Spots news

မက်ဒရစ်ဒါဘီမှာ ရီးယဲလ်ကို ရှုံးကြွေးပြန်ဆပ်မည်ဟု ဆွာရက်ဇ်ပြောကြား

Unicode Version

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဆွာရက်ဇ်က မက်ဒရစ် ဒါဘီတွင် ရီးယဲလ် အသင်းကို ရှုံးကြွေး ဆပ်လိုကြောင်း ပြောကြားခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ် အသင်းဟာ မတ်လ (၇) ရက်တွင် လာလီဂါပွဲစဉ် (၂၆) အဖြစ် ရီးယဲလ် မက်ဒရစ် အသင်းကို အိမ်ကွင်းတွင် လက်ခံ ကစားရမှာပဲ ဖြစ်ပါတယ်။

ယခုရာသီ လာလီဂါ ပထမအကျော့ တွေ့ဆုံမှုတုန်းက အက်သလက်တီကို မက်ဒရစ်အသင်း အနေနဲ့ ရီးယဲလ်မက်ဒရစ် အသင်းကို အဝေးကွင်းတွင် (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ ဆွာရက်ဇ်က ရီးယဲလ်မက်ဒရစ် အသင်းကို ရှုံးကြွေးဆပ်လိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ဆွာရက်ဇ်က “ရီးယဲလ် မက်ဒရစ် အသင်းနဲ့ ကစားရတာက တစ်ခုခု ထူးခြားပါတယ်။ ဒီလိုထိပ်တန်း ပွဲတွေကို တကယ် ကစားချင်ပြီး

ကျွန်တော်တို့ အနေနဲ့ ဘာလုပ်နိုင်တယ် ဆိုတာကို ပြသ ချင်ပါတယ်။ ရီးယဲလ်နဲ့ ရင်ဆိုင်ရ တဲ့ပွဲတွေက ပွဲကြီးပွဲကောင်း တွေဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ ပထမအကျော့က ရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့တာကို ပြန်လည် ပေးဆပ်သွားမှာပါ။ ကျွန်တော်တို့လအနေနဲ့ လာလီဂါပြိုင်ပွဲမှာ ဘာကြောင့် ဦးဆောင်နေတယ် ဆိုတာကို ပြသသွားမှာပါ”ဟု ပြောကြား ခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပွဲစဉ် (၂၅) အပြီးမှာ‌တော့ ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိ နေသေးသော်လည်း ရမှတ် (၅၈)မှတ်ဖြင့်

အမှတ်ပေး ဇယားအဆင့်(၁) နေရာတွင် ရပ်တည်နေပြီး တတိယနေရာမှ မြို့ခံပြိုင်ဘက် ရီးယဲလ် မက်ဒရစ် အသင်း(၅၃ မှတ်)ကို (၅)မှတ် ဖြတ် ထားနိုင်ပါတယ်။