Spots news

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲဖြစ်လာတဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်

Unicode Version

ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ဟာ ပရီးမီးယားလိဂ် ၁ရာသီအတွင်း အကြီးအကျယ်ဆုံး တိုက်စစ် အတွဲဖက် ဖြစ်လာခဲ့ပါတယ်။ အဆိုပါ တိုက်စစ်အတွဲဟာ တစ်ယောက်ကိုတစ်ယောက် ၁၄ကြိမ်စီ ဂိုးဖန်တီးပေးထားကြပြီး ၁၉၉၄-၉၅ရာသီက အလန်ရှီးယားနဲ့ ဆတ်တန်တို့ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

၂၁ရာစုအတွင်း ဆွန်နဲ့ ကိန်းကို မီသလောက်ရှိခဲ့တဲ့ တိုက်စစ်အတွဲကတော့ ၂၀၁၈-၁၉ရာသီက တစ်ဦးကိုတစ်ဦး ၁၂ကြိမ်စီ ဖန်တီပေးခဲ့ကြတဲ့ ဖရေဆာနဲ့ ဝဲလ်ဆင်တို့ပဲ ဖြစ်ပါတယ်။ အဆိုပါ စံချိန်ကတော့ ယမန်နေ့ညက တော့တင်ဟမ်တို့ ၄-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကျိုးပျက်သွားခဲ့ပြီ ဖြစ်ပြီး ဂါရတ်ဘေးလ်ကလည်း သွင်းဂိုး၂ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၇၆မိနစ်မှာ သွင်းယူခဲ့တဲ့ ဟယ်ရီကိန်းရဲ့ ပွဲသိမ်းဂိုးကို ဆွန်ဟောင်မင်က ဖန်တီးပေးခဲ့တာ ဖြစ်ပြီး ယခုနှစ်ရာသီမှာဆိုရင် ဆွန်နဲ့ ကိန်းက တစ်ဦးကိုတစ်ဦး ၁၄ကြိမ်စီ ဖန်တီးထားခဲ့ကာ ပရီးမီးယားလိဂ် စံချိန်သစ်ပဲ ဖြစ်ပါတယ်။ ကိန်းနဲ့ ဆွန်တို့အနေနဲ့ ဇန်နဝါရီ ၄ရက်နေ့က သူတို့ကိုယ်တိုင်တင်ထားတဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ ၂လနီးပါး စောင့်ခဲ့ရတာပါ။

ပွဲအပြီးမှာ ဘေးလ်က “ကိန်းက ကြီးကျယ်တဲ့ တိုက်စစ်မှူးပါ။ သူက အဲ့ဒါကို ဒီည ထပ်မံပြသနိုင်ခဲ့ပြီး သူက ခြေစွမ်းတည်ငြိမ်တဲ့ တိုက်စစ်မှူးပါ။ သူက အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြခဲ့တာ ဖြစ်ပြီး ကျွန်တော်တို့ သူ့ကို ရထားတာ တကယ် ကံကောင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။