Spots news

ဇနီးသည်မီးဖွားမှာဖြစ်လို့ ယူနိုက်တက်ဆီက ခွင့် ရရှိထားတဲ့ ဒီဂီယာ

Unicode Version

ယူနိုက်တက်ရဲ့ ပထမဦးစားပေး ဂိုးသမားဖြစ်သူ ဒီဂီယာဟာ ဇနီးသည်ဖြစ်သူ ပေါ့ပ်စတား အက်ဒယူနီ မီးဖွားမှာဖြစ်သည့် အတွက် စပိန်သို့ခွင့်ပြန်မှာဖြစ်ပြီး ဟန်ဒါဆင်ကတော့ အသင်းရဲပွဲစဉ် ၆ပွဲကို ကစားသွားရ ဖွယ်ရှိနေပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်မှာ ပျော်ရွင်စွာ ကစားနေတာဖြစ်ပြီး နည်းပြကြီးဆိုးလ်ရှားကတော့ အသက် ၃၀ အရွယ် ဂိုးသမားကို နိုင်ငံတကာပွဲများပြီးတဲ့အထိ မိသားစုနှင့်အတူ နေထိုင်ဖို့ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ ဒီလို ခွင့်ပေးလိုက်မှုကြောင့် ဟန်ဒါဆင်ဟာ အသင်းရဲ့နံပါတ် ၁ဂိုးသမားဖြစ်သွားတာဖြစ်ပြီး ရှက်ဖီးလ် ယူနိုက်တက်မှာ အငှား ၂နှစ်သွားရောက် ကစားခဲ့ပြီးနောက်

အောက်တိုဘာလ တွင် အိုးထရက်ဖို့ဒ်သို့ ပြန်ရောက်လာပြီး ယူနိုက်တက်နှင့် အင်္ဂလန်လက်ရွေးစင်အသင်း အတွက် နံပါတ် ၁ဂိုးသမား ဖြစ်လိုတဲ့ ဆန္ဒကိုတော့  လျှို့ဝှက်ထား ခြင်းမရှိတာဖြစ်ပါတယ်။

ဟန်ဒါဆင်ဟာ ပဲလေ့စ်နှင့်သရေကျခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး နောက်ပွဲစဉ် များဖြစ်တဲ့ မန်စီးတီး၊ ဝက်စ်ဟမ်း၊ အေစီမီလန် နှင့်ကစားမည့် ယူရိုပါလိဂ် ပထမအကျော့နှင့် ဒုတိယအကျော့၊ လက်စတာ နှင့်ကစားမည့် အက်ဖ်အေ ဖလားကွာတားဖိုင်နယ် ပွဲစဉ်များမှာ ပါဝင် ကစားသွားမှာဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်ကို စတင်တာဝန်ယူခဲ့တဲ့ ဒီဇင်ဘာ ၂၀၁၈ခုနှစ်ကတည်းက စပိန်နိုင်ငံသားဟာ အသင်းမှာ လက်စွမ်းပြ ကစားခဲ့တာဖြစ်သော်လည်း ခွင့်ယူစဉ် ကာလအတွင်း ဟန်ဒါဆင်ကသာ လက်စွမ်းပြခဲ့ပါက နည်းပြ အတွက် ဂိုးသမား ရွေးချယ်မှုမှာ ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။

အင်္ဂလန်သားဟာ ယူနိုက်တက်အတွက် ၁၃ပွဲကစားထားပြီး Clean Sheet ၈ပွဲရယူနိုင်ခဲ့တာဖြစ်သော်လည်း ဒီဂီယာ ကသာ ယူနိုက်တက်ရဲ့ နံပါတ်၁ ဂိုးသမား နေရာကို ထိန်းထားနိုင်တာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ဒီဂီယာခွင့် ပြန်နေတဲ့အချိန်မှာ ဟန်ဒါဆင်ကို နံပါတ်၁ ဂိုးသမား နေရာကနေ ပွဲထွက်ခွင့် ပေးမှာဖြစ်တဲ့ အတွက် ဒီလို ပွဲထွက်ခွင့်ရရှိ ခြင်းဟာ ယူရို ၂၀၂၀ မတိုင်ခင် အင်္ဂလန်လက်ရွေးစင် အသင်းမှာပါဝင်ဖို့ အကျိုးသက် ရောက်မှု ရှိခဲ့ပြီဖြစ်ပါတယ်။

ဟန်ဒါဆင်ဟာ ပဲလေ့စ်နှင့် ကစားခဲ့တဲ့ပွဲမှာ ဗန်အန်ဟော့ရဲ့ အပိုင်ကန်ချက်ကို ကာကွယ်နိုင်ခဲ့ကာ ပွဲအပြီးမှာတော့ ဒီဂီယာရဲ့ အခုပွဲစဉ်မှာ မပါဝင် ရတဲ့အကြောင်းကို ဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။

“ဒါဟာ ပုဂ္ဂိုလ်ရေးရာ ကိစ္စဖြစ်တဲ့ အတွက် ဒီဂီယာအကြောင်းကိုတော့ ကျွန်တော်မပြောနိုင်ပါဘူး။ ဟန်ဒါဆင် ကလည်း သူ့ကိုခေါ်ယူလိုက်တဲ့အချိန်မှာ အဆင်သင့်ဖြစ်နေပြီး ဒါကိုလည်းတွေ့မြင်ခဲ့ရမှာပါ။ သူက အာရုံစူးစိုက်မှု အပြည့်ဖြင့် ကစားခဲ့တာပါ ” လို့ ဆိုးလ်ရှားက ပြောပါတယ်။