Unicode Version
ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီကတော့ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ မန်ချက်စတာ ဒါဘီပွဲကို လွဲချော်မှာ ဖြစ်ပြီး မာရှယ်ကတော့ ဒဏ်ရာကနေပြန်လည် သက်သာလာ ခဲ့ပါတယ်။
ဥရုဂွေး သားဟာ ကြွက်သား ဒဏ်ရာကြောင့် ၄ ပွဲခန့်လွဲချော်ခဲ့ပြီး ပဲလေ့စ်နဲ့ ပွဲမှာ ပြန်လည် ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မာရှယ် ကတော့ လေ့ကျင့်ခန်း အစီအစဉ်မှာ ဒူးဒဏ်ရာရရှိ ခဲ့တာကြောင့် ပဲလေ့စ်နဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်သားက တနင်္ဂနွေနေ့ မန်ချက်စတာ ဒါဘီမှာ ပြန်လည် ပါဝင်လာ ဖွယ်ရှိနေပါတယ်။
ယူနိုက်တက် ကစားသမား တွေထဲမှာ ကာဗာနီရဲ့ပုံရိပ် မပါဝင်ခဲ့ဘဲ ပဲလေ့စ်နဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ်ဒီဂီယာ ကတော့ သမီးမွေးဖွားတာ ကြောင့် မန်စီးတီးနဲ့ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။
ယူနိုက်တက် ဒဏ်ရာရ လူစာရင်းမှာ ဗန်ဒီဘိခ် ၊ ပေါ့ဂ်ဘာ နဲ့ မာတာတို့ ရှိနေပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီး အသင်းနဲ့ ၁၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည် နေပါတယ်။