Spots news

ရာသီသစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်တယ်လို့ တူချယ် ပြောဆို

Unicode Version

ချဲလ်ဆီးအသင်းအနေနဲ့ နောက်ဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၇ နောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့အသင်းနဲ့ အမှတ်ကွာဟမှုမြင့်မားခဲ့ပေမယ့် ရာသီသစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တယ်လို့ နည်းပြသောမတ်စ်တူချယ်က ကြုံးဝါးလိုက်ပါတယ်။

ချဲလ်ဆီးဟာ နောက်ဆုံး ၃ရာသီအတွင်း ချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေနဲ့ အမှတ် ၃၀၊ ၂၆ မှတ်၊ ၃၃ မှတ်အသီးသီးလျော့နည်းခဲ့ပြီး လက်ရှိအချိန်မှာလည်း ထိပ်ဆုံးက မန်စီးတီးနဲ့ ၂၁မှတ်အထိ ကွာဟနေပါတယ်။

ဒါပေမဲ့ ယနေ့ညမှာ လက်ရှိချန်ပီယံ လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင် နည်းပြ တူချယ်ကတော့ ရာသီသစ်မှာ ဖလားရရှိရေးကြိုးစားတဲ့အခါ အကြောင်းပြချက်တွေပေးဖို့ ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောပါတယ်။

”ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ချက် ထားတာမျိုး မလုပ်သင့်ပါဘူး။ ပြီးတော့ အကြောင်းပြ ချက်ပေးဖို့လည်း ပြင်ဆင်မထားသင့်ပါဘူး။ အမှတ်ကွာဟချက် မြင့်မားနေတာ သိပေမယ့် တကယ်ဖြစ်နိုင်ခြေ

ကိုကြည့်တာက ပိုကောင်းမယ် ထင်ပါတယ်။ ဒီရာသီမှာ မန်စီးတီးကို လိုက်မီဖို့ကမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ရာသီသစ် ကျရင်တော့ ကျွန်တော်တို့အားလုံး ဝ မှတ်ကနေ အတူတူတာထွက်ကြရမှာလေ”လို့ တူချယ်က ပြောပါတယ်။