Spots news

ဂျူဗင်တပ်နောက်ခံလူ ဒီလိုက်ကို ခေါ်ယူရန်စုံစမ်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဟော်လန်လက်ရွေးစင် နောက်ခံလူ ဒီလိုက်ကို ၂၀၁၉ ခုနှစ်က ခေါ်ယူရန် ကြိုးစားခဲ့ သော်လည်း ၎င်းက ဂျူဗင်တပ်သို့ ပြောင်းရွှေ့ သွားခဲ့ပြီး

လက်ရှိ အချိန်မှာ အသင်း၏ ခံစစ်ဗဟို၌ ပေါင်သန်း ၈၀ တန် မက်ဂွိုင်းယားနှင့် တွဲဖက်ကစားမည့် ခံစစ်မှူး တစ်ဦးကို ရှာဖွေနေသော မန်ယူအ‌နေနဲ့ ဒီလိုက်ကို ခေါ်ယူရေး ပြန်လည်စိတ်ဝင်စား လာပါတယ်။

မန်ယူဟာ ဒီလိုက်ကို ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ရေးနှင့် ပတ်သက်၍ အစီအစဉ်များ ရေးဆွဲနေကြောင်း အီတလီရှိ မီဒီယာများက ဖော်ပြထားပါတယ်။ ဒီလိုက်ဟာ ၂၀၁၉ ဇွန်တွင် အိုင်းယတ်စ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး

စီးရီးအေတွင် မျှော်လင့် သလောက် ခြေစွမ်းပြနိုင်ခြင်းမရှိချေ။ ကပ်ရောဂါကြောင့် ငွေကြေးအကျပ် အတည်းနှင့် ရင်ဆိုင်နေရသော ဂျူဗင်တပ် အသင်းသည် ဒီလိုက်ကို ရောင်းထုတ် သွားရဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ် နေပါတယ်။

အသက် ၂၁ နှစ် အရွယ်ရှိ ဒီလိုက်ဟာ အိုင်းယတ်စ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ကြေး ယူရို ၇၅
သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး နည်းစနစ်ပိုင်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုပါ

ပြည့်စုံသော ဒီလိုက်ဟာ ၂၀၁၈ တွင် Golden Boy ဆုကို ရရှိခဲ့ဖူးပါတယ်။ ၂၀၁၉ တွင် ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ ပြီးနောက် ဂျူဗင်တပ် အတွက် ၄၁ ပွဲကစားပြီး ၄ ဂိုးသွင်းယူထားပါတယ်။

မန်ယူဟာ ရီးရဲမက်ဒရစ် နောက်ခံလူများ ဖြစ်ကြသော ရာမို့စ်နှင့် ဗာရာနီတို့ကို ခေါ်ယူရေး
မအောင်မြင် ဖြစ်ခြင်းကြောင့် ဒီလိုက်ကိုခေါ်ယူရေး ပြန်လည် စိတ်ဝင်စား လာခြင်း ဖြစ်ပြီး မန်ယူဟာ လိုက်ပ်ဇစ် နောက်ခံလူ ကိုနာတေ၊ နာပိုလီမှ ကူလီဘာလေနှင့် ဆီဗီလာမှ ကွန်ဒီ တို့ကိုလည်း စိတ်ဝင်စား နေပါတယ်။