Spots news

ဆုဖလားရခဲ့တဲ့ အတိတ်မှာပဲ ဆက်နေလို့ မရတော့ဘူးဟု ရောဘတ်ဆန် ပြောဆို

Unicode Version

လီဗာပူး နောက်ခံလူ အန်ဒီ ရောဘတ်ဆန်က အန်ဖီးလ်မှာ ၅ပွဲဆက် ရှုံးခဲ့ပြီးနောက် အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်ပြီး သတိပေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ မေဆင်မောင့်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ယမန်နေ့ညက အနိုင်ရခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ရောဘတ်ဆန်က လီဗာပူးအနေနဲ့ အတိတ်မှာပဲ နေနေလို့ မရပဲ အကောင်းဆုံးပုံစံရအောင် ကြိုးစားသင့်ပြီလို့ သတိပေးခဲ့ပါတယ်။ ရောဘတ်ဆန်က “ကျွန်တော်တို့ အတိတ်မှာပဲ နေနေလို့ မရပါဘူး။ ယမန်နှစ်ရာသီက ပြီးသွားပါပြီ။ ကျွန်တော်တို့ လီဗာပူး လိုအပ်တဲ့ ကောင်းမွန်မှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး”

“ကျွန်တော်တို့ ထိုးကျလာခဲ့ပြီး လုံလောက်တဲ့ ကောင်းမွန်မှု မရှိပါဘူး။ ဒီပွဲတွေက ကပ်ပြီးရှုံးခဲ့တာ ဖြစ်ပြီး ဒီဂိုးတွေက မပေးသင့်ပါဘူး။ တန်ပြန်တိုက်စစ်တွေက လုံလောက်တဲ့ အနေအထား မရှိပါဘူး။ ၅ပွဲဆက် အိမ်ကွင်းနိုင်ပွဲပျောက်ခဲ့ပြီး အဲ့ဒါက မလုံလောက်ခဲ့ပါဘူး”

“ပွဲတွေက ကျွန်တော်တို့ လိုချင်တဲ့အတိုင်း မဖြစ်လာခဲ့ပဲ အိမ်ကွင်းပရိသတ်တွေကို ဘာမှ ကူညီနိုင်ခဲ့ခြင်း မရှိပါဘူး။ ၁-ဝနဲ့ ရှုံးနေချိန် အားလုံးက ခေါင်းငိုက်စိုက်ကျသွားကြပါတယ်။ ဘောလုံးကစားတယ်ဆိုတာ အခက်အခဲတွေ ရှိတာပါပဲ။

ပွဲတွေက ကုန်လာပြီဖြစ်ပြီး အောက်ကအသင်းတွေကို ဖိအားပေးဖို့ လိုပါတယ်။ လူတွေက ကျွန်တော်တို့ ကျလာပြီလို့ စဉ်းစားနေကြပါတယ်။ အခုအချိန်မှာ အဲ့လို မလုပ်နိုင်သေးပါဘူး”လို့ ပြောခဲ့ပါတယ်။