ရာသီအကုန်တွင် ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးလိုက်ရင် ဂျူဗင်တပ် တိုက်တွန်းခံရ
ဂျူဗင်တပ်အနေဖြင့်ခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူမှုမှာတန်ဖိုးကြီးတဲ့အမှားတစ်ခုဖြစ်ပြီးလာမယ့်နွေရာသီတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ပေးလိုက်သင့်ကြောင်းတိုက်တွန်းပြောကြားခြင်းခံရပါတယ်။
ဂျူဗင်တပ်ဥက္ကဌဟောင်းဂျီယိုဗန်နီဂီဂလီဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်တွင်ပေါ်တိုကိုရှုံးနိမ့်ကာထွက်ခွာရပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုကိုပစ်မှတ်ထားတိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။
၎င်းက “သူစရောက်ကတည်းကသူ့ကကြီးကျယ်တဲ့ချန်ပီယံတစ်ဦးဖြစ်တယ်။ဒါပေမယ့်ဈေးကြီးလွန်းတယ်လို့ကျွန် တော်ပြောခဲ့ဖူးပါတယ်။အခုဂျူဗင်တပ်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာဘဲမူတည်ပါတော့တယ်။သူတို့ဟာသူ့ကိုတစ်ဂိုးကိုယူရို၁သန်းနှုန်းပေးနေရပါတယ်။အက်ဂနယ်လီအနေနဲ့ပြန်လည်သုံးသပ်သင့်တယ်။ပြီးတော့သူကအခြားသူတွေနဲ့ လည်းပူးပေါင်းလုပ်ဆောင်နိုင်မှုမရှိဘူး။ရာသီအကုန်မှာကလပ်အနေနဲ့သူ့ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာ ခွင့်ပေးသင့်ပါတယ်”လို့ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၈ခုနှစ်နွေရာသီမှာဂျူဗင်တပ်သို့ပေါင်၈၈သန်းဖြင့်ရောက်လာခဲ့သူဖြစ်ပြီးစကူဒက်တိုဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီထားသူဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့လက်ရှိစာချုပ်မှာ၂၀၂၂ခုနှစ်မှာမှကုန်ဆုံးမယ်ဆိုပေမယ့်ဂျူဗင်တပ်ဟာဘဏ္ဍာရေးအခက် အခဲတွေ့မှုနဲ့အတူသူ့ကိုနွေရာသီမှာလက်လွှတ်သွားနိုင်ပါတယ်။
Zawgyi