ဟာလန်းဗန်းပြ ငွေထုပ်ပိုက်ဖို့ ကြံနေတဲ့ ရွိုင်အိုလာ
ဥရောပရဲ့ အလားအလာအရှိဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဟာလန်းကို ခေါ်ယူဖို့အတွက် မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဒေါ့မွန်အသင်းနဲ့ စတင်ဆွေးနွေးတော့မှာဖြစ်ကြောင်း ကြားသိရပါတယ်။ ယူနိုက်တက်၊ ရီးရဲလ်မက်ထရစ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ စိတ်ဝင်စားမှုကိုရရှိနေတဲ့ ဟာလန်းဟာဒေါ့မွန်အသင်းအတွက် ဒီရာသီဘွန်ဒက်စ်လီဂါမှာ တစ်ပွဲတစ်ဂိုးနှုန်းနီးပါး ဂိုးသွင်းယူပေးထားပြီး ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။
ဒေါ့မွန်အသင်းနဲ့ ဟာလန်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်မှကုန်ဆုံး မှာ ဖြစ်ပေမယ့် စာချုပ်ပါလျော်ကြေးက ပေါင် ၆၅ သန်းပဲ ရှိတယ်လို့လည်း အချို့သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ မန်စီးတီးအနေနဲ့ ဝါရင့်တိုက်စစ်မှူးအဂူရို အသင်းကနေ ထွက်ခွာဖို့နီးစပ်နေတာကြောင့် မဖြစ်မနေတိုက်စစ်မှူးတစ်ဦး ခေါ်ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် ဟာလန်းအတွက် မန်စီးတီးဘက်က ငွေပုံအောအသုံးပြုဖွယ်ရှိနေပါတယ်။
အစောပိုင်းသတင်းတွေအရဆိုရင်တော့ ဒေါ့မွန်အသင်းအနေနဲ့ ဟာလန်းကို ပေါင်သန်း ၁၅၀ ရရင်ရောင်းချဖို့ ရှိနေခဲ့တာပါ။ လက်ရှိအနေအထားအရ မန်စီးတီးက ဟာလန်းရဲ့အေးဂျင့်ရွိုင်အိုလာကို ဆက်သွယ်မှုတွေပြုလုပ်ထားပြီး၊ ဂွာဒီယိုလာကိုယ်တိုင်ညှိနှိုင်းမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။
ĵ
ငွေရှာ၊ ပြဿနာရှာရာမှာ နာမည်ကျော်တဲ့ ပွဲစားကြီး ရွိုင်အိုလာအတွက်တော့ ဂွင်ကောင်းကောင်းတွေ့နေပါပြီ။ အသက် ငယ်ငယ်နဲ့ မှတ်တမ်းကောင်းတွေ ယူထားတဲ့ ဂိုးသွင်းစက်လေး ဟာလန်းကတော့ ဒီရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၃၁ ပွဲမှာ ၂၉ ဂိုးအထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။
Zawgyi
ဟာလန္းဗန္းျပ ေငြထုပ္ပိုက္ဖို႔ ႀကံေနတဲ့ ႐ြိုင္အိုလာ
ဥေရာပရဲ႕ အလားအလာအရွိဆုံးကစားသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ ဟာလန္းကို ေခၚယူဖို႔အတြက္ မန္စီးတီးနဲ႕ ခ်ဲလ္ဆီးအသင္းတို႔ဟာ ေဒါ့မြန္အသင္းနဲ႕ စတင္ေဆြးေႏြးေတာ့မွာျဖစ္ေၾကာင္း ၾကားသိရပါတယ္။ ယူနိုက္တက္၊ ရီးရဲလ္မက္ထရစ္နဲ႕ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ စိတ္ဝင္စားမႈကိုရရွိေနတဲ့ ဟာလန္းဟာေဒါ့မြန္အသင္းအတြက္ ဒီရာသီဘြန္ဒက္စ္လီဂါမွာ တစ္ပြဲတစ္ဂိုးႏႈန္းနီးပါး ဂိုးသြင္းယူေပးထားၿပီး ေျခစြမ္းျပကစားေနသူျဖစ္ပါတယ္။
ေဒါ့မြန္အသင္းနဲ႕ ဟာလန္းတို႔ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၂ ခုႏွစ္မွကုန္ဆုံး မွာ ျဖစ္ေပမယ့္ စာခ်ဳပ္ပါေလ်ာ္ေၾကးက ေပါင္ ၆၅ သန္းပဲ ရွိတယ္လို႔လည္း အခ်ိဳ႕သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ မန္စီးတီးအေနနဲ႕ ဝါရင့္တိုက္စစ္မႉးအဂူရို အသင္းကေန ထြက္ခြာဖို႔နီးစပ္ေနတာေၾကာင့္ မျဖစ္မေနတိုက္စစ္မႉးတစ္ဦး ေခၚယူရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဟာလန္းအတြက္ မန္စီးတီးဘက္က ေငြပုံေအာအသုံးျပဳဖြယ္ရွိေနပါတယ္။
အေစာပိုင္းသတင္းေတြအရဆိုရင္ေတာ့ ေဒါ့မြန္အသင္းအေနနဲ႕ ဟာလန္းကို ေပါင္သန္း ၁၅၀ ရရင္ေရာင္းခ်ဖိဳ႕ ရွိေနခဲ့တာပါ။ လက္ရွိအေနအထားအရ မန္စီးတီးက ဟာလန္းရဲ႕ေအးဂ်င့္႐ြိုင္အိုလာကို ဆက္သြယ္မႈေတြျပဳလုပ္ထားၿပီး၊ ဂြာဒီယိုလာကိုယ္တိုင္ညွိႏွိုင္းမယ္လို႔လည္း သတင္းေတြထြက္ေနပါတယ္။
ေငြရွာ၊ ျပႆနာရွာရာမွာ နာမည္ေက်ာ္တဲ့ ပြဲစားႀကီး ႐ြိုင္အိုလာအတြက္ေတာ့ ဂြင္ေကာင္းေကာင္းေတြ႕ေနပါၿပီ။ အသက္ ငယ္ငယ္နဲ႕ မွတ္တမ္းေကာင္းေတြ ယူထားတဲ့ ဂိုးသြင္းစက္ေလး ဟာလန္းကေတာ့ ဒီရာသီမွာ ေဒါ့မြန္အတြက္ ၿပိဳင္ပြဲစုံ ၃၁ ပြဲမွာ ၂၉ ဂိုးအထိ သြင္းယူေပးထားတာ ျဖစ္ပါတယ္။