Spots news

သမီးလေးမွေးခဲ့တဲ့ ဒီဂီယာကို အေးအေး ဆေးဆေးခွင့်ပေးထားခဲ့တဲ့ ယူနိုက်တက်

Unicode Version

ယူနိုက်တက် အသင်းရဲ့ ဂိုးသမား ဒီဂီယာဟာ မီးဖွားဖို့ပြင်ဆင်နေတဲ့ ဇနီးသည်ရှိရာ စပိန်သို့ ကြာသပတေးနေ့က ပြန်လာခဲ့ပါတယ်လို့ Sportsmailက ဖော်ပြထားပါတယ်။ သူ့ရဲ့ပထမဦးစားပေး ဂိုးသမား နေရာအတွက်

ဒီဂီယာဟာ အိုးထရက်ဖို့ဒ်သို ပြန်သွားချင်နေသော်လည်း ဆိုးလ်ရှား ကတော့ အသက် ၃၀ အရွယ်ဂိုးသမားဟာ နိုင်ငံတကာ ပွဲစဉ်များ ရပ်နားတဲ့အထိ စပိန်မှာ ရှိနေမယ်လို့ ထင်နေပါတယ်။

သမီးလေး မွေးဖွားကြောင်းကို ဆိုရှယ်မီဒီယာကနေတဆင့် သောကြာနေ့က ဒီဂီယာက ကြေညာခဲ့တာဖြစ်ပြီး ဒါဟာ ယူနိုက်တက်ရဲ့ အရေးကြီးတဲ့ပွဲစဉ်ဖြစ်တဲ့ မန်စီးတီးနှင့် ကစားမည့်ပွဲထက် ၄၈ နာရီ စောနေသေးတာ လည်းဖြစ်ပါတယ်။

အီးသီးဟက်မှ ာကစားမည့် မန်ချက်စတာ ဒါဘီပွဲမှာ ဟန်ဒါဆင်က ပွဲထွက်ကစားရဖို့ မျှော်လင့်နေပြီး ပထမဦးစား ပေးဂိုးသမား ဖြစ်လာရန် သက်သေပြဖို့ ၆ပွဲ အခွင့်အရေး ရရှိမှာလည်းဖြစ်ပါတယ်။

ဒီရာသီတွင် အမှားများစွာ ပြုလုပ်ခဲ့တဲ့ ဒီဂီယာကို အသင်းရဲ့နံပါတ် ၁ ဂိုးသမား နေရာမှာထား ထားတဲ့အတွက် ပရိသတ်များနှင့် အားကစား ဝေဖန်သူတော်တော် များများက မေးခွန်းထုတ် နေကြပါတယ်။

ဖေဖော်ဝါရီလ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အဲဗာတန်နှင့် ၃-၃ ဂိုး သရေကျ ခဲ့တဲ့ပွဲမှာ စပိန်နိုင်ငံသားရဲ့ အမှားကြောင့် ၂ ဂိုး ပေးခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၆-၁၇ ရာသီ အစကတည်းက သူ့ရဲ့ ၈ ကြိမ် ၉ကြိမ် လောက် အမှားတွေလုပ်နေတဲ့ အတွက် ဂိုးတွေပေးလိုက် ရတာလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ အဲ့ဒီအကြိမ် အရေအတွက် အတိုင်း အမှားလုပ်တဲ့ ဂိုးသမားကလည်း သုံးဦးသာ ရှိကာ သူတို့ကတော့ ပစ်ဖို့ဒ် လိုရစ်နှင့် ဘီဂိုဗစ်တို့ပဲဖြစ်ပါတယ်။ ရှက်ဖီးလ်မှာ ၂ရာသီ အငှား

သွားရောက် ကစားခဲ့ပြီးနောက် သူ့ရဲ့ယူနိုက်တက်နှင့် ပထမဆုံးရာသီမှာ ဟန်ဒါဆင်ဟာ ယူနိုက်တက်အတွက် ၁၃ ပွဲ ကစားပေး ထားပြီး Clean Sheet ၈ပွဲ ရယူပေးထား နိုင်ပါတယ်။

ဒီပွဲစဉ်တွေက သူ့အတွက် အဓိကကျပြီး လက်စွမ်းပြ နိုင်ခဲ့ပါက ဒီနွေရာသီမှာ ကျင်းပမည့် ဥရောပ ချန်ပီယံရှစ်ပွဲစဉ်မှာ ပစ်ဖို့ဒ်ကို ကျော်လွန်ပြီး အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပထမဦးစားပေး ကစားသမား ဖြစ်လာနိုင်ပါတယ်။