Unicode Version
ခရစ္စတယ်ပဲလေ့စ်နှင့် ကစားမည့်ပွဲရဲ့ လူစာရင်းမှာ တိုက်စစ်မှုး ကာဗာနီက ပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်။ အင်္ဂါနေ့ လေ့ကျင့်ခန်းကို ကာဗာနီက လာရောက်ခဲ့တာဖြစ်ပြီး
ယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့မှာ ပဲလေ့စ်ရဲ့အိမ်ကွင်း သို့သွားရောက်ကစားရမှာဖြစ်ကာ ၄ပွဲလောက် လွဲချော်ခဲ့ပြီးနောက် ပြန်လည်ကစားနိုင်ဖို့ နည်းပြဆိုးလ်ရှားက မျှော်လင့်နေပါတယ်။
“ဒီမနက်မှာ ကျွန်တော်တို့က လေ့ကျင့်ခန်းဆင်းခဲ့ကြပါတယ်။ အပေါ့စားလေ့ကျင့်ခန်းဆင်းခဲ့တာဖြစ်ပြီး အဆင်ပြေပါတယ်။ သံသယဖြစ်ဖွယ်ရာတွေရှိသော်လည်း ကျွန်တော်တို့က ဖြစ်နိုင်သလောက် အချိန်တွေ ပေးထားပါတယ်။
ကာဗာနီက ကောင်းကောင်းလေ့ကျင့်ခန်းဆင်းနေပါတယ်။ ဘာမှမဖြစ်ဖို့အတွက် မျှော်လင့်ရမှာဖြစ်ပြီး သူကတော့ အသင်းနှင့်အတူ လိုက်ပါလာမှာဖြစ်ပါတယ်”လို့ ဆိုးလ်ရှားက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သို့သော်လည်း ဆိုးလ်ရှားက ပေါ့ဂ်ဘာကို လက်လွှတ်ထားရမှာဖြစ်ပြီး ကွင်းလယ်ကစားသမားက ဒဏ်ရာကနေ ပြန်လည် သက်သာလာနေတုန်းဖြစ်ပါတယ်။ သူဟာ တစ်လလောက် နားနေခဲ့ရတာဖြစ်ပြီး လေ့ကျင့်ခန်းတော့ ပြန် မဆင်းနိုင်သေးတာဖြစ်ပါတယ်။
“ပေါလ်က အဆင်သင့်မဖြစ်သေးပါဘူး။ သူက သက်သာလာနေပါပြီ၊ အသင်းနှင့်အတူ လေ့ကျင့်ခန်းတော့မဆင်း သေးပါဘူး၊ ဒါ့ကြောင့် လန်ဒန်ကိုတော့ သူလိုက်လာမှာမဟုတ်ပါဘူး”လို့ ဆိုးလ်ရှားက ပြောပါတယ်။
အင်္ဂါနေ့မှာ ဂွါဒီယိုလာရဲ့အသင်းက ဝုဗ်ကို အနိုင်ရရှိခဲ့ပါက ယူနိုက်တက်ရဲ့ပဲလေ့စ်နှင့်မကစားမီမှာ ၁၅မှတ်အသာ ဖြင့် ဦးဆောင်နိုင်နေမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ဆိုးလ်ရှားရဲ့အသင်းဟာ လိဂ်ပွဲ ၂ပွဲသာ အနိုင်ရရှိခဲ့ပြီး ကစား သမားများအပေါ်မှာ ဖိအားတွေရှိနေပါတယ်ဆိုတဲ့ ပြောဆိုမှုကို ငြင်းဆိုခဲ့တာဖြစ်ပါတယ်
“အသင်းမှာ လုံးဝဖိအားမရှိပါဘူး၊ ကျွန်တော်တို့က ပျော်ပျော်ရွှင်ရွှင်ပဲ ထိပ်ဆုံးသို့ရောက်အောက် လုပ်ဆောင်မှာပါ။ ပြိုင်ဘက်အသင်းများရဲ့ အရည်အချင်း၊ နည်းစနစ်တွေကလည်း ကောင်းမွန်နေပါတယ်။ ဖိအားရှိလားဆိုတာ့ မရှိပါ ဘူး၊ ဒါက ပရီးမီးယားလိဂ်ပဲဖြစ်ပါတယ် ” လို့ ဆိုးလ်ရှားက ပြောပါတယ်။