Spots news

မိုရာတာခြေစွမ်းပြပြီး လာဇီယိုကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်စ်

Unicode Version

ယမန်နေ့ညက လာဇီယိုနဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်စ်ဘက်က ရော်နယ်ဒို မပါဝင် ခဲ့ပေမဲ့ မိုရာတာရဲ့ ခြေစွမ်းပြမှု နဲ့အတူ ၃-၁ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ လာဇီယိုက ကော်ရီယာရဲ့ သွင်းဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပေမဲ့ ၃၉မိနစ်မှာ ရာဘီယော့က ပြန်လည် ချေပသွားခဲ့ပါတယ်။

လာဇီယိုက ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့ပြီး ကော်ရီယာ ဂိုးမသွင်းခင် ဆာဗစ်ရဲ့ ဖရီးကစ်ကန်ချက်ကလည်း ဂိုးပေါက်နဲ့  ကပ်လွဲခဲ့ပါတယ်။ ကူလူဆက်ဗ်စကီးရဲ့ နောက်ပြန် ပေးမှုကို ကော်ရီယာက ဖြတ်လုကာ ဒီမီရယ်ကို ကျော်ဖြတ်ပြီး လာဇီယိုအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့တာပါ။

ဧရိယာ ဟိုဒီ လက်ထိခဲ့ တာကို ပင်နယ်တီ မပေးခဲ့လို့ ဂျူဗင်တပ်စ်တို့ ပေါက်ကွဲခဲ့ပေမဲ့ ၃၉မိနစ်မှာ မိုရာတာရဲ့ ပေးပို့မှုကနေ ရာဘီယော့က ချေပဂိုး သွင်းယူသွားခဲ့ပါတယ်။

ဆာဗစ်ရဲ့ ခေါင်းတိုက်ချက် တိုင်ထိ ထွက်ခဲ့ပြီးနောက် မော်ဆစ် ရမ်ဆေးကို ဧရိယာထဲ ကစားပုံကြမ်းခဲ့တာကြောင့် ဂျူဗီက ပင်နယ်တီ ရခဲ့ပါတယ်။

မိုရာတာက အဆိုပါ ပင်နယ်တီကို အပိုင်ကန်သွင်းကာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ၃မိနစ်အကြာမှာ ကိုယ်တိုင်ပဲ တတိယဂိုး သွင်းယူကာ ဂျူဗင်တပ်စ်ကို နိုင်ပွဲရရှိစေခဲ့ပြီး အင်တာရဲ့နောက်  အဆင့်၃နေရာ ၇မှတ် အကွာကနေ ဖိအားပေးလျက် ရှိနေပါတယ်။