Spots news

ဘရူနိုကို ပေါ်တူဂီ အသင်းဆီသို့မလွှတ်ဖို့စီစဉ်နေတဲ့ မန်ယူနည်းပြဆိုးလ်ရှား

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ အိုလီဂန်နာဆိုးလ်ရှားဟာ ဒီလထဲမှာကစားမယ့် ပေါ်တူဂီအသင်းရဲ့ ပထမဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွက် ဘရူနိုဖာနန်ဒက်စ်ကို မလွှတ်ဖို့စီစဉ်နေကြောင်း အရိပ်အမြွတ် ပြောသွားခဲ့ပါတယ်။

လက်ရှိယူကေအစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတွေအရ အစိုးရက တားမြစ်ထားတဲ့ နိုင်ငံတွေမှာ ကစားပြီးပြန်လာတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဟာ အစိုးရလကအတည်ပြုထားတဲ့ ဟိုတယ်တွေမှာ ၁၀ ရက်ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။

လီဗာပူးနည်းပြဂျာဂန်ကလော့ပ်ကလည်း အလီဆင်၊ ဖာဘင်ဟို၊ ရော်ဘတ်တိုဖာမီနိုနဲ့ ဒီယိုဂိုဂျိုတာတို့ကို နိုင်ငံအသင်းတွေဆီ စေလွှတ်မှာမဟုတ်ကြောင်း အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း အသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကိုလည်း ထိုနည်းတူ နိုင်ငံအသင်းနဲ့ပူးပေါင်းမှုကို တားမြစ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခြင်း ခံထားရပါတယ်။

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု A မှာ ယူကေအစိုးရက ပုံမှန်အခြေအနေလို့ သတ်မှတ်ထားတဲ့ အဇာဘိုင်ဂျန်(လစ္စဘွန်း)၊ ဆားဘီးယား(ဘဲလ်ဂရိတ်)၊ လူဇင်ဘတ်(လူဇင်ဘတ်) တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

ဒါပေမယ့် အနီရောင်အဆင့်စာရင်းမှာ မပါဝင်ပေမယ့် ယူနိုက်တက်ဟာ သူတို့ရဲ့အဓိက ကစားသမားတစ်ယောက်ကို ဒီလိုအချိန်မှာ နိုင်ငံရပ်ခြားကို သွားခွင့်ပြုဖို့ ခဲယဉ်းကြောင်း နည်းပြဆိုးလ်ရှားက ပြောခဲ့ပါတယ်။

ဖာနန်ဒက်စ်အနေနဲ့ နိုင်ငံအသင်းအတွက် ကိုယ်စားပြုကစားခွင့် ရနိုင်မှာလားလို့မေးမြန်းရာမှာတော့ နည်းပြဆိုးလ်ရှားက “ဒီကိစ္စအတွက် ကျွန်တော်တို့သေချာ မဆွေးနွေးရသေးဘူး ဒါပေမယ့် ကိုယ့်အသင်းက အဓိကကစားသမား တစ်ယောက်ကို ၁၀ ရက်လောက် အဓိပ္ပာယ်မရှိ ဆုံးရှုံးတာမျိုးတော့ အဖြစ်မခံပါဘူး။

ဖီဖာက စေလွှတ်စရာမလိုတဲ့ ကစားသမားတွေကို ကိုယ့်အသင်းမှာပဲ ဆက်ထိန်းထားလို့ရတဲ့ စည်းမျဉ်းအကြောင်းကို ကျွန်တော်တို့ နားလည်ပါတယ်။ အဲ့ဒါကြောင့် သူတို့ကိုတားမြစ်ထားတဲ့ နိုင်ငံတွေကို ပေးသွားမှာမဟုတ်ပါဘူး ” လို့ ပြောခဲ့ပါတယ်။