Unicode Version
ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး ဘိုကာဂျူနီယာအသင်းကို ပြောင်းဖွယ်ရှိနေပါတယ်။
ဥရုဂွေးသားဟာ ယူနိုက်တက်နဲ့ပထမရာသီမှာပဲ ခြေစွမ်းကောင်းတွေပြသနေပြီး ယူနိုက်တက်တာဝန်ရှိသူတွေက တစ်နှစ်သက်တမ်းတိုးချင်နေပါတယ်။
ဒါပေမဲ့ အာဂျင်တီးနားကလာတဲ့သတင်းတွေအရ ကာဗာနီဟာ စာချုပ်သစ်ကို ပယ်ချပြီး တောင်အမေရိကကို ပြန်ဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အိုလီရဲ့အဆိုအရ ကာဗာနီဟာ ဒီရာသီအပြီးမှာ ဥရောပဘောလုံးရပ်ဝန်းကနေ ဘိုကာအသင်းကိုပြောင်းဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။
ကာဗာနီဟာ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၆ ဂိုး အထိ သွင်းယူထားပြီး အာဂျင်တီးနားကို ၃ နှစ်စာချုပ်နဲ့ ပြောင်းဖွယ်ရှိနေပါတယ်။ ကာဗာနီကို ဘိုကာဂျူနီယာအသင်းဥက္ကဌ ရိုမန်ကလည်း
ခေါ်ယူဖို့ အလိုရှိနေတာဖြစ်ပါတယ်။ အသက် ၃၄ နှစ်သားဟာ ၂၀၀၇ ခုနှစ်က ပါလာမိုအသင်းကနေ ထွက်ခွာလာပြီးနောက် ဥရောပမှာပဲ ကစားခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းမှာလည် ကာဗာနီဟာ ၂၀၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အဲ့နောက် အလွတ်နဲ့ ယူနိုက်တက်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။