Spots news

လူစားလဲပြီး ကွင်းဘေးမှာ နည်းပြလုပ်နေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ မန်ချက်စတာ စီးတီးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ကွင်းဘေးကနေ နည်းပြတစ်ဦးကဲ့သို့ ကြည့်ရှုနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို နှစ်သက် သဘောကျလျက်ရှိပါတယ်။

ပေါ်တူဂီ ဖန်တီးရှင်ဟာ မန်စီးတီးအသင်းရဲ့ ( ၂၁ ) ပွဲဆက် အနိုင်ရရှိမှုကို ရပ်တန့်နိုင်ခဲတဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်အတွင်း နာကျင်အချိန်ပိုမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖာနန်ဒက်စ်က အီတီဟတ်မှာရှိတဲ့ ထိုင်ခုံတွေဆီ သွားရောက်ခဲ့ခြင်းမရှိပဲ အိုလေ ဂန်နား ဆိုးရှားရဲ့ ပုခုံးကို ဖြတ်ကျော်ပြီး ပွဲကို ဆက်လက်ကြည့်ရှုနေခဲ့ပါတယ်။

အသက် ( ၂၆ ) နှစ်အရွယ် ကစားသမားဟာ စီးတီးနဲ့ ပွဲစဉ်အစောပိုင်းမှာပဲ အန်သိုနီ မာရှယ်ကြောင့်ရတဲ့ ပင်နယ်တီမှ တဆင့် ယူနိုက်တက်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ကွင်းပြင်ရောက်ရှိသွားပေမယ့် ကွင်းထဲမှာ ကစားနေသလိုပဲ အာရုံစူစိုက်မှု အပြည့်အဝထားရှိခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမားက အဆိုပါ ပွဲစဉ်အပြီး Sky Sports သတင်းဌာနနဲ့ တွေ့ဆုံရာမှာ “ စီးတီးကို အနိုင်ရရှိရုံပဲ မဟုတ်ပါဘူး။ ပွဲတိုင်း အနိုင်ရဖို့ အရေးကြီးပါတယ်။” လို့ ဆိုခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေကတော့ပြီးခဲ့တဲ့ ( ၂၀၂၀ ) ဇန်နဝါရီလမှာ

စပို့တင်းကနေ ပြောင်းရွေ့လာပြီးနောက် သွင်းဂိုး နှင့် ဖန်တီးမှု များစွာပြုလုပ်ပေးထားတဲ့ ကွင်းလယ်ကစားသမားကို သဘောကျနှစ်သက်လျက်ရှိပြီး အနာဂတ်မှာ ယူနိုက်တက် ဂန္ဓဝင် ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

ယူနိုက်တက်ဟာ ယခုပွဲစဉ် အနိုင်ရလာဒ်ကြောင့် အဝေးကွင်း ( ၂၂ ) ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းပိုင်ဆိုင်ထားပြီး လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ( ၂ ) နေရာမှာ ရပ်တည်နေကာ မြို့ခံပြိုင်ဘက်အသင်းအောက် ( ၁၁ ) မှတ်လျော့နည်းလျက်ရှိပါတယ်။