Spots news

ဖေဖော်ဝါရီလရဲ့ အကောင်းဆုံးကစားသမားဆုရခဲ့ လီယွန်နယ်မက်ဆီ

Unicode Version

လီယွန်နယ် မက်ဆီဟာ ဖေဖော်ဝါရီလအတွင်း လာလီဂါမှာ ၅ပွဲကစား ၇ဂိုး သွင်းယူခဲ့ပြီးနောက် တစ်လတာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ဖေဖော်ဝါရီလ အတွင်း မက်ဆီရဲ့ အတုယူဖွယ်ရာ ကစားပုံတွေကြောင့် ယခုနှစ်ရာသီအတွက် ပထမဆုံး အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလဟာ ယခုနှစ်ရာသီ မက်ဆီအတွက် အသီးအပွင့်ဝေတဲ့ လတစ်လဖြစ်ခဲ့ပြီး သွင်းဂိုး ၇ဂိုးသွင်းယူခဲ့ကာ ဇန်နဝါရီလကထက် ၂ဂိုး ပိုများခဲ့ပါတယ်။

မက်ဆီရဲ့ ၇ဂိုးသွင်း ယူမှုနှုန်းကို ဘယ်ကစားသမားမှ မလိုက်နိုင်ခဲ့ပဲ နောက်က လိုက်နေတဲ့ ဆိုစီဒက်တိုက်စစ်မှူး အီဆက်က ၄ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

မက်ဆီရဲ့ အားထုတ် ကြိုးစားမှု တွေကြောင့် ဘာစီလိုနာဟာ ၅ပွဲ ကစားပြီး ၄ပွဲ နိုင်ခဲ့ကာ အဆိုပါ ပွဲစဉ်တွေမှာ အနည်းဆုံး ၁ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ အဆိုပါ ရလဒ်တွေကြောင့် လာလီဂါဖလား ဆွတ်ခူးရေး ပြန်လည် နီးစပ်လာခဲ့ပြီး ဇယားထိပ်က အက်သလက်တီကိုနဲ့ ၅မှတ်သာ ကွာဟ တော့တာပါ။

အက်သလက်တီကို အသင်းဟာ ၁ပွဲ ကစားဖို့ ကျန်နေသေးပြီး ယခုအပတ် အတွင်း ရီးရဲလ်မက်ဒရစ်နဲ့ မက်ဒရစ်ဒါဘီ ကစားရဖို့ ရှိနေပါတယ်။ မက်ဆီဟာ ရာသီကြို ကာလတုန်းက အသင်းက ထွက်ခွာခွင့် တောင်းခဲ့ပြီးမှ ပြန်နေခဲ့တာပဲ ဖြစ်ပါတယ်။

မက်ဆီဟာ ဒီဇင်ဘာလ မတိုင်ခင်ထိ ၄ဂိုးသာ သွင်းနိုင်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ ၁၉ဂိုးထိ သွင်းနိုင်ခဲ့ပြီ ဖြစ်ပြီး နောက်က အသင်းဖော်ဟောင်း ဆွာရက်ဇ်ထက် ၃ဂိုး ပိုသာနေခဲ့ပါတယ်။

မက်ဆီဟာ ယခုနှစ်ရာသီ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ ဒုတိယမြောက် ဘာစီလိုနာ ကစားသမား ဖြစ်ပြီး ရှေ့မှာတော့ ဖာတီက စက်တင်ဘာလမှာ ဆွတ်ခူးထားခဲ့ပါတယ်။