Spots news

မန်ချက်စတာဒါဘီမှာ သတိထားရမယ့် ကစားသမားတွေကို ဂွာဒီယိုလာပြော

Unicode Version

ပက် ဂွာဒီယိုလာက လာမယ့် တနင်္ဂနွေနေ့ မန်ချက်စတာ ဒါဘီမှာ မန်စီးတီးအသင်းအတွက် အဓိက စိန်ခေါ်မှုဖြစ်လာနိုင်တဲ့ ယူနိုက်တက် ကစားသမား ( ၅ ) ဦးကို ထုတ်ဖော်

ပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီး အသင်းနည်းပြက ပရီးမီးယားလိဂ် ထိပ်သီး ( ၂ ) သင်းရဲ့ ပွဲစဉ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာမှာ ယခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယခုပွဲစဉ်က ပြိုင်ပွဲစုံ ( ၂၈ ) ပွဲဆက် ရှုံးပွဲ မရှိပဲ ( ၂၁ ) ပွဲဆက် အနိုင်ရထားတဲ့ မန်စီးတီး နှင့် အဝေးကွင်း ( ၂၁ ) ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ ယူနိုက်တက်တို့ရဲ့ တွေ့ဆုံမှု ဖြစ်ပါတယ်။

ဂွာဒီယိုလာက ယူနိုက်တက်ကို အမြဲလေးစားပြီး အီတီဟတ်မှာ အိုလေ ဂန်နား ဆိုးရှာရဲ့ အသင်းက စီးတီးကို ဒုက္ခပေးနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

သူက “ သူတို့ဟာ ( ယူနိုက်တက် ) နေရာတိုင်းမှာ‌ တောင့်တင်းမှု ရှိပါတယ်။” လို့ ဆိုပါတယ်။ “ ခံစစ်ပိုင်း ၊ နောက်ပြီး ဘရူနို ဖာနန်ဒက်စ် ၊ ဒန်နီရယ် ဂျိမ်းစ်ရဲ့

အမြန်နှုန်း ၊ မားကတ် ရက်ဖို့ဒ် ၊ အန်သိုနီ မာရှယ် ၊ ကာဗာနီလို အတွေ့အကြုံရင့်ပြီး ကျွန်တော်လေးစားရတဲ့ ကစားသမားတွေ ရှိပါတယ်။”

“ ဒါက မန်ချက်စတာ ယူနိုက်တက်ပါ ။ သူတို့နဲ့ ယှဉ်ပြိုင်ခွင့်ရတာ ၊ သူတို့ ရှေ့မှာ ရပ်တည်နိုင်တာတွေ့က ဂုဏ်ယူဖို့ကောင်းပါတယ် ။

တနင်္ဂနွေက ဘာခြွင်းချက်မှ မရှိပါဘူး။ ကျွန်တော်တို့ နောက်ပိုင်းပွဲစဉ်တွေမှာ စွမ်းဆောင်ထားပုံစံကို ဆက်ထိန်းထားနိုင်ဖို့က အဓိက ပစ်မှတ်ပါ ။”