Spots news

ရီးယဲလ်ရဲ့ပစ်မှတ်အလာဘာကို ခေါ်ယူရန်ဆွေးနွေးဖို့ ကြိုးစားမည့် PSG

Unicode Version

ပြင်သစ်ထိပ်သီး PSG အသင်းသည် ရီးယဲလ်အသင်း၏ ပစ်မှတ်ဖြစ်သည့် ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း စပိန် အားကစား သတင်းစာ AS က ဖော်ပြခဲ့သည်။

သြစတြီးယား နောက်ခံလူ အလာဘာ(၂၈ နှစ်)သည် ယခုရာသီ ကုန်တွင် ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး လာမည့်နွေတွင် အသင်းမှ ထွက်ခွာမည်ဟု အတည်ပြုထားသူဖြစ်သည်။

ရီးယဲလ် အသင်းသည် လာမည့် နွေရာသီတွင် အသင်းမှ ထွက်ခွာဖွယ် ရှိနေသည့် ရာမို့စ်နေရာတွင် အစားထိုးရန် အတွက် အလာဘာကို ခေါ်ယူလိုနေသော်လည်း PSG အသင်းက ဆွေးနွေးနေပြီဖြစ်ကြောင်း သိရှိရသည်။

အလာဘာသည် ယခု ရာသီတွင် ဘိုင်ယန်မြူးနစ်အသင်း အတွက် ဘွန်ဒစ်လီဂါ ပွဲစဉ် ၂၂ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူ ပေးထားသည်။