Spots news

ဥရောပထိပ်သီးလိဂ် ၅ ခုရဲ့ အခွင့်အရေးဖန်တီးမှု တတိယနေရာမှာ ရှိတဲ့ လုခ်ရှော

Unicode Version

ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောဟာ ယခုရာသီမှာ အထူးခြေစွမ်း ပြနေပြီး အခုထွက်ပေါ်လာတဲ့ အချက်အလက် တွေအရလည်း သူ့ရဲ့ပုံစံကောင်းကို ပိုမိုပေါ်လွင် စေခဲ့ပါတယ်။

Amazon Prime Video Sport ကနေ ထုတ်ပြန်လိုက်တဲ့ အချက်အလက် တွေအရ လုခ်ရှောဟာ ဥရောပ ထိပ်တန်းလိဂ် ၅ခုရဲ့ အခွင့်အရေး ဖန်တီးမှု အများဆုံး စာရင်းမှာ တတိယနေရာအထိ ရပ်တည် နေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ် အရွယ်ရှိ လုခ်ရှောဟာ ယခုရာသီမှာ အခွင့်အရေး ၃၄ ကြိမ် ဖန်တီးပေးထားရာ တောင်ပံ ကစားသမားတွေ ဖြစ်တဲ့ ဒေါ့မွန်မှ ဆန်ချို(၃၆ကြိမ်) နဲ့ ဖရန့်ဖတ်မှ ကိုစတင်(၃၅ကြိမ်) တို့ပဲ သူ့ထက် ပိုများနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့်က  ၃၂ ကြိမ်နဲ့ စတုတ္ထနေရာမှာ ရပ်တည် နေပါတယ်။
လုခ်ရှောဟာ ယခုရာသီမှာ ဂိုးဖန်တီးမှု ၆ကြိမ်ပြုလုပ် ပေးထားတဲ့အနက် ပရီးမီးယားလိဂ်မှာ

၅ကြိမ်နဲ့ ချန်ပီယံလိဂ်မှာ ၁ကြိမ် ဂိုးဖန်တီးပေးထားပြီး ပရီးမီးယားလိဂ်မှာ ၅ကြိမ် ဖန်တီးပေးထားတာက နောက်ဆုံး ၃ရာသီပေါင်း သူ့ရဲ့ဂိုးဖန်တီးမှု အရေအတွက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။

ဒီလို ခြေစွမ်းပြ နေတာကြောင့် လုခ်ရှောဟာ အင်္ဂလန် အသင်းမှာ ပြန်လည် ရွေးချယ်ခံရဖို့များနေပြီး နည်းပြ ဆောက်ဂိတ်က မတ်လ ၁၈ ရက်နေ့မှာ အင်္ဂလန် အသင်းလူစာရင်းကို ထုတ်ပြန် ကြေညာမှာ ဖြစ်ပါတယ်။