟာ မန်စီးတီးကို ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုများစွာနဲ့ စွဲချက်တင်ထားပြီး အမှုသာရှုံးနိမ့်ရင် အလွန်ပြင်းထန်တဲ့ ဒဏ်ခတ်မှုမျိုးတွေကို မန်စီးတီးတို့ ရင်ဆိုင်ရနိုင်ပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိကာလမှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပေမယ့် ဒီအချက်ကိုလည်း သက်သေပြဖို့ လိုအပ်နေပါတယ်။ တစ်ဖက်မှာလည်း အသင်းတွင်း ပြဿနာတစ်ချို့ ရှိနေပုံရပြီး နည်းပြ ဂွာဒီယိုလာကိုယ်တိုင်က ၂၀၂၃-၂၄ ရာသီ မစမီ အသင်းက ထွက်ခွာနိုင်တဲ့ အခြေအနေမျိုးထိပါ ဖြစ်လာဖွယ် ရှိနေပါတယ်။
Zawgyi
အမႈရင္ဆိုင္ဖို႔ ဒီဘရိုင္းရဲ႕လစာမ်ိဳးေပးရမယ့္ နာမည္ေက်ာ္ေရွ႕ေနကို ငွားရမ္းလိုက္တဲ့ မန္စီးတီး
မန္စီးတီးအသင္းဟာ လက္ရွိပရီးမီးယားလိဂ္နဲ႕ ရင္ဆိုင္ေနရတဲ့ အမႈကိစၥအတြက္ ထိပ္တန္းေရွ႕ေနကို ငွားရမ္းခဲ့တယ္လို႔ သိရပါတယ္။ တစ္ခ်ိန္က အသင္းအတြက္ လိုက္ေပးခဲ့တဲ့ အမႈကို နိုင္ခဲ့ဖူးသူ Blackstone Chamber ရဲ႕ Lord Pannick KC ကို မန္စီးတီးက ေနာက္တစ္ႀကိမ္ ငွားရမ္းခဲ့တာပါ။
ပန္နစ္ခ္ဟာ ၂၀၂၀ တုန္းက UEFA က စြဲခ်က္တင္ခဲ့တဲ့ ဘ႑ာေရး စည္းမ်ဥ္းခ်ိဳးေဖာက္မႈျပႆနာမွာ မန္စီးတီးဘက္က ေရွ႕ေန႕အဖြဲ႕ကို ဦးေဆာင္ခဲ့သူပဲ ျဖစ္ပါတယ္။ ပန္နစ္ခ္နဲ႕ စီးတီးရဲ႕ ပက္သက္မႈက ထင္ထားတာထက္ ပိုရွည္ၿပီး ၂၀၀၁ တုန္းကလည္း နည္းျပေဟာင္း ဂ်ိဳး႐ြိုင္းကို ထုတ္ပယ္စဥ္က ျဖစ္ခဲ့ဖူးတဲ့ လစာကိစၥကိုလည္း ပန္နစ္ခ္ကပဲ အသင္းကိုယ္စာ ေျဖရွင္းေပးခဲ့ဖူးပါတယ္။
အခု ပရီးမီးယားလိဂ္နဲ႕ ထိပ္တိုက္ရင္ဆိုင္ရမယ့္ အမႈမွာလည္း အမႈ ၃ ခုကိုင္ ၃ ခုလုံးနိုင္ေအာင္ ပန္နစ္ခ္စြမ္းေဆာင္နိုင္လိမ့္မယ္လို႔ မန္စီးတီးက ယုံၾကည္ေနပါတယ္။ ဒါေပမယ့္ ယခုတစ္ႀကိမ္ ရင္ဆိုင္ရမယ့္ အမႈကေတာ့ မန္စီးတီးအတြက္ သမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံး ျပႆနာတစ္ခုလည္း ျဖစ္ေနပါတယ္။
ပန္နစ္ခ္ရဲ႕ ဝန္ေဆာင္ခကလည္း နည္းတဲ့ပမာဏ မဟုတ္ပါဘူး။ နာမည္ေက်ာ္ေရွ႕ေနပီပီ သူ႕ရဲ႕ဝန္ေဆာင္ခကို နာရီအလိုက္ယူၿပီး အမႈအေနအထားေပၚ မူတည္ကာ တစ္နာရီကို ေပါင္ ၅၀၀၀ ကေန ေပါင္ ၁၀၀၀၀ ထိ က်သင့္ပါတယ္။ ကိန္းဂဏန္းနဲ႕တင္ ႐ူးသြပ္ခ်င္စရာျဖစ္ၿပီး မန္စီးတီးရဲ႕ အမႈကိုစလိုက္တာနဲ႕ တစ္ပတ္စာအတြက္ အမႈလိုက္ခဟာ ေပါင္ ၄၀၀၀၀၀ ထိ ျမင့္တက္လာဖို႔ရွိေနပါတယ္။
ဒါေၾကာင့္ မန္စီးတီးအတြက္ အမႈလိုက္ေပးရင္ ပန္နစ္ခ္ရဲ႕ အမႈလိုက္ခက အသင္းရဲ႕ အဓိက ကစားသမား ကယ္ဗင္ဒီဘရိုင္းရဲ႕ လစာနဲ႕ တူညီသြားမွာ ျဖစ္ပါတယ္။ လက္ရွိျဖစ္ေပၚေနတဲ့ ျပႆနာေတြအရ ပရီးမီးယားလိဂ္ဟာ မန္စီးတီးကို ဘ႑ာေရးစည္းမ်ဥ္း ခ်ိဳးေဖာက္မႈမ်ားစြာနဲ႕ စြဲခ်က္တင္ထားၿပီး အမႈသာရႈံးနိမ့္ရင္ အလြန္ျပင္းထန္တဲ့ ဒဏ္ခတ္မႈမ်ိဳးေတြကို မန္စီးတီးတို႔ ရင္ဆိုင္ရနိုင္ပါတယ္။
မန္စီးတီးအသင္းဟာ လက္ရွိကာလမွာ စီးပြားေရးအင္အား အေတာင့္တင္းဆုံး အသင္းေတြထဲက တစ္သင္းျဖစ္ေပမယ့္ ဒီအခ်က္ကိုလည္း သက္ေသျပဖို႔ လိုအပ္ေနပါတယ္။ တစ္ဖက္မွာလည္း အသင္းတြင္း ျပႆနာတစ္ခ်ိဳ႕ ရွိေနပုံရၿပီး နည္းျပ ဂြာဒီယိုလာကိုယ္တိုင္က ၂၀၂၃-၂၄ ရာသီ မစမီ အသင္းက ထြက္ခြာနိုင္တဲ့ အေျခအေနမ်ိဳးထိပါ ျဖစ္လာဖြယ္ ရွိေနပါတယ္။