Spots news

မန်စီးတီးကိုအနိုင်ရရှိခဲ့ပေမယ့် တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ဆေးကုသခံရနိုင်ကြောင်း ဆိုးလ်ရှားပြော

Unicode Version

ယူနိုက်တက်နည်းပြ အိုလီဂန်နာဆိုးလ်ရှားဟာ မနေ့ညက အီတီဟတ်မှာ မန်ချက်စတာစီးတီးအသင်းရဲ့ ၂၁ ပွဲဆက် နိုင်ပွဲ ရရှိဖို့ကို   ၂-၀ နဲ့ အနိုင်ယူကာ ရပ်တန့်နိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ခြေကျင်းဝတ်ကို

ဓာတ်မှန်ရိုက်ဖို့ လိုအပ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီနဲ့ ဦးဆောင်ဂိုး ရရှိခဲ့ပြီးနောက် ပွဲချိန် မိနစ် ၅၀ မှာ လုခ်ရှောရဲ့ ဂိုးကို ဖန်တီးပြီး ရက်ရှ်ဖို့ဒ်က ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု ၁၀ ကြိမ် ရယူသွားခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန် တိုက်စစ်မှူးဟာ ပွဲပြီးဖို့ မိနစ် ၂၀ ခန့်အလိုမှာ ဘယ်ဘက် ခြေကျင်းဝ တ်လည်သွားခဲ့ပြီးနောက် မေဆင်ဂရင်းဝုဒ်နဲ့ လူစားလဲခဲ့ရပါတယ်။

နည်းပြဆိုးလ်ရှား ကတော့ ကြာသပတေးနေ့မှာ အေစီမီလန်နဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မတိုင်မီ ရက်ရှ်ဖို့ဒ် အမြန်ဆုံးပြန်ကောင်း လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

ပွဲပြီး အင်တာဗျူးမှာ ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာနဲ့ပက်သက်လို့ မေးမြန်းရာ မှာတော့ နည်းပြဆိုးလ်ရှားက “ကျွန်တော် မသိသေးပါဘူး၊ သူ့ခြေကျင်းဝတ်မှာတော့

တစ်ခုခု ဖြစ်သွားပါတယ်။ ဂိုးမပေးရဖို့ အတွက် ကိုက် ၇၀ လောက်ကို ပြေးလွှားခဲ့တာပါ၊ ဒီပွဲမှာသူ့ရဲ့ စိတ်ဓာတ်ကို သေချာမြင်လိုက် ရပါတယ်။

သူဒီ ခြေကျင်းဝတ် ပြဿနာကို ကျော်လွှားနိုင်မယ် ထင်ပါတယ်၊ ဒါပေမယ့် ဓာတ်မှန်ရိုက်ကြည့်ဖို့တော့လိုတယ်။ အခုထိတော့ ဆရာဝန်တွေနဲ့ စကားမပြော ကြည့်ရသေးဘူး”လို့

မီဒီယာတွေကို ပြောခဲ့ပါတယ်။ ပွဲပြီးခရာမှုပြီးချိန်မှာလည်း ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့အသင်းဖော်တွေကို အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် တွစ်တာကနေ ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်က “ကျွန်တော် မြင်ချင်တဲ့ ပွဲမျိုးမဟုတ်ခဲ့ပေမယ့် အနိုင် ၃ မှတ်ကအရမ်း အရေးပါပါတယ်၊ အရမ်းတော်တယ် သူငယ်ချင်းတို့ ” ဆိုပြီး ရေးသားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ် ဟာ ဒီရာသီမှာ ပုခုံးဒဏ်ရာ ရှိနေလျက်နဲ့ ပွဲတွေ တောက်လျှောက် ကစားလာခဲ့တာကြောင့် အသင်းက စိုးရိမ်နေတာ ဖြစ်ပါတယ်။

တိုက်စစ်မှူးဟာ အဆိုပါ ပုခုံးဒဏ်ရာကို နိုဝင်ဘာလက အဲဗာတန်ကို ၃-၁ နဲ့ အနိုင် ရရှိခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တာဖြစ်ပြီး နွေရာသီမှာ ယှဉ်ပြိုင်ရမယ့် အင်္ဂလန်အသင်းရဲ့ ဥရောပချန်ပီယံရှစ်  ပြိုင်ပွဲအပြီးမှာ

ခွဲစိတ်မှုတောင် ခံယူရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ယူနိုက်တက် အသင်းဖော်တွေ ကလည်း အခုလို နာကျင်မှုဒဏ်ကို အံတုပြီး ကစားနေတဲ့ ရက်ရှ်ဖို့ဒ်ကို အံ့အားသင့်ခဲ့ ကြတယ်လို့ သိရပါတယ်။