Spots news

လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာ နိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်က ထွက်ခွါသွားရတာကို ရော်နယ်ဒင်ဟို ပြောပီး

လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာ
နိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်က ထွက်ခွါသွားရတာကို ရော်နယ်ဒင်ဟို ပြောပီး

“ ဟုတ်ပါတယ်။ လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်က ထွက်ခွါသွားရပါပြီ။

 

ဒါပေမယ့် ဘာပေနဲ့ဟာလန်းကို သူတို့နေရာ အစားထိုးဖို့ဆိုတာ အရမ်းကို စောလွန်း နေပါသေးတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုဟာ လက်ရှိသူတို့ရဲ့သက်ဆိုင်ရာလိဂ်တွေမှာ ထိပ်ဆုံးဂိုးသွင်းရှင်တွေ အဖြစ်ရှိနေကြပြီး သူတို့နှစ်ယောက် ကြားမှာ ဘောလွန်းဒီအောဆု (၁၁)ကြိမ်၊ ချန်ပီယံလိဂ် (၉)ကြိမ်နဲ့ လိဂ်ဖလား (၂၀)နီးပါး ရရှိထားတာပါ။ သူတို့နှစ်ဦးဟာ ယခုချိန်ထိ အကောင်းဆုံး ကစားအနေနဲ့ ရှိနေဆဲပါ။ မာနေး၊လီဝင်ဒေါစကီးနဲ့ ဒီဘရိုင်းတို့ဟာလည်း ဘာပေနဲ့ဟာလန်းထက်ကောင်းမွန်တဲ့ ကစားသမားတွေပါ။

ဘူကာယိုဆာကာ၊မေဆင်မောင့်နဲ့ ဘရူနိုဖာနန်ဒက်ဇ်တို့ဟာလည်း ထွန်းတောက်စကစားသမားကောင်းတွေပါ။ ရော်နယ်ဒိုနဲ့မက်ဆီရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို မေ့ဖျောက်လိုက်ဖို့ဆိုတာ လုံးဝမလေးစားရာကျပါတယ်။အကယ်၍ ဂိုးသွင်းများတဲ့ ကစားသမားတွေအကြောင်း ပြောနေတာဆိုရင်  လူကာကူနဲ့ ဆွာရက်ဇ်ကိုလည်း မေ့ပစ်ထားလို့မရပါဘူး။ “

Zawgyi

လီယြန္နယ္မက္ဆီနဲ႕ ခရစ္စတီယာ
နိုေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္က ထြက္ခြါသြားရတာကို ေရာ္နယ္ဒင္ဟို ေျပာပီး

“ ဟုတ္ပါတယ္။ လီယြန္နယ္မက္ဆီနဲ႕ ခရစ္စတီယာ နိုေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္က ထြက္ခြါသြားရပါၿပီ.။ဒါေပမယ့္ ဘာေပနဲ႕ဟာလန္းကို သူတို႔ေနရာ အစားထိုးဖို႔ဆိုတာ အရမ္းကို ေစာလြန္း ေနပါေသးတယ္။ မက္ဆီနဲ႕ ေရာ္နယ္ဒိုဟာ လက္ရွိသူတို႔ရဲ႕သက္ဆိုင္ရာလိဂ္ေတြမွာ ထိပ္ဆုံးဂိုးသြင္းရွင္ေတြ အျဖစ္ရွိေနၾကၿပီး သူတို႔ႏွစ္ေယာက္ ၾကားမွာ ေဘာလြန္းဒီေအာဆု (၁၁)ႀကိမ္၊ ခ်န္ပီယံလိဂ္ (၉)ႀကိမ္နဲ႕ လိဂ္ဖလား (၂၀)နီးပါး ရရွိထားတာပါ။ သူတို႔ႏွစ္ဦးဟာ ယခုခ်ိန္ထိ အေကာင္းဆုံး ကစားအေနနဲ႕ ရွိေနဆဲပါ။ မာေနး၊လီဝင္ေဒါစကီးနဲ႕ ဒီဘရိုင္းတို႔ဟာလည္း ဘာေပနဲ႕ဟာလန္းထက္ေကာင္းမြန္တဲ့ ကစားသမားေတြပါ။ ဘူကာယိုဆာကာ၊ ေမဆင္ေမာင့္နဲ႕ ဘ႐ူနိုဖာနန္ဒက္ဇ္တို႔ဟာလည္း ထြန္းေတာက္စကစားသမားေကာင္းေတြပါ။ ေရာ္နယ္ဒိုနဲ႕မက္ဆီရဲ႕ ႀကီးက်ယ္ခမ္းနားတဲ့ ေအာင္ျမင္မႈေတြကို ေမ့ေဖ်ာက္လိုက္ဖို႔ဆိုတာ လုံးဝမေလးစားရာက်ပါတယ္။ အကယ္၍ ဂိုးသြင္းမ်ားတဲ့ ကစားသမားေတြအေၾကာင္း ေျပာေနတာဆိုရင္
လူကာကူနဲ႕ ဆြာရက္ဇ္ကိုလည္း ေမ့ပစ္ထားလို႔မရပါဘူး။ “