Spots news

အသင်းဟောင်း ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွေ့ဖွယ်ရှိနေတဲ့ ရော်နယ်ဒို

Unicode Version

ဂျူဗင်တပ်စ် အသင်းမှာ ရုန်းကန်နေရတဲ့ ပေါ်တူဂီ နာမည်ကျော် ကစားသမား စီရော်နယ်လ်ဒိုဟာ အသင်းဟောင်း ရီးယဲလ် မက်ဒရစ် အသင်းကို ပြန်လည် ပြောင်းရွှေ့ဖို့ ဆန္ဒရှိ နေတယ်ဆိုပြီး စပိန် မီဒီယာတွေက ဖော်ပြ နေကြပါတယ်။

အသက်(၃၆) နှစ် အရွယ်ရှိပြီ ဖြစ်သူ စီရော်နယ်လ်ဒိုဟာ ၂၀၁၈ ခုနှစ်တုန်းက ရီးယဲလ် အသင်းကနေ ဂျူဗင်တပ်စ် အသင်းကို ပေါင်(၈၈)သန်း နဲ့ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်မယ်လို့ ဂျူဗီပရိသတ် တွေက မျှော်လင့်ခဲ့ ကြတာပါ။

ဒါပေမဲ့ ဂျူဗင်တပ်စ် အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်း အဆင့်မှာ ပေါ်တိုကို အဝေးဂိုး စည်းမျဉ်းကြောင့် အရေးနိမ့် ခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ် ကစားသမားဘ၀ ပထမဆုံးရာသီမှာ ကွာတားဖိုင်နယ်၊ ပြီးခဲ့တဲ့ရာသီနဲ့ အခုရာသီတွေမှာ ရှုံးထွက်(၁၆)သင်းအဆင့်ကနေ ဆက်တိုက် ထွက်ခွာခဲ့ ရတာဖြစ်ပါတယ်။

အဲဒီအတွက် စီရော်နယ်လ်ဒိုရဲ့ခြေစွမ်း အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပြီး စီရော်နယ်လ်ဒိုကိုယ်တိုင် ကလည်း အသင်းဟောင်း ရီးယဲလ်ဆီ ပြန်ဖို့ ဆန္ဒရှိ နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါပြီ။

စီရော်နယ်လ်ဒိုနဲ့ ဂျူဗင်တပ်စ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းက (၁)နှစ်သာ ကျန်ရှိတော့ သလို (၁)နှစ်ကို ပေါင်(၂၈)သန်း အထိ ရရှိနေတာကြောင့် အသင်းရဲ့လစာငွေ အများဆုံးကစားသမား အဖြစ် ရပ်တည် နေသူလည်း ဖြစ်ပါတယ်။

ရီးယဲလ် အသင်းကလည်း အသင်းအတွက် အောင်မြင်မှုတွေ အများကြီး ရယူခဲ့တဲ့ စီရော်နယ်လ်ဒိုကို ပြန်လည် ခေါ်ယူဖို့ ပြီးခဲ့တဲ့လတွေကတည်းက ချိတ်ဆက်မှုတွေ လုပ်ခဲ့တယ်လို့ စပိန်မီဒီယာ တွေက ဖော်ပြခဲ့ ကြပါတယ်။

ရီးယဲလ် ကစားသမားဘ၀ (၉)နှစ်တာကာလအတွင်း စီရော်နယ်လ်ဒိုဟာ (၄၃၈)ပွဲကစား၊ (၄၅၀)ဂိုး သွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၄)ကြိမ်၊ လာလီဂါ (၂)ကြိမ် အပါအဝင် အဓိကဆုဖလားတွေ အများကြီး ရယူခဲ့တဲ့ အပြင် အခုနည်းပြ ဇီဒန်းနဲ့ လက်တွဲ ညီခဲ့သူလည်း ဖြစ်ပါတယ်။