Spots news

လီယွန်နယ်မက်ဆီနှင့်ဆွေးနွေးမှုပြုလုပ်ရန် ဘာစီလိုနာဥက္ကဌသစ်လာပေါ်တာစီစဉ်နေ

လီယွန်နယ်မက်ဆီနှင့်ဆွေးနွေးမှုပြုလုပ်ရန် ဘာစီလိုနာဥက္ကဌသစ်လာပေါ်တာစီစဉ်နေ

ဘာစီလိုနာဟာစူပါစတားလီယွန်နယ်မက်ဆီနှင့်အရေးပါတဲ့ဆွေးနွေးမှုများပြုလုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့အပတ်တုန်းကဂျိုဟန်လာပေါ်တာဟာဘာစီလိုနာဥက္ကဌသစ်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။လာပေါ်တာအတွက်ဘာစီလိုနာဥက္ကဌအဖြစ်အဓိကလုပ်ဆောင်ရမယ့်တာဝန်မှာမက်ဆီကိုအသင်းတွင်ဆက်ထိန်း ထားနိုင်ရေးဖြစ်ပါတယ်။

ဒါပေမယ့်ဘာစီလိုနာဥက္ကဌသစ်အဖြစ်တင်မြှောက်ပြီးနောက်မှာလာပေါ်တာကမက်ဆီကိုအသင်းတွင်ဆက်ထိန်း ထားနိုင်ရေးအတွက်ရာနှုန်းပြည့်အာမခံနိုင်ခြင်းမရှိကြောင်းဆိုထားပါတယ်။
ဘာစီလိုနာဟာလက်ရှိအချိန်မှာဘဏ္ဍာရေးပြဿနာများနှင့်ရင်ဆိုင်နေရပြီးကြွေးမြီပေါင်၁ဘီလီယံကျော်အထိရှိနေပါတယ်။

မက်ဆီဟာယခုရာသီအကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးတစ်လတာကာလအတွင်းတွင်လာပေါ်တာနှင့်တွေ့ဆုံကာအနာဂတ်နှင့်ပတ်သက်၍ဆွေးနွေးမှုပြုလုပ်သွားပါမယ်။

မက်ဆီဟာစာချုပ်သစ်မချုပ်ဆိုမီလာပေါ်တာရဲ့အနာဂတ်စီမံကိန်းများကိုသိရအောင်ဦးစွာလုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဘာစီလိုနာမှာလက်ရှိအချိန်တွင်ဘဏ္ဍာရေးပြဿနာရှိရာလာပေါ်တာအနေဖြင့်လာမယ့်နွေရာသီတွင် ကစားသမားသစ်ခေါ်ယူနိုင်ရေးအာမခံချက်အတိအကျပေးနိုင်ဖွယ်မရှိပါဘူး။

လက်ရှိအချိန်မှာလီယွန်နယ်မက်ဆီကိုပီအက်စ်ဂျီနှင့်မန်စီးတီးတို့ကခေါ်ယူရန်စိတ်ဝင်စားလျက်ရှိကြပါတယ်။

Zawgyi

လီယြန္နယ္မက္ဆီႏွင့္ေဆြးေႏြးမႈျပဳလုပ္ရန္ ဘာစီလိုနာဥကၠဌသစ္လာေပၚတာစီစဥ္ေန

ဘာစီလိုနာဟာစူပါစတားလီယြန္နယ္မက္ဆီႏွင့္အေရးပါတဲ့ေဆြးေႏြးမႈမ်ားျပဳလုပ္ရန္စီစဥ္ေနေၾကာင္းသိရပါတယ္။ၿပီးခဲ့တဲ့အပတ္တုန္းကဂ်ိဳဟန္လာေပၚတာဟာဘာစီလိုနာဥကၠဌသစ္အျဖစ္ေ႐ြးခ်ယ္တင္ျမႇောက္ျခင္းခံခဲ့ရပါတယ္။လာေပၚတာအတြက္ဘာစီလိုနာဥကၠဌအျဖစ္အဓိကလုပ္ေဆာင္ရမယ့္တာဝန္မွာမက္ဆီကိုအသင္းတြင္ဆက္ထိန္း ထားနိုင္ေရးျဖစ္ပါတယ္။

ဒါေပမယ့္ဘာစီလိုနာဥကၠဌသစ္အျဖစ္တင္ျမႇောက္ၿပီးေနာက္မွာလာေပၚတာကမက္ဆီကိုအသင္းတြင္ဆက္ထိန္း ထားနိုင္ေရးအတြက္ရာႏႈန္းျပည့္အာမခံနိုင္ျခင္းမရွိေၾကာင္းဆိုထားပါတယ္။
ဘာစီလိုနာဟာလက္ရွိအခ်ိန္မွာဘ႑ာေရးျပႆနာမ်ားႏွင့္ရင္ဆိုင္ေနရၿပီးေႂကြးၿမီေပါင္၁ဘီလီယံေက်ာ္အထိရွိေနပါတယ္။

မက္ဆီဟာယခုရာသီအကုန္မွာစာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးတစ္လတာကာလအတြင္းတြင္လာေပၚတာႏွင့္ေတြ႕ဆုံကာအနာဂတ္ႏွင့္ပတ္သက္၍ေဆြးေႏြးမႈျပဳလုပ္သြားပါမယ္။

မက္ဆီဟာစာခ်ဳပ္သစ္မခ်ဳပ္ဆိုမီလာေပၚတာရဲ႕အနာဂတ္စီမံကိန္းမ်ားကိုသိရေအာင္ဦးစြာလုပ္ေဆာင္သြားမွာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ဘာစီလိုနာမွာလက္ရွိအခ်ိန္တြင္ဘ႑ာေရးျပႆနာရွိရာလာေပၚတာအေနျဖင့္လာမယ့္ေႏြရာသီတြင္ ကစားသမားသစ္ေခၚယူနိုင္ေရးအာမခံခ်က္အတိအက်ေပးနိုင္ဖြယ္မရွိပါဘူး။

လက္ရွိအခ်ိန္မွာလီယြန္နယ္မက္ဆီကိုပီအက္စ္ဂ်ီႏွင့္မန္စီးတီးတို႔ကေခၚယူရန္စိတ္ဝင္စားလ်က္ရွိၾကပါတယ္။