Unicode Version
ဘရူနိုဖာနန်ဒက်စ်ဟာ လစာ ၂ဆရရှိသွားဖို့ရှိနေပြီး တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ ရှိသွားမှာဖြစ်မှာ ယူနိုက်တက် မှာ ပဉ္စမမြောက် လစာအများဆုံး ကစားသမား ဖြစ်လာမှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
ဒီရာသီမှာ ပေါ်တူဂီနိုင်ငံသားဟာ ဆိုးလ်ရှားရဲ့အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၂ ဂိုး သွင်းယူကာ ၁၃ ဂိုး ဖန်တီးပေးထား တာဖြစ်ပြီး ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား နှင့် ယူရိုပါလိဂ်တို့မှာ အကောင်းဆုံးအနေအထားတွင် ရပ်တည်ထားတာဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ ယူနိုက်တက်သို့ ပေါင် ၆၇ သန်းဖြင့် စပို့တင်းလစ္စဘွန်းကနေ ၂၀၂၀ခုနှစ် ဇန်နဝါရီမှာ ပြောင်းရွေ့ လာခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်နှင့် ၅နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၂၆နှစ်အရွယ် ကစားသမားဟာ ခြေစွမ်းပြကစားနေတဲ့အတွက် တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀ ကနေ ပေါင် ၁၈၀၀၀၀ အထိတိုးမြှင့်ရရှိသွားမှာဖြစ်ပါတယ်လို့ The Sun က ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ဖာနန်ဒက်စ်ဟာ သတ္တမမြောက် လစာအများဆုံးဖြစ်ပြီး ဂိုးသမားဒီဂီယာကတော့ လစာအများဆုံး ဖြစ်ကာ တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ရရှိနေတာဖြစ်ပါတယ်။
ပေါ့ဂ်ဘာကတော့ ဒုတိယမြောက် လစာ အများဆုံးဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၂၉၀၀၀၀ ဖြစ်ကာ ပြင်သစ်နိုင်ငံသားရဲ့ နောက်မှာတော့ တိုက်စစ်မှုး၃ဦးဖြစ်တဲ့ မာရှယ်၊ ရက်ချ်ဖို့ဒ်နှင့် ကာဗာနီတို့က ပေါင် ၂၀၀၀၀၀ ကျော် ရရှိနေတာ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် မက်ဂွာရီကတော့ တစ်ပတ်လုပ်ခပေါင် ၁၉၀၀၀၀ ရရှိနေကာ ဖာနန်ဒက်စ်ထက် ပိုများနေပါတယ်။ ပြီးခဲ့တဲ့ရာသီ ထိပ်ဆုံး ၄သင်း အတွင်းသို့ ဝင်ရောက်ခဲ့မှုတွင်
ဖာနန်ဒက်စ်ဟာ အသင်းရဲ့ အဓိကကျတဲ့ ကစားသမား ဖြစ်ခဲ့ပြီး ယူနိုက်တက်သို့ ရောက်ရှိခဲ့တဲ့ ပထမဆုံး ၆လအတွင်း ၂၂ပွဲကစားကာ ၁၂ ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါ တယ်။