Spots news

အနာဂတ်အတွက် ဆိုလ်းရှားကို မေးခွန်းထုတ်ရတော့မယ့် အဲရစ်ဘိုင်လီ

Unicode Version

မန်ချက်စတာယူနိုက်တက် ခံစစ်မှူး အဲရစ်ဘိုင်လီကတော့ အသင်းမှာ နေရာရဖို့ ဆက်လက်ရုန်းကန်နေခဲ့ရပြီးနောက် သူ့ရဲ့အနာဂတ်နဲ့ ပက်သက်လို့ နည်းပြအိုလီဂန်နာဆိုးလ်ရှားဆီက အဖြေကို သိချင်နေတယ်လို့ သိရပါတယ်။ ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘိုင်လီဟာ ၂၀၁၇ ကတည်းက အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိနေတဲ့ ဘိုင်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် ပွဲထွ့် ၁၁ ယောက်စာရင်းမှာ ပါဝင်ခွင့်ရရှိဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။

အိုင်ဗရီကို့စ်သားဟာ သူ့ရဲ့ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ် ၁၁ ပွဲသာ ပွဲထွက် ကစားခဲ့ရသလို ဒီရာသီမှာလည်း ၇ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါသေးတယ်။ ဒီအခြေအနေတွေကြောင့် ဘိုင်လီကိုယ်တိုင်လည်း အသင်းမှာ မပျော်ရွှင်တော့ပဲ နည်းပြဆိုးလ်ရှားကိုယ်တိုင်က ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာတောင် ဘိုင်လီကို ပွဲထုတ်ဖို့ စိတ်ကူးမရှိတော့တဲ့ပုံ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာတော့ ဘိုင်လီပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် မန်စီးတီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတော့ အရန်ခံသာ ထိုင်ခဲ့ရပါတယ်။

နည်းပြဆိုးလ်ရှားဟာ ဒီရာသီမှာ ဟယ်ရီမက်ဂွာရီကို ဗစ်တာလင်ဒီလော့ဖ်နဲ့သာ ပထမဦးစားပေးအဖြစ် တွဲပေးလေ့ရှိတာကြောင့် ဘိုင်လီအတွက်တော့ မချင့်မရဲဖြစ်စေခဲ့ပါတယ်။ သတင်းရင်းမြစ်တစ်ခုကတော့ “အဲရစ်ရဲ့အမြင်အရတော့ လင်ဒီလော့ဖ်မကစားနိုင်တဲ့ အခြေအနေမျိုးမှ သူကစားခွင့်ရတယ်လို့ ထင်နေပုံပဲ၊ သူ့ကစားပုံနဲ့ဆိုရင် ဒါက မဖြစ်သင့်ဘူးလေ။

ဒါပေမယ့် နည်းပြဆိုးလ်ရှားကပဲ ရွေးချယ်လိမ့်မယ်လို့ ထင်နေပါတယ်။ အဲ့ဒါကြောင့် နည်းပြနဲ့ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးပြီး သူ့အနာဂတ်ကို သိချင်နေတယ်။ သူအမှားတွေလုပ်နေလို့ အသင်းမှာ မကစားရတာဆိုရင် နားလည်ပေးလို့ရတယ်။ အခုဟာက အဲ့ဒီလိုမဟုတ်ဘူး။ အဲရစ်လိုချင်တာက နည်းပြနဲ့အသင်းရဲ့ ဂရုစိုက်မှုလောက်ပါပဲ ” လို့ ပြောသွားခဲ့ပါတယ်။

ဘိုင်လီနဲ့မန်ချက်စတာယူနိုက်တက်ရဲ့ စာချုပ်ဟာ နောက်လာမယ့် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အိုင်ဗရီကို့စ်သာအနေနဲ့ အဲ့ဒီမတိုင်ခင်တောင် အသင်းက ထွက်ခွာဖို့ ကြိုးစားဖွယ်ရှိနေပါတယ်။ ဒီရာသီအစောပိုင်းတုန်းကတော့ နည်းပြဆိုးလ်ရှားက ဘိုင်လီကိုကြံ့ခိုင်မှု ပြည့်ဝစေချင်ပေမယ့် တစ်ခုပြီးတစ်ခုဖြစ်နေတာကြောင့် စိတ်ပျက်နေကြောင်း ဖွင့်ဟခဲ့ပါတယ်