Spots news

ဘရူနိုဖာနန်ဒက်စ်ကို PSG ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း ချဲဆီးနည်းပြတူချယ်ပြော

Unicode Version

ချယ်လ်ဆီးနည်းပြတူချယ်လ်က PSG အသင်းကို ကိုင်တွယ်နေစဉ်က ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက လက်ဦးမှုရယူနိုင်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ပြီးခဲ့တဲ့နှစ်၊ဇန်နဝါရီလတုန်းက စပို့တင်းလစ္စဘွန်းအသင်းဆီကနေ ပေါင်(၄၇)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခုအချိန်မှာ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းအတွက် မရှိမဖြစ်တဲ့ကစားသမားတစ်ဦးဖြစ်နေပါပြီ။

စပို့တင်းလစ္စဘွန်းမှာ ဘရူနိုဖာနန်ဒက်စ်ကစားနေကတည်းက PSG အားကစားဒါရိုက်တာဟောင်းဖြစ်သူ ဟင်းနရစ်က ခေါ်ယူဖို့ တူချယ်လ်ကို တိုက်တွန်းခဲ့ပြီး တူချယ်လ်ကလည်း

ဘရူနိုဖာနန်ဒက်စ် ရဲ့စွမ်းဆောင်ရည်ကို ကြိုက်နှစ်သက်တာကြောင့် ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် ကာယကံရှင်က ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တူချယ်လ်က “ကျွန်တော်တို့ဟာ ဘရူနိုဖာနန်ဒက်စ်ကို ဆက်သွယ်နိုင်ဖို့နဲ့ ခေါ်ယူနိုင်ဖို့အတွက် အသည်းအသန်ကြိုးပမ်းခဲ့ဖူးပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကစားခဲ့တဲ့ပွဲတွေ အများကြီးကို ကျွန်တော်တို့ စောင့်ကြည့်ခဲ့ပြီး အပြောင်းအရွှေ့ဖြစ်မြောက်စေဖို့ ကစားသမားဆီ ကြိုးစားဆက်သွယ်ခဲ့ကြပါတယ်။

ဒါပေမဲ့ သူက ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ပြီးသားဖြစ်နေတာပါ။ ဘရူနိုဖာနန်ဒက်စ်နဲ့ ကျွန်တော် လူကိုယ်တိုင်မတွေ့ခဲ့ရပေမယ့် သူ့ကို ခေါ်ယူနိုင်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

အခု သူနဲ့ပြိုင်ဘက်အဖြစ် ရင်ဆိုင်‌ နေရတာကျွန်တော်တို့အတွက် ကံမကောင်းဘူးလို့ပဲပြောရမှာပါ”လို့ ဆိုခဲ့ပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို စတင်ရောက်ရှိခဲ့ကတည်းက အကောင်းဆုံးခြေစွမ်းပြနေပြီး ဒီရာသီမှာလည်း (၂၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၃)ကြိမ်အထိပြုလုပ်ထားတာဖြစ်ပါတယ်။

တူချယ်လ်က ဘရူနိုဖာနန်ဒက်စ်ဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး သူ့ကို လေးစားမှုအပြည့်ရှိကြောင်း၊ ယူနိုက်တက်အသင်းကို သူ့တစ်ယောက်တည်းအားနဲ့ ရလဒ်ကောင်းအောင် ဦးဆောင်နိုင်စွမ်းရှိကြောင်း ချီးကျူးစကားဆိုခဲ့ပါတယ်။