Spots news

ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ထရာအိုရေးကို ရောင်းချဖို့ ပြငိဆင်နေတဲ့ ဝုဗ်

Unicode Version

သတင်းတွေရဲ့ဖော်ပြချက်အရ ဝုဗ် အသင်းဟာ လာမယ့်နွေရာသီအတွင်း တောင်ပံကစားသမား အဒါမာထရာအိုရေး အတွက် ကမ်းလှမ်းလာမှုတွေကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ထရာအိုရေးဟာ ပြီးခဲ့တဲ့နှစ်က မန်စီးတီးအသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လီဗာပူးနဲ့ အသင်းဟောင်း ဘာစီလိုနာတို့ကလည်း အဆိုပါစပိန်လက်ရွေးစင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

သူဟာ ၂၀၂၀-၂၁ ရာသီက ဝုဗ်အသင်းရဲ့အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး လိဂ် ၂၆ပွဲမှာ ဂိုးမသွင်းနိုင်သေးသလို ဂိုးဖန်တီးမှု ၁ကြိမ်ပဲ ပြုလုပ်ပေးထားပါတယ်။

Daily Mail သတင်းစာရဲ့ဖော်ပြချက်အရ ဝုဗ်ဟာ လာမယ့်နွေရာသီ အတွင်း ထရာအိုရေးကို ရောင်းချဖို့ ပြင်ဆင်နေပေမယ့် သတ်မှတ်ထားတဲ့ ပေါင်သန်း ၇၀ အောက်တော့ လျှော့ပေးမှာမဟုတ်ကြောင်း သိရပါတယ်။

အဲဒီသတင်းဌာနကပဲ လိဒ်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ထရာအိုရေးအတွက် ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဝုဗ်အသင်းရဲ့ ငြင်းဆန်ပယ်ချခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၃ ဇွန်လအထိ စာချုပ် ချုပ်ဆိုထားတဲ့ ထရာအိုရေးဟာ ၂၀၁၈ သြဂုတ်လက မစ်ဒယ်ဘရော့ကနေ ရောက်လာပြီးချိန်ကတည်းက ဝုဗ်အတွက် ၈ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁၆ကြိမ် ပြုလုပ်ပေးထားပါတယ်။