Spots news

ပဲလေစ့်နဲ့ ပွဲကို ကိုယ်ရေးကိုယ်တာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ဒေးဗစ်ဒီဂီယာ

Unicode Version

ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီးနောက်မှာတော့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံမှာ သုံးပွဲဆက် ဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။

ယမန်နေ့က ပွဲမှာ ဂိုးသမားဒီဂီယာမပါဝင်နိုင်ခဲ့တာဟာသူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ဖြစ်တယ်ဆိုပြီး ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားကပြောပါတယ်။ ဒီဂီယာ မထွက်နိုင်လို့ ဟန်ဒါဆန်တစ်ယောက် အခွင့်အရေးရခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားက“ဒီဂီယာဟာကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်အသင်းပွဲစဉ်ကို မပါဝင် နိုင်တာပါ။ ဒီဂီယာဘယ်အချိန်ပြန်ကစားနိုင်မလဲဆိုတာကျွန်တော်ပြန်ပြောမှာပါ။”

“ယူနိုက်တက် ဂိုးသမားဆိုတာ အာရုံစူးစိုက်မှုတွေအမြဲတမ်း ရှိထားရပါမယ်။ အခုပြီးခဲ့တဲ့ပွဲမှာ ဟန်ဒါဆန်ရဲ့လက်စွမ်းပြ ကာကွယ်မှုတွေအတွက် ကျေးဇူးတင်ရှိပါတယ်။” လို့ပြောပါတယ်။

ဂိုးသမား ဟန်ဒါဆန်ဟာ ယခုနှစ်ဘောလုံးရာသီ တွင် ယူနိုက်တက်အတွက်(14)ပွဲအထိပါဝင်ကစားပြီး နောက် Clean Sheet (10)ပွဲအထိရှိခဲ့ပြီး ပေးဂိုးမှာ (7) ဂိုးအထိသာရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေညမှာတော့ မန်ချက်စတာဒါဘီအဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ အဝေးကွင်းပွဲစဉ် သွားရောက်

ကစားရမှာဖြစ်ပါတယ်။ ဂိုးပေါက်ဆက်တိုက်ပျောက်နေတဲ့ ယူနိုက်တက်ရဲ့ အနေအထားကို ဆက်လက်စောင့်ကြည့်ရအောင်ပါ။