Spots news

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ကထွက်ခဲ့ရတဲ့ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်

Unicode Version

ဂျူဗင်တပ်စ်အသင်းဟာ ယမန်နေ့ညက ပေါ်တိုကို အိမ်ကွင်းမှာ ၃-၂ဂိုးနဲ့ နိုင်ခဲ့ပေမဲ့ အဝေးဂိုးကြောင့် ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်တို့ ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့ပြီး မိုရာတာ ခေါင်းတိုက်ခွင့်ရခဲ့ပေမဲ့ ဂိုးသမား မာချီဆင် တည့်တည့် ဖြစ်သွားခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန် ၁၈မိနစ်မှာ ပေါ်တိုက ဦးဆောင်ဂိုး ရသွားပြီး တာရီမီကို ဒီမီရယ် ဧရိယာထဲ ကစားပုံကြမ်းတာကြောင့် ပင်နယ်တီ ရခဲ့တာ အိုလီဗီယာရာက တည်ငြိမ်စွာ ကန်သွင်းသွားခဲ့တာပါ။ ဒုတိယပိုင်းစစချင်းမှာတော့ ချီဆာက အနီးကပ် ပိတ်သွင်းကာ ဂျူဗီအတွက် ချေပဂိုး ရယူပေးခဲ့ပါတယ်။

၅၄မိနစ်မှာ တာရီမီ ၂ဝါ၁နီနဲ့ ထုတ်ခံခဲ့ရတာကြောင့် ပေါ်တိုတို့ ၁၀ယောက်တည်းနဲ့ ကစားခဲ့ရပြီး ၆၃မိနစ်မှာ ချီဆာက ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ၂ကျော့စလုံး ၂-၁ဂိုးတွေချည်းဖြစ်နေလို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာတော့ ပေါ်တိုအသင်း နောက်တစ်ဆင့် တက်စေမယ့် အဝေးဂိုးအဖြစ် အိုလီဗီယာရာက ဖရီးကစ်ကနေ သွင်းယူသွားခဲ့ပြီး ရာဘီယော့က ဂျူဗီအတွက် ပြန်သွင်းခဲ့ပေမဲ့ အဝေးဂိုးသာတဲ့ ပေါ်တိုက နောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းကတော့ ဆီဗီလာနဲ့ ၂ဂိုးစီ သရေကျခဲ့ပေမဲ့ ၂ကျော့ပေါင်းရလ် ၅-၄ဂိုးနဲ့ နောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။ ဆီဗီလာအတွက် ဂိုးတွေကို ဟာလန်းတစ်ဦးတည်းက သွင်းခဲ့တာ ဖြစ်သလို ဆီဗီလာအတွက် ဂိုးတွေကိုလည်း အယ်နီစရီက သွင်းယူခဲ့တာပါ။